အမျိုးသားတစ်ယောက်တည်းနဲ့ရတဲ့ အမြွှာပူးကလေးတွေကို ကိုယ်စီလွယ်ထားခဲ့သော်လည်း….

အမျိုးသားတစ်ယောက်တည်းနဲ့ရတဲ့ အမြွှာပူးကလေးတွေကို ကိုယ်စီလွယ်ထားခဲ့ပြီး ….

ညီအစ်မနှစ်ဦးတို့ဟာ မကြာသေးမီက အမျိုးသားတစ်ယောက်တည်းနဲ့ရတဲ့ အမြွှာပူးနှစ်စုံကို ကိုယ်ဝန်လွယ်ထားခဲ့တဲ့အတွက် လူသိများသွားခဲ့သလို ပိုထူးခြားတာက ၎င်းတို့ဟာ တစ်ရက်တည်း အတူတူကလေးမွေးခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီကိစ္စဟာ သင်ထင်ထားသလိုမဆိုးသလို ရှက်စရာလည်းမဟုတ်ပါဘူး။ ၎င်းတို့နှစ်ယောက်ဟာ ခင်ပွန်းတစ်ယောက်တည်းကိုဘဲ ချစ်ကြခြင်းမဟုတ်ဘဲ အဲ့အစား ညီအစ်မထဲကတစ်ယောက်က နှစ်အတော်ကြာ ကလေးမရနိုင်တဲ့ သူ့မွေးချင်းနဲ့ခင်ပွန်းတို့ကို ကူညီခဲ့ခြင်းဘဲဖြစ်ပါတယ်။

Chris နဲ့ Anne တို့ဟာ အမေရိကန်ပြည်ထောင်စု Ohio ပြည်နယ်မှာ နေထိုင်ကြတဲ့ ညီအစ်မတွေဘဲဖြစ်ပါတယ်။ Anne နှင့် သူမ၏ခင်ပွန်းတို့ဟာ ကလေးယူဖို့ကြိုးစားခဲ့ပေမဲ့လည်း 5 နှစ်ကြာတဲ့အထိမအောင်မြင်ခဲ့ပါဘူး။

Anne ဟာ သူမကြုံတွေ့ရတဲ့ကျရှုံးမှုတိုင်းအတွက် အမြဲစိတ်ဓာတ်ကျနေခဲ့ပါတယ်။ ထို့ကြောင့် သူ့ညီမက ဘယ်လောက်တောင်ကလေးလိုချင်နေလဲဆိုတာကိုကောင်းကောင်းသိနေခဲ့တဲ့ Chris က ၎င်းတို့ဇနီးမောင်နှံအတွက် ကလေးမွေးပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ Chris အတွက် ဗီတိုသုံး မျိုးအောင်ခြင်းကအောင်မြင်မည်ဟု အာမခံချက်မရှိတာကြောင့် Anne ကိုယ်တိုင်ကလည်း ၎င်းကိုစမ်းကြည့်ရန်ဆုံးဖြတ်ခဲ့ပါတယ်။

ညီအစ်မနှစ်ယောက်စလုံးမှာ သန္ဓေသားလောင်းထည့်ထားတဲ့အတွက် Anne က သူမတို့ အမှန်တကယ်ကလေးမွေးဖို့အခွင့်အလမ်းပိုများမယ်လို့ ယုံကြည်နေခဲ့ပါတယ်။ မကြာခင်မှာပဲ Chris ဟာ အပြုသဘောဆောင်တဲ့စမ်းသပ်တွေ့ရှိခဲ့ပြီး သူမဟာ အမြွှာပူးလေးလွယ်ထားတာကို တွေ့ရှိခဲ့ပါတယ်။

ဒါပေမယ့် အံ့သြစရာကောင်းတာက Anne လည်း ကိုယ်ဝန်ရှိလာခဲ့ပြီး သူမလည်း အမြွှာလေးတွေကို လွယ်ထားခဲ့ပါတယ်။ သို့ပေမဲ့ ဇနီးမောင်နှံအတွက် အငှားကိုယ်ဝန်ဖြစ်ရန် Chris ရဲ့ကမ်းလှမ်းချက်ကြောင့် ၎င်းတို့စုံတွဲဟာ တစ်ကြိမ်တည်းနဲ့ ကလေးလေးယောက်ကိုရရှိသွားခဲ့ပါတော့တယ်။Anne သယ်ဆောင်လာတဲ့ အမြွှာမိန်းကလေးနှစ်ဦးနှင့် Chris သယ်ဆောင်လာတဲ့အမြွှာယောက်ျားလေးနှစ်ဦးတို့ဖြစ်တာကြောင့်နည်းပညာအရ၊ Anne တို့ဇနီးမောင်နှံဟာ လေးမြွှာပူးကိုရရှိခဲ့ပါတယ်။

ဒါ့ကြောင့် ကလေးတွေဟာ မတူကွဲပြားတဲ့အမျိုးသမီးနှစ်ယောက်ကနေ မွေးဖွားလာခဲ့ပေမယ့် သိပ္ပံနည်းကျတူညီတဲ့ အဖေနဲ့အမေကနေသာမွေးဖွားလာခဲ့တာကြောင့် သူတို့လေးမြွှာပူးရဲ့မွေးနေ့တွေကို မရောထွေးစေဘဲ မိခင်နှစ်ဦးက တူညီတဲ့နေ့စွဲနဲ့မွေးဖွားရန် ဆုံးဖြတ်ခဲ့ကြပါတယ်။

Zawgyi

ညီအစ္မႏွစ္ဦးတို႔ဟာ မၾကာေသးမီက အမ်ိဳးသားတစ္ေယာက္တည္းနဲ႔ရတဲ့ အႁမႊာပူးႏွစ္စုံကို ကိုယ္ဝန္လြယ္ထားခဲ့တဲ့အတြက္ လူသိမ်ားသြားခဲ့သလို ပိုထူးျခားတာက ၎တို႔ဟာ တစ္ရက္တည္း အတူတူကေလးေမြးခဲ့ၾကပါတယ္။ ဒါေပမဲ့ ဒီကိစၥဟာ သင္ထင္ထားသလိုမဆိုးသလို ရွက္စရာလည္းမဟုတ္ပါဘူး။ ၎တို႔ႏွစ္ေယာက္ဟာ ခင္ပြန္းတစ္ေယာက္တည္းကိုဘဲ ခ်စ္ၾကျခင္းမဟုတ္ဘဲ အဲ့အစား ညီအစ္မထဲကတစ္ေယာက္က ႏွစ္အေတာ္ၾကာ ကေလးမရႏိုင္တဲ့ သူ႔ေမြးခ်င္းနဲ႔ခင္ပြန္းတို႔ကို ကူညီခဲ့ျခင္းဘဲျဖစ္ပါတယ္။

 

Chris နဲ႔ Anne တို႔ဟာ အေမရိကန္ျပည္ေထာင္စု Ohio ျပည္နယ္မွာ ေနထိုင္ၾကတဲ့ ညီအစ္မေတြဘဲျဖစ္ပါတယ္။ Anne ႏွင့္ သူမ၏ခင္ပြန္းတို႔ဟာ ကေလးယူဖို႔ႀကိဳးစားခဲ့ေပမဲ့လည္း 5 ႏွစ္ၾကာတဲ့အထိမေအာင္ျမင္ခဲ့ပါဘူး။

Anne ဟာ သူမႀကဳံေတြ႕ရတဲ့က်ရႈံးမႈတိုင္းအတြက္ အၿမဲစိတ္ဓာတ္က်ေနခဲ့ပါတယ္။ ထို႔ေၾကာင့္ သူ႔ညီမက ဘယ္ေလာက္ေတာင္ကေလးလိုခ်င္ေနလဲဆိုတာကိုေကာင္းေကာင္းသိေနခဲ့တဲ့ Chris က ၎တို႔ဇနီးေမာင္ႏွံအတြက္ ကေလးေမြးေပးဖို႔ ကမ္းလွမ္းခဲ့ပါတယ္။ Chris အတြက္ ဗီတိုသုံး မ်ိဳးေအာင္ျခင္းကေအာင္ျမင္မည္ဟု အာမခံခ်က္မရွိတာေၾကာင့္ Anne ကိုယ္တိုင္ကလည္း ၎ကိုစမ္းၾကည့္ရန္ဆုံးျဖတ္ခဲ့ပါတယ္။

ညီအစ္မႏွစ္ေယာက္စလုံးမွာ သေႏၶသားေလာင္းထည့္ထားတဲ့အတြက္ Anne က သူမတို႔ အမွန္တကယ္ကေလးေမြးဖို႔အခြင့္အလမ္းပိုမ်ားမယ္လို႔ ယုံၾကည္ေနခဲ့ပါတယ္။ မၾကာခင္မွာပဲ Chris ဟာ အျပဳသေဘာေဆာင္တဲ့စမ္းသပ္ေတြ႕ရွိခဲ့ၿပီး သူမဟာ အႁမႊာပူးေလးလြယ္ထားတာကို ေတြ႕ရွိခဲ့ပါတယ္။

ဒါေပမယ့္ အံ့ၾသစရာေကာင္းတာက Anne လည္း ကိုယ္ဝန္ရွိလာခဲ့ၿပီး သူမလည္း အႁမႊာေလးေတြကို လြယ္ထားခဲ့ပါတယ္။ သို႔ေပမဲ့ ဇနီးေမာင္ႏွံအတြက္ အငွားကိုယ္ဝန္ျဖစ္ရန္ Chris ရဲ႕ကမ္းလွမ္းခ်က္ေၾကာင့္ ၎တို႔စုံတြဲဟာ တစ္ႀကိမ္တည္းနဲ႔ ကေလးေလးေယာက္ကိုရရွိသြားခဲ့ပါေတာ့တယ္။

Anne သယ္ေဆာင္လာတဲ့ အႁမႊာမိန္းကေလးႏွစ္ဦးႏွင့္ Chris သယ္ေဆာင္လာတဲ့အႁမႊာေယာက္်ားေလးႏွစ္ဦးတို႔ျဖစ္တာေၾကာင့္နည္းပညာအရ၊ Anne တို႔ဇနီးေမာင္ႏွံဟာ ေလးႁမႊာပူးကိုရရွိခဲ့ပါတယ္။

ဒါ့ေၾကာင့္ ကေလးေတြဟာ မတူကြဲျပားတဲ့အမ်ိဳးသမီးႏွစ္ေယာက္ကေန ေမြးဖြားလာခဲ့ေပမယ့္ သိပၸံနည္းက်တူညီတဲ့ အေဖနဲ႔အေမကေနသာေမြးဖြားလာခဲ့တာေၾကာင့္ သူတို႔ေလးႁမႊာပူးရဲ႕ေမြးေန႔ေတြကို မေရာေထြးေစဘဲ မိခင္ႏွစ္ဦးက တူညီတဲ့ေန႔စြဲနဲ႔ေမြးဖြားရန္ ဆုံးျဖတ္ခဲ့ၾကပါတယ္။

Leave a Comment