တရုတ်နိုင်ငံမှာနေထိုင်တဲ့ Zhang အမည်ရှိတဲ့အမျိုးသမီးဟာ အိမ်ထောင်ကျကံကောင်းသူလို့ ပြောရမှာပါပဲ ။ အကြောင်းကတော့ ည 1 နာရီအချိန်မှာ သူမရဲ့ကလေးဟာ မအိပ်ဘဲ ဂျီကျနေလို့ သူမက ကလေးကိုချော့သိပ်နေခဲ့ရတာပါ ။ ဒါကို ဘေးမှာအိပ်နေတဲ့ ခင်ပွန်းဖြစ်သူက မြင်တွေ့သွားပြီး သူမအေးမှာကြောက်လို့ ဆောင်ခြုံပေးလိုက်တဲ့အပြင် ‘ အရမ်းအေးနေတာကို ဆောင်ခြုံရမှန်း မသိဘူးလား ‘ ဆိုပြီး ဆူလိုက်ပါတယ် ။ Zhang ကတော့ ခင်ပွန်းဖြစ်သူကို ပြန်အိပ်ဖို့ပြောနေခဲ့ပေမဲ့ ခင်ပွန်းဖြစ်သူက သူမ ခါးညောင်းမှာဆိုးလို့ သူမရဲ့အနောက်မှာကပ်ထိုင်ပြီး အမှီပြုပေးခဲ့ပါသေးတယ် ။
Zhang ရဲ့ ခင်ပွန်းဖြစ်သူဟာ ဆောက်လုပ်ရေးကန်ထရိုက်သမားတစ်ယောက်ဖြစ်ပြီး တစ်ခါတစ်လေ ခရီးဝေးထွက်ဖို့ ရှိပေးမဲ့ မသွားဘဲ ကလေးမွေးခါစအချိန်သာရှိသေးတဲ့ သူမကို ပြုစုပေးနေခဲ့တာပါ ။ နောက်ပိုင်း ကလေးက ဂျီကျပြီး မအိပ်လို့ သူမဟာ ခင်ပွန်း အအိပ်ပျက်ပြီး မပင်ပန်းအောင် ကလေးကို တိတ်တဆိတ်ထပြီး ချော့တတ်လေ့ရှိကြောင်း သိရပါတယ် ။ တစ်ကယ့်ကို တစ်ဦးအပေါ်တစ်ဦး အပြည့်အဝနားလည်ပေးတတ်ကြတဲ့ ဇနီးမောင်နှံကောင်းတွေလို့ ပြောရမှာပါပဲလေ ။
.
Zawgyi
တ႐ုတ္ႏိုင္ငံမွာေနထိုင္တဲ့ Zhang အမည္႐ွိတဲ့အမ်ိဳးသမီးဟာ အိမ္ေထာင္က်ကံေကာင္းသူလို႔ ေျပာရမွာပါပဲ ။ အေၾကာင္းကေတာ့ ည 1 နာရီအခ်ိန္မွာ သူမရဲ႕ကေလးဟာ မအိပ္ဘဲ ဂ်ီက်ေနလို႔ သူမက ကေလးကိုေခ်ာ့သိပ္ေနခဲ့ရတာပါ ။ ဒါကို ေဘးမွာအိပ္ေနတဲ့ ခင္ပြန္းျဖစ္သူက ျမင္ေတြ႔သြားၿပီး သူမေအးမွာေၾကာက္လို႔ ေဆာင္ျခံဳေပးလိုက္တဲ့အျပင္ ‘ အရမ္းေအးေနတာကို ေဆာင္ျခံဳရမွန္း မသိဘူးလား ‘ ဆိုၿပီး ဆူလိုက္ပါတယ္ ။ Zhang ကေတာ့ ခင္ပြန္းျဖစ္သူကို ျပန္အိပ္ဖို႔ေျပာေနခဲ့ေပမဲ့ ခင္ပြန္းျဖစ္သူက သူမ ခါးေညာင္းမွာဆိုးလို႔ သူမရဲ႕အေနာက္မွာကပ္ထိုင္ၿပီး အမွီျပဳေပးခဲ့ပါေသးတယ္ ။
Zhang ရဲ႕ ခင္ပြန္းျဖစ္သူဟာ ေဆာက္လုပ္ေရးကန္ထ႐ိုက္သမားတစ္ေယာက္ျဖစ္ၿပီး တစ္ခါတစ္ေလ ခရီးေဝးထြက္ဖို႔ ႐ွိေပးမဲ့ မသြားဘဲ ကေလးေမြးခါစအခ်ိန္သာ႐ွိေသးတဲ့ သူမကို ျပဳစုေပးေနခဲ့တာပါ ။ ေနာက္ပိုင္း ကေလးက ဂ်ီက်ၿပီး မအိပ္လို႔ သူမဟာ ခင္ပြန္း အအိပ္ပ်က္ၿပီး မပင္ပန္းေအာင္ ကေလးကို တိတ္တဆိတ္ထၿပီး ေခ်ာ့တတ္ေလ့႐ွိေၾကာင္း သိရပါတယ္ ။ တစ္ကယ့္ကို တစ္ဦးအေပၚတစ္ဦး အျပည့္အဝနားလည္ေပးတတ္ၾကတဲ့ ဇနီးေမာင္ႏွံေကာင္းေတြလို႔ ေျပာရမွာပါပဲေလ ။
Jasmine ( Everonline )