ခဲဖျက်တစ်ခုလို သင့်အသားအရေပေါ်မှာရှိတဲ့ အမဲစက် နဲ့ အစွန်းအထင်းတွေကို ပယ်ဖျက်ပေးနိုင်တဲ့ မီးဖိုချောင်သုံးပစ္စည်း အချို့

သင်မသိသေးတဲ့ မီဖိုချောင်ထဲက ပစ္စည်းအချို့က သင့်ရဲ့ အလှအပအတွက်နဲ့ ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုပါတယ်။

နေလောင်ခြင်း၊ အရေပြားရောဂါများ (နှင်းခူနဲ့ အရေပြားရောင်ရမ်းခြင်း)၊ ဝက်ခြံများထွက်ခြင်း၊ အသက်အရွယ်ကြောင့်ဖြစ်ပေါ်လေ့ရှိတဲ့နာတာရှည် ကျောက်ကပ်ရောဂါ၊ အသည်းရောဂါများ၊ ဗီတာမင်မညီမျှမှုမရှိခြင်း၊ အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါများအတွက် မီးဖိုချောင်ထဲက ပစ္စည်းအချို့က သင့်အတွက် ဆေးစွမ်းကောင်းတွေပဲဖြစ်ပါတယ်။

 

 

 

အလှအပအတွက် ဓာတုထုတ်ကုန်များထက် မီးဖိုချောင်ထဲက ပစ္စည်းအချို့ကသင့်အတွက် အရမ်းကောင်းမွန်ပါတယ်။

၁။ မီးဖိုချောင်ထဲက ဘယ်ပစ္စည်းဟာ သင့်မျက်နှာကို ကြည်လင်တောက်ပစေလဲ။သင့်မျက်နှာကို ကြည်လင်စေဖို့အတွက် အရင်ဦးဆုံး နူးညံ့မှုရှိတဲ့ ဆားနု သို့မဟုတ် သကြားနု အနည်းငယ်ကိုဆီတစ်ခုခုဖြစ် ရောစပ်ပြီး သင့်မျက်နှာကို ညင်ညင်သာသာပွတ်တိုက်ပေးပါ။

 

 

မျက်လုံးပတ်ပတ်လည်နေရာများကို ရှောင်ရှားပြီး ပွတ်တိုက်သင့်ပါတယ်။ သင့်မျက်နှာကို အဆိုပါ အရောအနှောဖြင့် ပွတ်တိုက်ပြီး အချိန်အနည်းငယ်ကြာလျှင် ရေနွေးနွေးလေးဖြင့် ဖန်ရေဆေးပေးပါ။

ဒီနည်းဟာ သင့်မျက်နှာပေါ်က အညစ်အကြေးကို သန့်စင်စေပြီး မျက်နှာကို ကြည်လင်တောက်ပစေပါတယ်။

၂။ သံပုရာသီး သံပုရာသီးဟာ ဘက်တီးရီးယားပိုးမွှားများကို သေစေနိုင်တဲ့ သီးနှံတစ်မျိုးဖြစ်ပြီး အရေပြားသန့်စင်ဖို့အတွက် များစွာအထောက်အကူပြုပေးပါတယ်။

 

 

 

ပျားရည်နှင့် သံပုရားရည်ကို ရောမွှေပြီး သင့်အရေပြားပေါ်မှာ သုတ်လိမ်းပေးပါ။ ၁၀မိနစ်လောက်ကြာတဲ့အခါမှ ရေဖြင့်သန့်စင်အောင်ဆေးကြောလိုက်ပါ။

အရေပြားမှာ ကပ်တွယ်နေတဲ့ ပိုးမွှားများကို ဖယ် ရှားစေပြီး အသားအရေကိုလည်း တစ်နေ့ထက်တစ် နေ့ပိုပြီး ကြည်လင်ဝင်းပစေပါတယ်။ ဒီနည်းဖြင့် တစ် နေ့သုံးကြိမ် သင့်မျက်နှာကိုသန့်စင်ပေးပါက အချိန် တိုအတွင်းထူးခြားကောင်းမွန်တဲ့ရလဒ်မျိုးကို ပိုင်ဆိုင် နိုင်မှာဖြစ်ပါတယ်။

 

 

 

၃။ ဆိုဒါ မုန့်ဖုတ်ဆိုဒါဟာ အသားအရေပေါ်က အစက်အပျောက်နဲ့ ညစ်ညမ်းမှုကို ဖယ်ရှားပေးပါတယ်။ အဆိုပါ မုန့်ဖုတ်ဆိုဒါကို သံပုရာရည်ဖြင့်ရောစပ်ပြီး သင့်အရေပြားပေါ်မှာ တိုက်ရိုက်လိမ်းခြယ်ပေးပါ။

အသားအရေခြောက်သွေ့ခြင်းနဲ့ အထိခိုက်မခံတဲ့ အသားအရေမျိုးရှိပါက တစ်နေ့ကို တစ်ကြိမ်နှစ်ကြိမ်လောက်ပဲ အသုံးပြုသင့်ပါတယ်။

 

 

 

ဒါမှမဟုတ် မုန့်ဖုတ်ဆိုဒါကို သံပုရာရည်မဟုတ်ဘဲ ရေတစ်စက်နှစ်စက်လောက်ရောပြီး လိမ်းခြယ်ပေးခြင်းကလည်း မျက်နှာပေါ်က အစက်အပြောက်များကို ဖယ်ရှားပေးစေနိုင်ပါတယ်။

 

 

 

၄။ ရှားစောင်းလက်ပတ် ရှားစောင်းလက်ပတ်က ကျန်မာရေးအတွက်ရော အလှပအတွက်ပါ အသုံးဝင်တဲ့ ဘက်စုံသုံးပစ္စည်းတစ်ခုဖြစ်ပြီး အပူလောင်ခြင်းကြောင့်ဖြစ်ပေါ်တဲ့ အနာများ၊ မျက်နှာပေါ်တွင်အစက်အပျောက်များဖြစ်ပေါ်ခြင်းအတွက်

ရှားစောင်းလက်ပတ်ဂျယ် သို့မဟုတ် ရှားစောင်းလက် ပတ်ရွက်ထဲကအရည်ကိုညစ်ယူပြီး တစ်နေ့ ၂ကြိမ် လိမ်းပေးရုံဖြင့် သက်သာပျောက်ကင်းစေပါတယ်။

 

 

 

၅။ ကြက်သွန်နီ ကြက်သွန်နီဟာ မျက်နှာပေါ်တွင်ဖြစ်ပေါ်တဲ့ တင်းတိပ်၊ မှဲ့ခြောက်၊ နေလောင်ကွက်ကဲ့သို့ စက်အပျောက်များ၊ အရေးကြောင်းများ၊ ဝက်ခြံများ၊ အရေးပြားတွင်ဖြစ်ပေါ်သော အနာအဆာများကို ဖယ်ရှားပစ်နိုင်ပြီး၊

ကြက်သွန်နီတွင် အရေပြားအသစ်တဖန်မွေးဖွားဖို့အတွက် ကူညီပေးသော ဆာလဖာနဲ့ ဗီတာမင် စီနှစ်မျိုးစလုံးပါဝင်ပါတယ်။

 

 

 

သင့်မျက်နှာပေါ်တွင် အလိုရှိတဲ့နရာများတွင် ကြက် သွန်နီရည်ကို သုတ်လိမ်းပေးနိုင်ပြီး ၁၀မိနစ်ကြာတဲ့အခါ ရေအေးဖြင့် ဆေးကြောပေးလိုက်ပါ။

၆။ ကြက်သွန်ဖြူ မျက်နှာပေါ်က အမဲစက်ကို ဖယ်ရှားပစ်ပြီး ရက်သတ္တပတ်အငယ်နည်းအတွင်း တောက်ပမှုကိုပေးစွမ်းနိုင်ရန်အတွက် ကြက်သွန်ဖြူက အထောက်အကူပြုပေးပါတယ်။

အလွန်ထိရောက်မှုရှိပြီး အရေပြားအတွက် မရှိမဖြစ် လိုအပ်တဲ့ အဆီများကိုပေးစွမ်းနိုင်ပါတယ်။ ကြက်သွန်ဖြူ စိတ်လေးကို အလယ်ကနေပိုင်ဖြတ်ပြီး သင့်မျက် နှာပေါ်က အမဲစက်များရှိတဲ့နေရာကို သုတ်လိမ်းပေးပါ။

 

 

 

 

၇။ ဒိန်ချဉ် ဒိန်ချဉ်ဟာ အရေပြားကို အသစ်တစ်ဖန်ဖြစ်ပေါ်စေရန်ကူညီပေးပြီး အစက်အပြောက်များကို ဖယ်ရှားပေးနိုင်တဲ့ လက်တစ်အက်ဆစ်ဓာတ်ပါဝင်ပါတယ်။ သင့်မျက်နှာပေါ်သို့ ဒိန်ချဉ်ကို သုတ်လိမ်းပေးပြီး မိနစ် ၂၀ခန့်ကြာတဲ့အခါမှ ရေနွေးဖြင့်သန့်စင်ပေးပါ။

Leave a Comment