သင့်အိမ်မှာ အရှင်သီဝလိဆင်းတုတော်ရှိလျှင် သိထားသင့်တဲ့ လောကီပညာ လျှို့ဝှက်ချက်များ


သင့်အိမ်မှာ အရှင်သီဝလိဆင်းတုတော်ရှိလျှင် သိထားသင့်တဲ့ လောကီပညာလျှို့ဝှက်ချက်များ

သင့်အိမ်ရှိ အရှင်သီဝလိဆင်းတုတော်၏ လောကီပညာလျှို့ဝှက်ချက်နှင့် အသုံးပြုနည်း(1)

ဒီတခါမှာတော့ နေအိမ်တိုင်းမှာကိုယ်စီကိုးကွယ်ဆည်းကပ်ထားတဲ့ အရှင်သီဝလိဆင်းတုနဲ့ဆက်စပ်တဲ့ လောကီပညာလျှို့ဝှက်ချက်ထဲကမှ ယတြာအစီအရင်ပိုင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

 

လောကီပညာ တြိမဏ္ဍလအတတ်ရဲ့ဟိတ်ပညာပိုင်းနဲ့ဓာတ်ပညာအပိုင်းမှာအဓိကစီရင်ထုံးကပါရှိတာဖြစ်ပါတယ်။

စီရင်နည်းမှာ …

သင့်မှာအကြတ်အတည်းနဲ့စိတ်ညစ်စရာများတဲ့အခါ…

အရှင်သီဝလိရုပ်ပွားတော်ထံမှာ စနေနေ့ ည 9 30 မှာ အလင်းတိုင်အဝါနှစ်တိုင်ပူး၊ကြက်လျှာအနီဆယ်လက်ပူဇော်ပါ။ အညံအဆိုးများစိတ်ညစ်ခြင်းများပပျော်သွားပါမယ်။

 

ဝင်ငွေစီးပွားတိုးတက်လိုတဲ့အခါ.

သောကြာနေ့ မနက်စောစော မှာအရှင်သီဝလိကိုယ်တော်ကို ရည်မှန်း၍အလင်းတိုင်အဖြူနှစ်တိုင်ပူး၊သစ်သီးဆွမ်း(နှစ်သက်ရာသစ်သီးသုံးမျိုးနှင့်အထက်)ကပ်လျှူပူဇော်ဆုတောင်းယူပါ။မကြာခင်သိသာသောအကျိုးကိူ ခံစားရပါမယ်။

 

 

မျက်နှာပွင့်လန်းပြောဆိုစကား အောင်မြင်လိုက

ဗုဒ္ဓဟူးနေ့ နံနက်စောစောမှာ အရှင်သီဝလိကိူယ်တော်ကို ရည်မှန်း၍ ရုပ်ပွားတော်တွင် မီးတိုင်အနီနှစ်တိုင်ပူး၊သစ်သီးဆွမ်း၊ထီးအနီဆယ်လက် ကပ်လျှူပူဇော်ဆုတောင်းယူပါ။ အကျိုးသွားကို မကြာခံစားရပါမယ်။

 

 

 

ဖော်ပြပါအစီအမံတွေက နေအိမ်မှာပူဇော်ထားတဲ့ မည်သည့်အရှင်သီဝလိဆင်းတုမှာမဆို ဆောင်ရွက်နိူင်ပါတယ်။

အရေးကြီးအနေနဲ့ အစီအမံမဆောင်ရွက်မီ ဘုရားဝတ်ပြူသီလယူပြီး ရုပ်ပွားတော်ရှေ့မှာ မန္တန် သုံးဆယ့်ခုနစ်ခေါက်ရွတ်ရပါမယ်။

 

 

 

မန္တန်ကတော့

ဉုံ သီဝလိစ မဟာနာမံ ဘဝႆတိ။

အစီအမံနဲ့ စီရင်ထုံးတွေကမပြီးသေးပါဖူး။ကျန်ပါဥိးမယ်။

အပိုင်းနှစ်မှာပိူမြင့်တဲ့ကဏ္ဍတွေကိုဖော်ပြသွားမှာပါ။

 

 

 

သင့်အိမ်ရှိရှင်သီဝလိဆင်းတုတော်၏ လောကီပညာဆိုင်ရာ လျှို့ဝှက်ချက်နှင့်အသုံးပြုနည်း (အပိုင်း ၂ )

ရက် ၂၀ အတွင်းထူးနည်း

လုပ်ငန်းစီးပွားနဲ့ ဆိုင်တဲ့ကိစ္စတွေမှာ ရက်နှစ်ဆယ်အတွင်း ဝင်ငွေဝင်ဖို့ထူးခြားစေဖို့အတွက် အရှင်သီဝလိရုပ်ပွားတော်ကို နေ့ရက်မရွေး နံနက် ခုနစ်နာရီမတိုင်မီ မနက်စောစောမှာ ယိုသုံးမျိုး ယပ်တစင်း ကပ်လှုပါ။

 

 

 

နေ့စဉ် ဝတ်ပြုဆုတောင်းပြီး သတ္တဝါတိုင်းအား မေတ္တာပို့ပါ။ရက်နှစ်ဆယ်အတွင်းထူးခြားပါလိမ့်မည်။

ဘုန်းတော်သာဘိ သီဝလိ

အပတ်စဉ် ဗုဒ္ဓဟူးနေ့နံနက် ခုနစ်နာရီနဲ့ သောကြာနေ့နံနက် ခုနစ်နာရီတို့မှာ အရှင်သီဝလိ ဆင်းတုရှေ့၌ မီးတိုင်အနီနှစ်တိုင်ပူး ရေချမ်းနှစ်ခွက် ကပ်လျှူ၍ ကိုယ်တော်တိုင်ကြွဖို့ ပင့်လျှောက်ပြီး

 

 

 

မိမိတို့ ဆန္ဒရှိသောဆွမ်းခဲဘွယ်ဘောစဉ်တို့ကို ကပ်လျှူပါက ဘုန်းတန်ခိုးကြီးခြင်း ပြောဆိုစကားအောင်မြင်ခြင်း မိမိအားအံမတုနိုင်ခြင်းစသော အကျိုးကျေးဇူးကို ခံစားရပါမယ်။

အေးချမ်းစေဖို့ဘုန်းတော်ခို

ကိုယ်စိတ်နှစ်ပါးအေးချမ်းလိုတဲ့အခါ အပူသောကများငြိမ်းလိုအခါ လက်ရှိဖြစ်နေတဲ့ အခက်အခဲများပြေလိုတဲ့အခါ

တနင်္ဂနွေနေ့ရဲ့ ညနေ ခြောက်နာရီမှာမီးတိုင်အဖြူနှစ်တိုင်ပူး အောင်သပြေညွှန့်နှစ်ခိုင် ယပ်နှစ်စင်း တို့ကို ကပ်လျှူ၍ ဘုန်းတော်ရိပ်ကြောင့်အေးချမ်းဖို့ရန်ကို ဆုတောင်းယူပါ မကြာထင်ရှားပါလိမ့်မည်။

 

 

 

ဖော်ပြပါအစီအမံတွေက နေအိမ်မှာပူဇော်ထားတဲ့ မည်သည့်အရှင်သီဝလိဆင်းတုမှာမဆို ဆောင်ရွက်နိူင်ပါတယ်။

Original Credit

Leave a Comment