ဓါတ်ဆီနှင့် ဒီဇယ်အင်ဂျင်တို့အတွက်… အင်ဂျင်ဝိုင်ဂရိတ် ခွဲခြားခြင်း
ဓါတ်ဆီနှင့် ဒီဇယ်အင်ဂျင်တို့အတွက်… အင်ဂျင်ဝိုင်ဂရိတ် ခွဲခြားခြင်း
မော်တော်ကားအင်ဂျင်မှာ အသုံးပြုနေတဲ့ အင်ဂျင်ဝိုင်မှာ… ဒီဇယ်အင်ဂျင်အတွက် အသုံးပြုတဲ့ အင်ဂျင်ဝိုင်နဲ့ ဓါတ်ဆီအင်ဂျင်အတွက်အသုံးပြုတဲ့ အင်ဂျင်ဝိုင်ဆိုပြီး ရှိပါတယ်။ တချို့အင်ဂျင်ဝိုင်တွေကတော့
နှစ်မျိုးသုံးတွေလည်း ရှိပါ တယ်။ ဒီဇယ် အင်ဂျင်အတွက် ထုတ်လုပ်ထားတဲ့ အင်ဂျင်ဝိုင်ကို… ဓါတ်ဆီအင်ဂျင်မှာ အသုံးပြုလို့ မရသလို… ဓါတ်ဆီအင်ဂျင်အတွက် ထုတ်လုပ်ထားတဲ့ အင်ဂျင်ဝိုင်ကိုလည်း ဒီဇယ် အင်ဂျင်အတွက်
အသုံးပြုလို့ မရပါဘူး။ ဆိုးကျိုး မျာစွာ ရှိပါတယ်။ ဒါဆိုရင် ဒီဇယ် အင်ဂျင်အတွက် အင်ဂျင်ဝိုင်နဲ့ ဓါတ်ဆီအင်ဂျင်အတွက် အင်ဂျင်ဝိုင် ဆိုပြီး ခွဲခြားသိဖို့ လိုအပ် လာပါတယ်။ အင်ဂျင်ဝိုင်ပုံးတွေမှာ ရေးထားတဲ့ အညွှန်းတွေကို ဖတ်ပြီး
အလွယ်တကူ သိရှိ နိုင်ပါတယ်။ အင်ဂျင်ဝိုင်ပုံးတွေမှာ API နံပါတ်တွေ ပါရှိပါတယ်။ API ဆိုတာ the American Petroleum Institute ဆိုတဲ့ အဖွဲ့အစည်း ဖြစ်ပြီး… ချောဆီရဲ့ အရည်အသွေး ကို သတ်မှတ်ပေးပါတယ်။
အလွယ် မှတ်ရရင် API နံပါတ်တွေမှာ “S” နဲ့ စရင် ဓါတ်ဆီ အင်ဂျင် (ပလပ်ပါတဲ့ အင်ဂျင်) အတွက် ဖြစ်ပြီး “C” နဲ့ စရင် ဒီဇယ် အင်ဂျင်တွေအတွက် ဖြစ်ပါတယ်။ ဥပမာ… API SN ဆိုရင် ဓါတ်ဆီအင်ဂျင်အတွက်ဖြစ်ပြီး
API CF ဆိုရင် ဒီဇယ် အင်ဂျင်အတွက် ဖြစ်ပါတယ်။ ဓါတ်ဆီ အင်ဂျင်အတွက် API နံပါတ်တွေကတော့… SJ, SL, SM, SN နဲ့ SP တို့ဘဲ ဖြစ်ပါတယ်။ ဓါတ်ဆီ အင်ဂျင်အတွက် SP ကတော့ အမြင့်ဆုံးဂရိတ်ဘဲ ဖြစ်ပါတယ်။
ဒီဇယ် အင်ဂျင်အတွက် API နံပါတ်တွေကတော့… CF, CF-4, CH-4, CI-4, CJ-4, CK-4 နဲ့ FA-4 တို့ဘဲဖြစ်ပါတယ်။ ဒီဇယ်အင်ဂျင်အတွက် FA-4 ကတော့ အမြင့်ဆုံး ဂရိတ်ဘဲ ဖြစ်ပါတယ်။
အကယ်၍ API SN/CF-4 ဆိုရင်တော့ ဓါတ်ဆီအင်ဂျင်အတွက်လည်း အသုံးပြုလို့ ရသလို ဒီဇယ်အင်ဂျင်အတွက်လည်း အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် တခု သတိထားရမှာကတော့… SN ကို ရှေ့မှာ တင်ရေးထားတာကြောင့် ဓါတ်ဆီအင်ဂျင်အတွက် ပိုပြီး သင့်တော်ပါတယ်။
မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။