ဒီတစ်ခေါက်ဖော်ပြမဲ့ အမျိုးသားနှစ်ဦးကတော့ ဆေးရုံမှာ မီးဖွားဖို့ ရောက်နေတဲ့ဇနီးသည်တွေကို ပြုစုစောင့်ရှောက်ဖို့ ရောက်လာခဲ့ကြတာဖြစ်ပြီး သူစိမ်းတွေဖြစ်ပေမဲ့ နှစ်ဦးသား ခင်မင်လာကြပြီး ခွဲလို့မရနိုင်အောင်ဖြစ်ခဲ့ကြရပါတယ် ။
အဆိုပါအမျိုးသားနှစ်ဦးဟာ ဆေးရုံမှာ ဇနီးသည်တွေကို စောင့်ပေးရင်း အပြင်သွားလည်းအတူ ၊ အလုပ်လုပ်လည်းအတူ ၊ စားသောက်ရင်လည်း အတူတူ ၊ အနားယူရင်လည်း အတူတူရှိနေတတ်ကြောင်း ဇနီးဖြစ်သူက ပြောပြသွားခဲ့ပါတယ် ။
ဒါ့အပြင် ဇနီးသည်တွေရဲ့ မီးဖွားတဲ့အချိန်ကလည်း မိနစ်ပိုင်းသာခြားလို့ ခွဲခန်းထဲသို့ ဇနီးနှစ်ယောက်အတူဝင်ချိန် အဆိုပါအမျိုးသားနှစ်ဦးဟာလည်း ခွဲခန်းအပြင်မှာ အတူတူ ရပ်စောင့်နေခဲ့ရပါသေးတယ် ။
တစ်ရက်မှာတော့ စုံတွဲတစ်တွဲရဲ့ကလေးက ရောဂါကူးစက်ခံရလို့ လင်မယားနှစ်ယောက် ငိုနေချိန် ကျန်လင်မယားနှစ်ယောက်က အားပေးစကား ပြောခဲ့ကြပြီး နောက်ရက်မှာတော့ သူတို့ကလေးပါ ရောဂါကူးစက်ခံလိုက်ရလို့ တစ်လှည့်စီ အားပေးစကားပြောခဲ့ရပါသေးတယ် ။
ကလေးတွေလည်း ဘေးကပ်ရပ်အိပ်နေရလို့ ခင်ပွန်းနှစ်ယောက်ကလည်း ကလေးကို အတူသွားချီကြကြောင်း ၊ အိမ်သို့ပြန်ရောက်လာကြချိန် အိမ်ကလည်း တစ်ရပ်ကွက်တည်းဖြစ်နေလို့ ထူးဆန်းမိကြောင်း ဇနီးဖြစ်သူက ပြောပြသွားခဲ့ပါတယ် ။
အဆိုပါအဖြစ်ကို online ပေါ်ဝေမျှချိန် လူအချို့ကတော့ ဘဝတစ်လျှောက်လုံးအတူရှိမဲ့ အမျိုးသားကို ရှာဖွေတွေ့ရှိသွားကြသူ ၊ ဇနီးသည်တွေ သူတို့ရဲ့အမျိုးသားကို ဆုံးရှုံးသွားနိုင်လို့ ဂရုစိုက်ကြပါ ဆိုပြီး မျိုးစုံမှတ်ချက်ပေးရေးသားသွားခဲ့ကြပါတယ် ။
Zawgyi
ဒီတစ္ေခါက္ေဖာ္ျပမဲ့ အမ်ိဳးသားႏွစ္ဦးကေတာ့ ေဆးရံုမွာ မီးဖြားဖို႔ ေရာက္ေနတဲ့ဇနီးသည္ေတြကို ျပဳစုေစာင့္ေ႐ွာက္ဖို႔ ေရာက္လာခဲ့ၾကတာျဖစ္ၿပီး သူစိမ္းေတြျဖစ္ေပမဲ့ ႏွစ္ဦးသား ခင္မင္လာၾကၿပီး ခြဲလို႔မရႏိုင္ေအာင္ျဖစ္ခဲ့ၾကရပါတယ္ ။
အဆိုပါအမ်ိဳးသားႏွစ္ဦးဟာ ေဆးရံုမွာ ဇနီးသည္ေတြကို ေစာင့္ေပးရင္း အျပင္သြားလည္းအတူ ၊ အလုပ္လုပ္လည္းအတူ ၊ စားေသာက္ရင္လည္း အတူတူ ၊ အနားယူရင္လည္း အတူတူ႐ွိေနတတ္ေၾကာင္း ဇနီးျဖစ္သူက ေျပာျပသြားခဲ့ပါတယ္ ။
ဒါ့အျပင္ ဇနီးသည္ေတြရဲ႕ မီးဖြားတဲ့အခ်ိန္ကလည္း မိနစ္ပိုင္းသာျခားလို႔ ခြဲခန္းထဲသို႔ ဇနီးႏွစ္ေယာက္အတူဝင္ခ်ိန္ အဆိုပါအမ်ိဳးသားႏွစ္ဦးဟာလည္း ခြဲခန္းအျပင္မွာ အတူတူ ရပ္ေစာင့္ေနခဲ့ရပါေသးတယ္ ။
တစ္ရက္မွာေတာ့ စံုတြဲတစ္တြဲရဲ႕ကေလးက ေရာဂါကူးစက္ခံရလို႔ လင္မယားႏွစ္ေယာက္ ငိုေနခ်ိန္ က်န္လင္မယားႏွစ္ေယာက္က အားေပးစကား ေျပာခဲ့ၾကၿပီး ေနာက္ရက္မွာေတာ့ သူတို႔ကေလးပါ ေရာဂါကူးစက္ခံလိုက္ရလို႔ တစ္လွည့္စီ အားေပးစကားေျပာခဲ့ရပါေသးတယ္ ။
ကေလးေတြလည္း ေဘးကပ္ရပ္အိပ္ေနရလို႔ ခင္ပြန္းႏွစ္ေယာက္ကလည္း ကေလးကို အတူသြားခ်ီၾကေၾကာင္း ၊ အိမ္သို႔ျပန္ေရာက္လာၾကခ်ိန္ အိမ္ကလည္း တစ္ရပ္ကြက္တည္းျဖစ္ေနလို႔ ထူးဆန္းမိေၾကာင္း ဇနီးျဖစ္သူက ေျပာျပသြားခဲ့ပါတယ္ ။
အဆိုပါအျဖစ္ကို online ေပၚေဝမ်ွခ်ိန္ လူအခ်ိဳ႕ကေတာ့ ဘဝတစ္ေလ်ွာက္လံုးအတူ႐ွိမဲ့ အမ်ိဳးသားကို ႐ွာေဖြေတြ႔႐ွိသြားၾကသူ ၊ ဇနီးသည္ေတြ သူတို႔ရဲ႕အမ်ိဳးသားကို ဆံုး႐ႈံးသြားႏိုင္လို႔ ဂ႐ုစိုက္ၾကပါ ဆိုၿပီး မ်ိဳးစံုမွတ္ခ်က္ေပးေရးသားသြားခဲ့ၾကပါတယ္ ။
Jasmine (NIKHIT)