၂၀၀၇ ခုနှစ်မတိုင်ခင် ဆောက်ထားတဲ့ ထိုင်းနိုင်ငံရှိ အဆောက်အဦးများ ငလျင်ဒဏ်သင့်နိုင် ကြောင်းသတိပေးထုန်ပြန်

၂၀၀၇ ခုနှစ်မတိုင်ခင် ဆောက်ထားတဲ့ ထိုင်းနိုင်ငံရှိ အဆောက်အဦးများ ငလျင်ဒဏ်သင့်နိုင် ကြောင်းသတိပေးထုန်ပြန်

မကြာသေးခင်တုန်းက မြန်မာနိုင်ငံတောင်ပိုင်းကမ်းရိုးတန်းဒေသမှာ လှုပ်ခတ်သွားတဲ့ ပြင်းအား ၆ အဆင့်ရှိတဲ့ ငလျင်ရဲ့အရှိန်ကို ထိုင်းနိုင်ငံမှာပါ သိရှိခံစားခဲ့ရပြီးတဲ့နောက် ဘန်ကောက်မြို့တော်က ၂၀၀၇ ခုနှစ်မတိုင်ခင်တုန်းကဆောက်ထားတဲ့ အဆောက်အဦး တွေမှာ ငလျင်ဒဏ်အန္တရာယ်ရှိနိုင်တယ်လို့ သတိပေးချက်ထုတ်ပြန်ထားပါတယ်။


လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်မတိုင်ခင်က ဆောက်လုပ်ခဲ့တဲ့ ဘန်ကောက်မြို့တော်က အဆောက်အဦး တွေ မှာ အနာဂတ်မှာလှုပ်ခတ်မယ့် ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်နိုင်ကြောင်း ထိုင်းအစိုးရ ဓာတ်သတ္တုအရင်းအမြစ်ဌာန (DMT) ကနေ သတိပေးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်သတ္တုအရင်းအမြစ်ဌာန (DMT) အကြီးအကဲ အိုရာနူ လော်ဖန်စရီက မကြာသေးမီက လှုပ်ခတ်ခဲ့ တဲ ငလျင်ရဲ့ဗဟိုချက်ဟာ မြန်မာနိုင်ငံရဲ့ ကီလိုမီတာ ၁၂၀၀ ရှည်လျားတဲ့ စစ်ကိုင်းပြတ်ရွေ့တစ်လျှောက်မှာတည်ရှိပြီး ပြင်းထန်တဲ့လှုပ်ခတ်မှုဖြစ်တယ်ဆိုတာကို မီးမောင်းဖို့ ပြသခဲ့ပါတယ်။


“ ၂၀၀၇ ခုနှစ် ရှေ့ပိုင်းက ဆောက်ထားခဲ့တဲ့ အဆောက်အဦးအဟောင်းတွေမှာ သေးငယ်တဲ့ အက်ကွဲကြောင်းလို အသေးစားပျက်စီးမှုတွေ ဖြစ်ပေါ် ခံစားရနိုင်တယ်” လို့ အကြီးအကဲ အိုရာနူက အလေးပေးပြောကြားခဲ့ပါတယ်။ အဆောက်အဦး အသစ်တွေမှာတော့ သိသိသာသာ ထိခိုက်မှုတွေ မရှိနိုင်ကြောင်းလည်း ဆိုခဲ့ပါတယ်။

ငလျင်လှုပ်ခတ်ချိန်မှာ အထပ်မြင့်အဆောက်အဦးတွေ ဘေးကင်းရေးအတွက် မြို့ပြစီမံခန့်ခွဲရေးဌာနက မြို့ပြအင်ဂျင်နီယာပညာရှင် တာနစ် ဂျိုင်ဆာ အရက်ဒ်ကလည်း အထပ်မြင့်ကွန်ဒိုတွေနဲ့ ရုံးခန်းအဆောက်အဦးတွေ အပါအဝင် ၂၀၀၇ ခုနှစ်နောက်ပိုင်းက ဆောက်လုပ်ခဲ့တဲ့ အဆောက်အ ဦးတွေမှာလည်း ငလျင်ဒဏ်ကို ခံနိုင်ရည်ရှိကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။


ဒါ့အပြင် ဌာနက ၂၀၀၇ ခုနှစ် မတိုင်မီက ဆောက်ခဲ့တဲ့ ရှေးဟောင်း အဆောက်အဦးတွေ၊ အထူးသဖြင့် ငါးထပ်နဲ့ အထက် အဆောက်အဦးတွေမှာ ဘေးကင်းလုံခြုံရေးစစ်ဆေးဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ဘန်ကောက်မြို့ရဲ့ အနောက်ဘက် ကီလိုမီတာ ၉၄၀ ခန့်အကွာ မြန်မာနိုင်ငံ ကမ်းရိုးတန်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ရဲ့ သက်ရောက်မှုကို ဘန်ကောက်မြို့တော်က အထပ်မြင့် အဆောက်အဦးများစွာမှာ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။


သမိုင်းဆိုင်ရာအချက်အလက်တွေအရ ၁၉၀၅ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်အတွင်း ငလျင်ပြတ်ရွေ့ ကြောတစ်လျှောက်ပြင်းအား ၆.၈ ထက်မကျော်လွန်တဲ့ ငလျင်လှုပ်ခတ်မှုပေါင်း ၁၀ ကြိမ်အ ပါအဝင် သိသာထင်ရှားတဲ့ မြေငလျင်တွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပြီး ဓာတ်သတ္တု အရင်းအ မြစ်ဌာနရဲ့ နောက်ဆုံးခန့်မှန်း ချက်က ၂၀၃၀ ခုနှစ် ဝန်းကျင်မှာ ပြင်းအား ၇.၅ အဆင့်ရှိတဲ့ ငလျင်တွေ လှုပ်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဘန်ကောက်လမ်းညွန်ကိုစိုင်း

Leave a Comment