အမုန်းဇာတ်လမ်းတွဲက တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းလေးအကြောင်းပြောလာတဲ့ စာရေးဆရာအညို

အမုန်းဇာတ်လမ်းတွဲက တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းလေးအကြောင်းပြောလာတဲ့ စာရေးဆရာအညို

အားပေးကျတဲ့ ပရိသတ်ကြီးရေ လတ်တလောလူမှုကွန်ယက်ပေါ်မှာရေပန်းစားနေတဲ့ အမုန်းဇာတ်လမ်းလေးဟာဆိုရင် အိမ်ထောင်ရေးဇာတ်ကားဆန်ဆန် လောင်မြိုက်ရတဲ့ ဇရင်နင့်စရာဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဒီကားမှာပါဝင်တဲ့ သရုပ်ဆောင်တွေရဲ့ထူးခြားပြောင်မြောက်ပြီး ပီပြင်လွန်းလှတဲ့သရုပ်ဆောင်ချက်တွေကြောင့် ကြည့်မိသူတိုင်းငိုခဲ့ကြရတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။

 

 

ဒီဇာတ်ကားလေးဟာ စာရေးစရာအညိုကရေးသားပြီး ဒါရိုက်တာဝိုင်းက ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ဒီဇာတ်ကားဟာ လွန်ခဲ့တဲ့နှစ်အပိုင်းအခြားက တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဖြစ်လို့ ရေးသားခဲ့တာပါလို့ စာရေးဆရာအညိုကပြောပြလာပါတယ်။‘အမုန်း က သူငယ်ချင်း ရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းပါ။ သူ့ ရဲ့ ဇာတ်လမ်းကို အခြေခံပြီး ကိုယ့်ဘာသာ တချို့အရာတွေ ပြောင်းလဲပြီး ရေးလိုက်တယ်။ ကိုဝိုင်း ကို ယုံကြည်လို့လည်း ဇာတ်ကား ဖန်တီးခွင့် ပေးလိုက်တာပါ” လို့စာရေးဆရာအညိုကအခုလိုပဲပြောပြလာပါတယ်။

 

ဒီဇာတ်ကားမှာလည်း ကျွန်တော်ကမိုးဟေကိုဖန်ဖြစ်သလို သူ့ရဲ့စတိုင်လ်နဲ့ပုံစံကကျွန်တော်ရေးတဲ့ဇာတ်ကောင်နဲ့ကွက်တိဖြစ်လို့ ရိုက်စေချင်တာပါလို့လဲပြောခဲ့ပါတယ်။ပရိသတ်ကြီးလည်းအမုန်းဇာတ်လမ်းလေးကိုကြည့်ပြီးလောင်နေကြမယ်ထင်ပါတယ်နော်။Real Media

Leave a Comment