၆တန်းအရွယ်လေးနဲ့ ကျောင်းထွက်ပြီး နွားမွေးမြူကာ သန်းကြွယ်သူဌေးတစ်ဦးဖြစ်လာခဲ့သော အမျိုးသား

မလေးရှားနိုင်ငံမှ ကျောင်းသားလေးတစ်ဦးသည် စာသင်ယူရခြင်းကို စိတ်မဝင်စားပဲ လယ်သမားတစ်ဦးသာ ဖြစ်ချင်၍ ၆တန်းလေးနှင့် ကျောင်းထွက်ကာ အပြင်ကြမ်းတမ်းသည့် လောကထဲသို့ ဝင်ရောက်ခဲ့သည်။

အမျိုးသားသည် လယ်သမားဖြစ်ဖို့ရာအရင်းအနှီးမရှိသေး၍ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ပထမဆုံးရသည့်လစာနှင့် နွား ပေါက် လေးတစ်ကောင်ကို ဝယ်မွေးခဲ့သည်။

အမျိုးသားသည် အခြားသူများနှင့် တန်းတူဖြစ်အောင် ခေတ်စားနေသော ဖုန်းကိုပင် ဝယ်မကိုင်ပဲ အစစအရာရာ ချွေတာကာ လစဥ်နွားတစ်ကောင်ဝယ်မွေးရင်း အိမ်ကနေ ဖခင်ဖြစ်သူက ထိန်းကျောင်းပေးခဲ့သည်။

အမျိုးသားသည် အသက် ၁၈နှစ်အရွယ်တွင် နွားအကောင်ရေ ၃၀၀ထိကို ပိုင်ဆိုင်ထားပြီဖြစ်ပြီး နွားရောင်းရသည့်ပိုက်ဆံနှင့် လယ်ယာမြေကွက်အား ဝယ်ယူကာ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှလည်း ထွက်ခဲ့သည်။

ယခုအခါ အမျိုးသားသည် ကျွဲအကောင်ရေ ၃၀ ၊ နွားအကောင်ရေ ၇၀၀ နှင့် ဆိတ်အကောင်ရေ ၁၅၀ကို ပိုင်ဆိုင်ထားကာ အသက် ၃၃ နှစ် အရွယ်မှာပင် သန်းကြွယ်သူဌေးတစ်ဦးဖြစ်လာကာ အများအ ကိုယ့်ရဲ့စိတ်ကူးအိပ်မက်ရှိပါက ဇွဲ့လုံ့လစိုက်ထုတ်ပြီးကြိုးစားလုပ်ဆောင်လျှင်အောင်မြင်မှုရရှိနိုင်ကြောင်း မျှဝေခဲ့သည်။

 

crd

Leave a Comment