တစ်ညလုံးအိပ်ရေးပျက်ပြီး နောက်နေ့မှာ တစ်နေ့လုံး လန်းဆန်းနေစေဖို့အတွက် လုပ်ဆောင်သင့်တဲ့နည်းလမ်းများ


တစ်ညလုံးအိပ်ရေးပျက်ခံပြီးအလုပ်လုပ်ရသူတွေရှိလား။ဒီလိုအိပ်ရေးပျက်တဲ့ညတွေဆိုရင် နောက်နေ့မနက်မှာ စောစောမထနိုင်တာမျိုး။ တစ်နေ့လုံး စိတ်မလန်းဆန်းတာမျိုး ကြုံဖူးကြမှာပါ။

 

 

တချို့တွေက မနက်ပိုင်းမှာ အလုပ်ပိုပြီးပေမဲ့ တချို့လူတွေကတော့ ညဘက်မှာ အလုပ်ပိုတွင်တတ်ကြပါတယ်။ အကောင်းဆုံးကတော့ စောစောအိပ်ပြီး စောစောထတာပါပဲ။ ဒါပေမဲ့အလုပ်များတဲ့ ခေတ်ကြီးမှာ တစ်ခါတလေ မအိပ်ဘဲ အလုပ်လုပ်ရတာမျိုးလည်းရှိမှာပါ။

 

 

ဒါကြောင့် တစ်ညလုံး အလုပ်လုပ်ပြီး နောက်နေ့မနက်မှာ ပုံမှန်နိုးထပြီး အလုပ်ပုံမှန်လုပ်နိုင်ဖို့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ရေများများသောက်ပါ

ရေဖန်ခွက် ၈ ခွက်လောက်သောက်တာက သင့်ကို ရေဓာတ်ပြည့်ဝစေပြီး မောပန်းမှုဒဏ်ပျောက်ကင်းစေပါတယ်။ အားဖြည့်အချိုရည်တွေကို မသောက်ပါနဲ့နော်။

 

ဒီအချိုရည်တွေက သင့်ကို မြန်မြန်လန်းဆန်းစေတာမှန်ပါတယ်။ ဒါပေမဲ့ အရှိန်သေသွားတာနဲ့ အရင်ကထက် ပိုပင်ပန်းနိုင်လို့ပါ။

အစားစားပါ

အစားဆိုပေမဲ့ အစားအစာတိုင်းတော့မရပါဘူး။ သကြားပါတဲ့ အစားအသောက်တွေက အားဖြည့်အချိုရည်လိုပဲ ခဏတဖြုတ်သာ စိတ်လန်းစေပါတယ်။

 

အားအင်တိုးစေတဲ့ အစားအစာတွေဖြစ်တဲ့ ကြက်ဥ၊ ငါး၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ၊ ပဲနဲ့ အစေ့အဆံတွေကို စားပေးနိုင်ပါတယ်။

ကော်ဖီသောက်ပါ

 

ကော်ဖီမှာပါတဲ့ ကဖိန်းဓာတ်က သင့်ကို အားအင်ပေးပြီး မှတ်နိုင်စွမ်းအားတိုးစေပါတယ်။ အများကြီးတော့ မသောက်ရပါဘူူး။ ကဖိန်းဓာတ်များတဲ့အချိန်မှာ ခေါင်းကိုက်တာတွေဖြစ်နိုင်ပါတယ်။

 

ညဘက်စောစောအိပ်မယ်လို့ စဉ်းစားထားရင် ကော်ဖီမသောက်သင့်ပါဘူး။ ကဖိန်းဓာတ်က သင့်ခန္ဓာကိုယ်ထဲမှာ ငါးနာရီကြာနေနိုင်ပါတယ်။ ဒီလိုဆို ညအိပ်ချိန်ရောက်ရင် မျက်စိကြောင်ပြီး မအိပ်နိုင်ဖြစ်နေပါလိမ့်မယ်။

 

 

နေရောင်အနည်းငယ်ထိတွေ့ပါ

နေရောင်ထွက်ခံတာက သင့်ရဲ့ သွေးလည်ပတ်မှုကို ကောင်းမွန်စေသလို တစ်နေ့လုံး အားအင်ပြည့်စေပါတယ်။လမ်းအမြန်ထွက်လျှောက်ပြီး လေကောင်း လေသန့်ရှူပေးပါ။

 

 

မနက်ပိုင်း အချိန်နေရောင်ကိုပဲ ထိတွေ့ပါနော်။ နေ့လည်ထွက်ရင်တော့ နေရောင်မထိတာတောင် ပိုကောင်းဦးမှာပါ။

 

လှုပ်လှုပ်ရှားရှားနေပါ

လမ်းလျှောက်တာဖြစ်ဖြစ် အနည်းငယ်ခုန်တာတို့။ လှုပ်ရှားရတဲ့အရာတစ်ခုလုပ်လိုက်ပါ။ ဒီလိုလုပ်တာက သွေးစီးဆင်းမှုကောင်းစေပြီး ဦးနှောက်အတွက် လုံလောက်တဲ့ အောက်ဆီဂျင်ဓာတ်ကို ပေးစွမ်းနိုင်ပါတယ်။

 

 

 

 

ရေချိုးပါ

မနက်ပိုင်း ရေချိုးတာက ကိုယ်တွင်းအပူကင်းစင်ပြီး သင့်ကို လန်းဆန်းစေမှာပါ။ ဒီတော့ ညဘက်အိပ်ရေးပျက်တဲ့အချိန်ဆိုရင် ဒီနည်းတွေကို လုပ်ကြည့်ပါ။

 

 

လူတစ်ယောက်က အနည်းဆုံးတော့ ၇ နာရီခန့်အိပ်သင့်ပါတယ်။ဒါကြောင့် ပြောထားတဲ့ နည်းလမ်းတွေကို အမြဲတမ်းမလုပ်ဖို့တော့ သတိပေးချင်ပါတယ်။

Source: My Style Myanmar
Credit

Leave a Comment