ဂျင် (GYM)မကစားပဲ ကိုယ်အလေးချိန် လျော့ချနည်း


ကိုယ်အလေးချိန်လျော့ချဖို့ မဖြစ်မနေ သွားစရာမလိုပါဘူး။ ဂျင်သွားမကစားပဲလည်း ကိုယ်အလေးချိန် လျော့ချနိုင်ပါတယ်။

 

၁။ လမ်းလျှောက်ကြမယ်၊ ပြေးကြမယ်၊ အနှေးပြေးကြမယ်

သာမန်လူတစ်ယောက်ဟာ ခြေလှမ်းပေါင်း တစ်သောင်း လမ်းလျှောက်ပေးရုံနဲ့ ကယ်လိုရီ (၄၀၀) လောင် ကျွမ်းနိုင်ပါတယ်။

 

လမ်းလျှောက်ပေးတာနဲ့ ပြေးတာတွေက နှလုံးအတွက် အထူးကောင်းမွန်တဲ့ လေ့ကျင့်ခန်း တွေပါ။ ဒါတွေလုပ်ပေးခြင်းက နှလုံးနဲ့ ခန္ဓာကိုယ် သန်မာဖို့အတွက် ကောင်းမွန်ပါတယ်။

 

၂။ စက်ဘီးလေးတွေ ထုတ်စီးကြမယ်

စက်ဘီးစီးတယ်ဆိုတာ တကယ်ကောင်းတဲ့ လေ့ကျင့်ခန်းတစ်မျိုးပါပဲ။ ဈေးသက်သာပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှု မဖြစ်စေဘူးလေ။

 

နီးနီးနားနား သွားစရာလာစရာတွေဆိုရင် ကိုယ်အလေးချိန်ချပြီးသား ဖြစ်အောင် စက်ဘီးလေးတွေနဲ့ သွားလိုက်ကြပါ။

 

၃။ အိမ်မှုကိစ္စတွေလုပ်တဲ့အခါ ပိုပြီး အားစိုက်လုပ်ကြမယ်

နေ့စဉ်အိမ်မှုကိစ္စတွေဖြစ်တဲ့ ကြမ်းတိုက်တာ၊ သုတ်သင်တာတွေကို စိတ်ဝင်စားစရာ ကောင်းချင်မှကောင်း လိမ့်မယ်။ ဒီအလုပ်တွေက လူကိုလည်း ပင်ပန်းစေနိုင်ပါတယ်။

 

ဒါပေမယ့် ပုံမှန်လုပ်နေကြထက် ပိုပြီး မြန်မြန်သွက်သွက် လုပ်ပေးလိုက်ပါ။ ချွေးထွက်လာပါလိမ့်မယ်။

 

၄။ အိမ်မှာလုပ်နိုင်ပြီး ကိုယ်နဲ့သင့်တော်မယ့် လေ့ကျင့်ခန်းမျိုး ရှာလုပ်ကြမယ်

အိမ်မှာလုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေ အများကြီး ရှိပါတယ်။ ဥပမာ- ယောဂကျင့်စဉ်၊ ပီလားတေး၊ ကခုန်ခြင်းနဲ့ ကိုယ်ခံပညာအားကစား တွေစသဖြင့်ပေါ့။

 

အိမ်ထဲမှာပဲ သက်တောင့်သက်သာနဲ့ ကိုယ်အလေးချိန် လျော့နိုင်တယ်ဆိုတာ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။

Source: gandawin.net
Credit

Leave a Comment