ရေဓာတ်ပြည့်ဝဖို့က ကျွန်တော်တို့ခန္ဓာကိုယ်စနစ်အားလုံး အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်ဖို့အတွက် အရေးကြီးပါတယ်။ အခြားအာဟာရဓာတ်တွေလိုပဲ ရေက အသက်ရှင်နေထိုင်နိုင်ဖို့အတွက် မရှိမဖြစ်အရေးပါတဲ့အရာတွေထဲက တစ်ခုပါ။
တိုက်တွန်းအကြံပြုလေ့ရှိတဲ့ အရာတစ်ခုကတော့ နေ့တိုင်း တစ်နေ့ကို အနည်းဆုံး ရေကို (၈-၁၀) ခွက်သောက်ဖို့ ဆိုတာပါပဲ။ ဒါပေမဲ့ ရေလုံလုံလောက်လောက်သောက်ရုံနဲ့ မရသေးပါဘူး။ ရေသောက်တဲ့အခါမှာလည်း လုပ်လေ့လုပ်ထရှိတဲ့ အမှားတချို့ကို ရှောင်ရှားဖို့လိုပါတယ်။
မတ်တပ်ရပ်ပြီး ရေသောက်တာ….။ မတ်တပ်ရပ်ပြီး ရေ ဘယ်နှခါလောက် သောက်မိကြလဲ။ ကျွန်တော်တို့တွေ ဒါကို အကြိမ်ပေါင်းများစွာ လုပ်မိကြတယ်လား။ ဒီအမှားကတော့ လူတိုင်း လုပ်လေ့ရှိကြပါတယ်။ တချို့လူကြီးတွေက ရေကို ထိုင်ပြီး သောက်ကြဖို့ သတိပေးလေ့ရှိကြမယ်ထင်ပါတယ်။
မတ်တပ်ရပ်ပြီး ရေသောက်တာက ဘာလို့ အမှားဖြစ်ရတာလဲဆိုတာကတော့ စဉ်းစားစရာပါပဲ။ မတ်တပ်ရပ်ပြီး ရေသောက်တာက နဗ်ကြောတွေကို တင်းမာလာစေနိုင်ပြီး အရည်ဟန်ချက်ညီမျှမှုကို အနှောင့်အယှက်ဖြစ်စေတဲ့အပြင် အစာမကြေတာမျိုးလည်းဖြစ်စေနိုင်ပါတယ်။
ကျွမ်းကျင်ပညာရှင်တွေကလည်း မတ်တပ်ရပ်ပြီး ရေမသောက်ဖို့ အကြံပြုထားကြပါတယ်။ မတ်တပ်ရပ်ပြီး ရေသောက်တဲ့အခါ ရေက အစာအိမ်အောက်ပိုင်းကို သွားပြီး အာဟာရဓာတ်တွေနဲ့ သင့်ကို ထောက်ပံ့မပေးဘူးလို့ သိရပါတယ်။
ရေကို မြန်မြန်မျိုချတာ….။ ကျွန်တော်တို့တွေ အလျင်လိုတဲ့အခါဖြစ်ဖြစ်၊ ရေဆာလွန်းတဲ့အခါဖြစ်ဖြစ် ရေကို မြန်မြန်သောက်မိတတ်ကြပါတယ်။ ဒီလိုလုပ်တာက အမှားတစ်ခုပါပဲ။ ဒီလိုလုပ်လိုက်မယ်ဆိုရင် ကျောက်ကပ်နဲ့ ဆီးအိမ်မှာ အညစ်အကြေးတွေစုပုံလာနိုင်ပါတယ်။ အစာခြေဖျက်မှုကောင်းအောင် ရေကို မြန်မြန်မျိုမချဘဲ တစ်ငုံချင်းစီ သောက်ပေးသင့်ပါတယ်။
လိုတာထက် ပိုသောက်မိတာ…..။ တစ်နေ့တာ ရေသောက်သုံးရမယ့်ပမာဏထက် ပိုသောက်မိရင်လည်း မကောင်းပါဘူး။ ရေပိုသောက်ရင် ကျန်းမာရေးအကျိုးကျေးဇူးရှိတယ်ဆိုတဲ့ သက်သေပြချက်တွေမရှိပါဘူး။
ရေသောက်များတာက ဆိုဒီယမ်အလွန်နည်းပါးလာစေတဲ့ ရေအဆိပ်သင့်ခြင်းလို့လည်း ခေါ်တဲ့ Hyponatremia ဖြစ်လာနိုင်ပါတယ်။ အဲဒါရဲ့ရလဒ်အနေနဲ့ ဉီးနှောက်ရောင်ရမ်းတာ၊ လေဖြတ်တာ၊ ကိုမာဖြစ်တာတွေဖြစ်လာနိုင်ပါတယ်။
ထမင်းမစားခင် ရေသောက်တာ…။ ကိုယ်အလေးချိန်ကျချင်ရင် ထမင်းမစားခင် ရေသောက်ဖို့ အကြံပြုကြပါတယ်။ ဒါမှ ကယ်လိုရီအနည်းငယ်ပဲ စားမိမှာလို့ ပြောကြပါတယ်။ ဒါပေမဲ့ ဒါက မှန်ကန်တဲ့အရာတော့မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့အစာအိမ်က အစားအစာ (၅၀) ရာခိုင်နှုန်း၊ ရေ (၂၅) ရာခိုင်နှုန်းနဲ့ ပြည့်နေသင့်ပါတယ်။
ကျန် ၂၅ ရာခိုင်နှုန်းကတော့ အစာခြေစနစ်ဖြစ်စဉ်အတွက် အလွတ်ထားသင့်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။ ထမင်းမစားခင် ချက်ခြင်းရေသောက်တာက အာဟာရဓာတ်တွေ မရအောင် ပိတ်ပင့်သလိုဖြစ်စေတဲ့အပြင် အစာခြေစနစ်ကိုလည်း အနှောင့်အယှက်ဖြစ်စေပါတယ်။ မအီမသာဖြစ်တာနဲ့ ဝမ်းချုပ်တာတွေလည်းဖြစ်လာနိုင်ပါတယ်။
ရေထဲ သကြားအစားထိုးပစ္စည်းတွေထည့်တာ…။ သကြားအစားထိုးပစ္စည်း (Artificial Sweeteners) တွေက ကိုယ်အလေးချိန်တက်စေနိုင်ပါတယ်။ အရသာရှိနိုင်ပေမဲ့ တကယ်တော့ သင့်ခန္ဓာကိုယ်ကို ရေဓာတ်ကုန်ခန်းစေနိုင်ပါတယ်။ ရေထဲကို သကြားအစားထိုးပစ္စည်းတွေထည့်မသောက်ဘဲ ဘာမှမပါတဲ့ ရေချည်းသောက်တာက ရေဓာတ်ဖြည့်ပေးတဲ့ အကောင်းဆုံးနည်းပါပဲ။
Ref: We bet you are making these five common mistakes while having water
Credit – WL (ရိုးရာလေး)
Zawgyi ဖြင့်ဖတ်ပါ
Ref: We bet you are making these five common mistakes while having water