ဖောက်သည်များကိုရောင်းပေးရင်း သူမကိုယ်တိုင်လည်း တစ်ညတည်းနဲ့ အရက် ၅၂၀ခွက်ကျော်ကို သောက်ပြပြီး ဝင်ငွေများစွာရရှိနေသည့် မိန်းကလေး
ဝိုင်နဲ့အရက်တို့သည် နည်းနည်းပါးပါးသောက်ပါက ဆေးဖြစ်သလို အလွန်အကျွံသောက်သုံးမိပါက ကျန်းမာရေးနဲ့ အခြားသောဘေးထွက်ဆိုးကျိုးများစွာကို ရရှိနိုင်သည်။
သို့ဖြစ်၍ ထိုင်းနိုင်ငံမှ မိန်းကလေးတစ်ဦးသည် Sexyကျကျဝတ်စားထားပြီး နိုက်ကလပ်တစ်ခုမှာ အလုပ်ဝင်ကာ လာသမျှဖောက်သည်များအား အဖျော်ယမကာ လိုက်ရောင်းပြီးတော့ သူမကိုယ်တိုင်လည်း သောက်ခဲ့သည်။
မိန်းကလေးသည် ဖောက်သည်တစ်ဦးမှ အရက်တစ်ခွက်လာဝယ်ရင် သူမကိုယ်တိုင်ကလည်း ထိုဖောက်သည်နဲ့အတူ အရက်တစ်ခွက်ပြိုင်တူ လိုက်သောက်ပေးခြင်းဖြင့် ဘောက်ဆူးငွေများရရှိခဲ့သည်။
မိန်းကလေးသည် ဖောက်သည်များသောညတွေမှာ အရက်ခွက်ပေါင်း ၅၂၀ကျော်သည်ထိကိုသောက်ခဲ့ရပြီး သူမရဲ့အရက်သောက်နိုင်စွမ်းရည်က မြင်ဖူးသူတိုင်း မချီးကျူးပဲမနေနိုင်ဖြစ်ကြရပြီး သူမနဲ့ပြိုင်သောက်သူများကလည်း တစ်ခါမှမနိုင်ပဲ အရှုံးသာပေးခဲ့ရပေမယ့် ညစဥ်ရက်ဆက် ထိုသို့အရက်သောက်ပြရင်းနဲ့ ဝင်ငွေရှာသော သူမအား ကျန်းမာရေးနဲ့ပက်သက်ပြီး အများကစိုးရိမ်နေကြသည်။
Crd