မိန်းကလေးတွေအနေနဲ့ ခေါင်းမခြောက်ပဲ အိပ်လိုက်တဲ့အခါမှာ အအေးမိတာတွေ ၊ ဖျားတာတွေအပြင်တခြားသောကျန်းမာရေးဆိုင်ရာဆိုးကျိုးတွေရှိလာနိုင်ပါတယ်။
ခေါင်းမခြောက်ပဲ အိပ်လိုက်ခြင်းဖြင့်ဖြစ်လာနိုင်တဲ့ မနှစ်မြို့ဖွယ်ရာဆိုးကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်….။
(၁) ဆံပင်ကျိုးကြေခြင်း
ဆံပင်ဟာစိုနေတဲ့အချိန်မှာပိုပြီးကျိုးကြေလွယ်ပါတယ်စိုနေတဲ့ဆံပင်နဲ့အိပ်လိုက်တဲ့အခါ ဆံသားတစ်ခုနဲ့တစ်ခုပွတ်တိုက်ခြင်း
ခေါင်းအုံးနဲ့ ပွတ်တိုက်ခြင်းတွေကနေတဆင့် ဆံပင်တွေကျိုးကြေပျက်စီးမှုတွေ ပိုများလာမှာ ဖြစ်ပါတယ်။
(၂) ဗောက်
စိုနေတဲ့ဆံပင်နဲ့ အိပ်လိုက်တဲ့အခါ ဦးရေပြားမှာ မှိုရောဂါ၊အရေပြားရောဂါတွေ ဖြစ်လာနိုင်ပြီး ဗောက်တွေ၊ ခေါင်းယားယံခြင်းတွေအပြင်တခြားအရေပြားဆိုင်ရာ ပြဿနာတွေလည်း ဖြစ်လာမှာပါ။
(၃) ပွေး
ခေါင်းမခြောက်သေးဘဲအိပ်လိုက်ခြင်းဖြင့် မှိုရောဂါဖြစ်လာရုံသာမကမှိုရောဂါကြောင့် ပေါက်လာတဲ့ဦးရေပြားပေါ်က ပွေးတွေဟာ အရမ်းကိုယားယံတဲ့အပြင်ဆံပင်တွေကိုလည်းအစုလိုက်တွေ ကျွတ်စေနိုင်ပါတယ်။
သင့်ရဲ့ ဦးရေပြားပေါ်မှာ အနီကွက်ကြီးတွေနဲ့ ပူနွေးပြီးအဖတ်တွေ လန်နေတာမျိုးရှိနေရင်တော့ ပွေးတွေ ဖြစ်နေနိုင်တာကြောင့် ဆရာဝန်ထံသွားပြသင့်ပါတယ်။
(၄) ခေါင်းကိုက်ခြင်း
ခေါင်းမခြောက်သေးပဲ ပန်ကာ ၊အဲယားကွန်းတွေအောက်မှာ အိပ်မိတဲ့အခါ အအေးမိတာ၊ နှာစေး ချောင်းဆိုးတာအပြင် ခေါင်းကိုက်တာတွေကိုပါ ခံစားရနိုင်ပါတယ်။
(၅) တစ်ကိုယ်လုံး နာကျင်ကိုက်ခဲတာ
ခေါင်းမခြောက်ပဲ အိပ်လိုက်တဲ့အခါ ပြောင်းလဲသွားတဲ့ခန္ဓာကိုယ်အပူချိန်ကိုညှိဖို့ ခန္ဓာကိုယ်ကကြိုးစားနေရတာကြောင့်နိုးလာတဲ့အခါ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲတာတွေ ဖြစ်လာနိုင်ပါတယ်။
(၆) ဆံပင်တွေကို ရှုပ်ထွေးပြီး ပျက်စီးစေတယ်
ခေါင်းမခြောက်ပဲ အိပ်လိုက်တဲ့အခါ ဆံပင်တွေက ရှုပ်ပြီးတစ်ခု နဲ့ တစ်ခု ချည်မိကာ ရှုပ်ထွေးသွားစေပါတယ်။
ရှုပ်နေတဲ့ ဆံပင်ကို ရှင်းရင်းကနေအချိန်လည်းကုန် ၊ ဆံပင်လည်း ကျိုးကြေ ပျက်စီးတဲ့အပြင် ကို ဆံပင်အရောင်တွေကိုပါ မှိုင်းသွားစေပါတယ်။
Source: Aunt may
Credit