Zawgyi ဖြင့်ဖတ်ပါ
★★★★★
Credit :
Unicode ဖြင့်ဖတ်ပါ
★★★★★
အကယ်ဒမီမင်းသမီးချောထက်ထက်မိုးဦးကတော့အနုပညာလမ်းကြောင်းတစ်လျှောက်မှာ အောင်မြင်မှုတစ်နေရာကိုအရယူထားနိုင်ခဲ့သူ ဖြစ်ပါတယ်။ . . . . . . . သူမကတစ်ချိန်ကကြောငြာဘုရင်မလို့တောင်တင်စားရတဲ့အထိအောင်မြင်ခဲ့တဲ့မင်းသမီးကြီးထက်ထက်မိုးဦးကတော့တန်ဖိုးကြီးပစ္စည်းတွေကိုlive လွှင့်ပြီးရောင်းချရာမှာစံချိန်တင်ရောင်းချနိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ . . . . . . . ပြီးခဲ့တဲ့လတွေက ကျန်းမာရေးအခြေအနေတွေကြောင့် Live Sale ရောင်းချတဲ့အလုပ်ကို ရပ်နားခဲ့တဲ့ ထက်ထက်မိုးဦးဟာ အခုဆိုရင် ပုံမှန်အတိုင်း အလုပ်တွေ ပြန်လည်လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။ . . . . . . .
အနုပညာကိုဝါသနာပါတာကြောင့် ပညာရေးကိုဆုံးခန်းတိုင်အောင် လေ့လာသင်ယူနိုင်ခြင်းမရှိခဲ့တဲ့ ထက်ထက်မိုးဦးဟာ အင်္ဂလိပ်စာနဲ့ပတ်သက်ရင် အားနည်းကြောင်း သူမကိုယ်သူမဝန်ခံထားသူဖြစ်ပါတယ်။ . . . . . . . ဒီတစ်ခါမှာလည်း ထက်ထက်မိုးဦးက သူမရဲ့ Live Sale အကြောင်းကို “ခဏနေ ၇နာရီ အမဲစင်းလာမှာနော်
ဟီးဟီးအင်္ဂလိပ်လိုမရေးတတ်လို့ပါ
” လို့ဆိုကာ Amazing ဆိုတဲ့ စကားလုံးကို အင်္ဂလိပ်လိုမရေးတတ်ကြောင်း မရှက်မကြောက်ပဲ ရိုးသားစွာ ဝန်ခံလာခဲ့တာဖြစ်ပါတယ်။ . . . . . . .
ထက်ထက်မိုးဦးကတော့ အင်္ဂလိပ်စာကို အားနည်းသူဖြစ်ပြီး သူမရဲ့ မပြည့်စုံမှုအတွက်လည်း အချို့ကဝေဖန်မှုတွေရှိသလို အချို့ကလည်း ချစ်တဲ့စိတ်နဲ့ ဖြည့်စွက်နားလည်ပေးကြတာပဲ ဖြစ်ပါတယ်။ . . . . . . . ထက်ထက်မိုးဦးကိုချစ်တဲ့ ပရိသတ်တွေကတော့ ထက်ထက် ဘာလေးပဲပြောပြော ချစ်ပြီးရင်းချစ်နေကြတာပဲဖြစ်ပါတယ်။ . . . . . . .
Source: Htet Htet Moe Oo ‘s fb
Credit