Zawgyi Version
ဇတ်ကားတွေတောင် အတူ ရိုက်ခဲ့ပြီးမှ ဘာကြောင့် အပြန်အလှန် Unfollow လုပ်ခဲ့ကြသလဲ
Mario Maurer ဟာ ထိုင်း နိုင်ငံ Channel 3 ရဲ့ ထိပ်တန်းမင်းသား တစ်ဦး ဖြစ်ပြီး မင်းသမီး Mai Davika ကတော့ ထိပ်တန်း Freelance Actress တစ်ဦး ဖြစ်ပါတယ်။ Mario Maurer နှင့် Mai Davika တို့ရဲ့ Pee Mak Movie ဟာ ပရိတ်သတ် များအကြား အတော် လေး ရေပန်းစားပါတယ်။
ထို့နောက်မှာ Love Beyond Time ( အတိတ်ရဲ့ အလွန် ) ဇတ်လမ်းတွဲမှာ အတူ ထပ်မံ သရုပ်ဆောင် ခဲ့ ကြပြန်ပါတယ်။ ထိုဒရမ်မာ ဟာလည်း ပရိတ်သတ် တွေဆီက ကျေနပ်အားရစရာ တုံ့ပြန်မှုကောင်းကောင်းတွေရရှိခဲ့ပါတယ်။
ဇတ်လမ်းတွဲ တွေ၊ ရုပ်ရှင် တွေမှာ အတူသရုပ်ဆောင် ပြီးနောက် ခင်မင်ကာ Instagram မှာ အချင်းချင်း Follow ပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် အခုတော့ အချင်းချင်း အပြန်အလှန် Unfollow လုပ်ခဲ့ ကြပါတယ်။ ဘယ်အကြောင်းအရင်းတွေကြောင့်လဲဆိုတာကတော့ စိတ်ဝင်စားစရာ ပါနော်။
အဓိက အကြောင်းအရင်းကတော့ အစအနောက်သန်သူကြီး P’ Oh (Mario) ကြောင့်ပါတဲ့ကွယ်။ Mario ဟာ Mai Davika ကို အမြဲတမ်း စ နောက် နေတတ်ပြီး Follow လိုက်၊ Unfollow လိုက်ပြုလုပ်ခဲ့ပါတယ်။ နောက်ပိုင်း မှာတော့ Mai က စိတ်တွေ ဆိုးပြီး Unfollow လုပ်ခဲ့ပါတယ် ။
သို့ပေမယ့် သူတို့နှစ်ဦး ဟာ ဆုံတဲ့အခါတိုင်း အရင်လို အရမ်းခင်မင်ကြတဲ့ အနုပညာမောင်နှမတွေ အဖြစ်ရှိနေကြဆဲပါ။ ခင်မင်တဲ့ Friendship ကို social media ပေါ်မှာ Follow ထားခြင်း၊ မထားခြင်းနဲ့တော့ ဆုံးဖြတ်လို့မရပါဘူးနော်။
Crd: