အ​ေရွ႕​ေတာင္အာရွမွာ အလွပဆုံး ေရတံခြန္အျဖစ္ နာမည္ၾကီးေနတဲ့ ရွမ္းျပည္​ေတာင္ပိုင္းက ဟိုက္ပါ​ေရတံခြန္

အ​ေရွ႕​ေတာင္အာရွမွာ အလွပဆုံး ေရတံခြန္အျဖစ္ နာမည္ၾကီးေနတဲ့ ရွမ္းျပည္​ေတာင္ပိုင္းက ဟိုက္ပါ​ေရတံခြန္
ဟိုက္ပါေရတံခြန္ ဟာ ရွမ္းျပည္နယ္ ေတာင္ပိုင္း မိုင္းရႉးၿမိဳ႕နယ္ထဲမွာ တည္ရွိပါတယ္။ မိုင္းရႉးၿမိဳ႕နယ္၏ အေနာက္ေတာင္ဘက္ ၁၂ မိုင္ အကြာတြင္ ရွိေသာ ဟိုက္ပါ ေက်း႐ြာအနားတြင္ တည္ရွိေသာေၾကာင့္ ဟိုက္ပါေရတံခြန္ဟု အမည္တြင္ခဲ့ျခင္း ျဖစ္ပါတယ္။

ေရတံခြန္၏ ေနာက္ခံတြင္ ေတာင္တန္းမ်ား ရွိၿပီး ပန္းေခ်ာင္းေပၚ၌ တည္ရွိေနပါသည္။ အထပ္ထပ္ေသာ ေရတံခြန္မ်ားႏွင့္ ၾကည္လင္ေအးျမေသာ ေရေၾကာင့္ အေရွ႕ေတာင္အာရွမွာ အလွဆုံး ေရတံခြန္တစ္ခု ဟူ၍ ေျပာစမွတ္ ျပဳၾက ပါတယ္။

ယခင္က လူသိနည္းခဲ့ေပမဲ့ ယခု အခ်ိန္ကာလတြင္ လူအမ်ား သြားေရာက္ လည္ပတ္ၾကသည္ကို ေတြ႕ရပါတယ္။

ေတာင္ႀကီးကေန (၆) နာရီေလာက္ ကားေမာင္းသြားရင္ ၎ေရတံခြန္ကို ေရာက္ႏိုင္ပါတယ္။ အင္မတန္မွ လွပၿပီး ခရီးသြား ဝါသနာပါသူမ်ားအတြက္ ေလ့လာစရာ၊ လည္ပတ္စရာ ေနရာေကာင္း တစ္ခု ျဖစ္ပါတယ္။

ေတာင္လမ္း၊ ေတာင္လမ္းမ်ား ျဖစ္လို႔ ကားေမာင္း ကြၽမ္းက်င္ၿပီး စိတ္ရွည္ သည္းခံႏိုင္စြမ္း ျပည့္ဝသည့္ ကားဆရာႀကီးမ်ားႏွင့္ အတူ စိတ္ခ် ယုံၾကည္ရေသာ ကားမ်ားျဖင့္ သြားေရာက္ လည္ပတ္သင့္ပါတယ္။

ဟိုက္ပါေရတံခြန္ႀကီးဟာ ရွမ္းျပည္ေတာင္ပိုင္း မိုင္းရႉးၿမိဳ႕ရဲ႕အေနာက္ဘက္မွာ တည္ရွိတဲ့ ဟိုက္ပါေက်း႐ြာေလးမွာ တည္ရွိပါတယ္။

ဒါေၾကာင့္မို႔ ဟိုက္ပါေရတံခြန္လို႔ ေခၚဆိုျခင္း ျဖစ္ပါတယ္။ ေရတံခြန္ႀကီးဟာ ပန္ေခ်ာင္းေပၚမွာ တည္ရွိၿပီး အဆင့္ဆင့္ အသြယ္သြယ္ ေရတံခြန္မ်ား ျဖာ က်ေနတာမို႔

အေရွ႕ေတာင္အာရွ တစ္ခြင္လုံးမွာအလွပဆုံး ေရတံခြန္လို႔ေတာင္ တင္စား ေျပာဆို သတ္မွတ္ၾကပါသလို အပန္းေျဖ အနားယူလို႔ ေကာင္းတဲ့ ေနရာေလး တစ္ခုလည္း ျဖစ္တယ္။

ရႈမဆုံးႏိုင္ တဲ့ အလွအပ မ်ားစြာနဲ႔ ဓါတ္ပုံေလးေတြ ႐ိုက္ၾကရင္း ေလွကေလး​ေတြ စီးရင္း ေရတံခြန္ႀကီးရဲ႕အလွေတြကို ခံစားႏိုင္ပါတယ္။

ဟိုက္ပါေရတံခြန္ ကို ေတာင္ႀကီးကေန ကားနဲ႔ ၆ နာရီေက်ာ္ေလာက္ သြားရၿပီး မိုင္းပြန္ ပင္လုံ လဲခ်ား မိုင္းေနာင္ မိုင္းရႉးၿမိဳ႕ မေရာက္ခင္ ဟိုက္ပါ႐ြာကို ၆ မိုင္ ခန္႔ ဝင္သြားရပါတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

Unicode

အရှေ့တောင်အာရှမှာ အလှပဆုံး ရေတံခွန်အဖြစ် နာမည်ကြီးနေတဲ့ ရှမ်းပြည်တောင်ပိုင်းက ဟိုက်ပါရေတံခွန်
ဟိုက်ပါရေတံခွန် ဟာ ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှူးမြို့နယ်ထဲမှာ တည်ရှိပါတယ်။ မိုင်းရှူးမြို့နယ်၏ အနောက်တောင်ဘက် ၁၂ မိုင် အကွာတွင် ရှိသော ဟိုက်ပါ ကျေးရွာအနားတွင် တည်ရှိသောကြောင့် ဟိုက်ပါရေတံခွန်ဟု အမည်တွင်ခဲ့ခြင်း ဖြစ်ပါတယ်။

ရေတံခွန်၏ နောက်ခံတွင် တောင်တန်းများ ရှိပြီး ပန်းချောင်းပေါ်၌ တည်ရှိနေပါသည်။ အထပ်ထပ်သော ရေတံခွန်များနှင့် ကြည်လင်အေးမြသော ရေကြောင့် အရှေ့တောင်အာရှမှာ အလှဆုံး ရေတံခွန်တစ်ခု ဟူ၍ ပြောစမှတ် ပြုကြ ပါတယ်။

ယခင်က လူသိနည်းခဲ့ပေမဲ့ ယခု အချိန်ကာလတွင် လူအများ သွားရောက် လည်ပတ်ကြသည်ကို တွေ့ရပါတယ်။

တောင်ကြီးကနေ (၆) နာရီလောက် ကားမောင်းသွားရင် ၎င်းရေတံခွန်ကို ရောက်နိုင်ပါတယ်။ အင်မတန်မှ လှပပြီး ခရီးသွား ဝါသနာပါသူများအတွက် လေ့လာစရာ၊ လည်ပတ်စရာ နေရာကောင်း တစ်ခု ဖြစ်ပါတယ်။

တောင်လမ်း၊ တောင်လမ်းများ ဖြစ်လို့ ကားမောင်း ကျွမ်းကျင်ပြီး စိတ်ရှည် သည်းခံနိုင်စွမ်း ပြည့်ဝသည့် ကားဆရာကြီးများနှင့် အတူ စိတ်ချ ယုံကြည်ရသော ကားများဖြင့် သွားရောက် လည်ပတ်သင့်ပါတယ်။

ဟိုက်ပါရေတံခွန်ကြီးဟာ ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့ရဲ့အနောက်ဘက်မှာ တည်ရှိတဲ့ ဟိုက်ပါကျေးရွာလေးမှာ တည်ရှိပါတယ်။

ဒါကြောင့်မို့ ဟိုက်ပါရေတံခွန်လို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ ရေတံခွန်ကြီးဟာ ပန်ချောင်းပေါ်မှာ တည်ရှိပြီး အဆင့်ဆင့် အသွယ်သွယ် ရေတံခွန်များ ဖြာ ကျနေတာမို့

အရှေ့တောင်အာရှ တစ်ခွင်လုံးမှာအလှပဆုံး ရေတံခွန်လို့တောင် တင်စား ပြောဆို သတ်မှတ်ကြပါသလို အပန်းဖြေ အနားယူလို့ ကောင်းတဲ့ နေရာလေး တစ်ခုလည်း ဖြစ်တယ်။

ရှုမဆုံးနိုင် တဲ့ အလှအပ များစွာနဲ့ ဓါတ်ပုံလေးတွေ ရိုက်ကြရင်း လှေကလေးတွေ စီးရင်း ရေတံခွန်ကြီးရဲ့အလှတွေကို ခံစားနိုင်ပါတယ်။

ဟိုက်ပါရေတံခွန် ကို တောင်ကြီးကနေ ကားနဲ့ ၆ နာရီကျော်လောက် သွားရပြီး မိုင်းပွန် ပင်လုံ လဲချား မိုင်းနောင် မိုင်းရှူးမြို့ မရောက်ခင် ဟိုက်ပါရွာကို ၆ မိုင် ခန့် ဝင်သွားရပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Leave a Comment