တန်ဖိုးအရှိဆုံးပို့လို့ ပြောမယ်ဗျာ တစ်ကြိမ်ပဲ လုပ်ရုံနဲ့ ဆားဝက်ခြံတွေ ပျောက်ပြီ
တန်ဖိုးရှိလိုက်တာ… တစ်ကြိမ်တည်းလုပ်ရုံနဲ့ ဆားဝက်ခြံတွေကို ပျောက်ကင်းသွားစေတဲ့ သခွားသီး နည်း
လှတဲ့သူတိုင်း ဆားဝက်ခြံရှိတယ်လို့ ကြားဖူးတယ်။ ဒါပေမယ့် ဆားဝက်ခြံရှိနေတာတော့ ဘယ်သူမှ ကြိုက်ကြမယ်မထင်ပါဘူး။ ဆားဝက်ခြံတွေဟာ နှာခေါင်း၊
မေးစေ့နှင့် ပါးပြင်တွေမှာ အများဆုံးဖြစ်လေ့ရှိပြီး ညှစ်ရင်လည်း ပွါးတတ်တာကြောင့် အတော်စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။
ဒီထက်ပိုးဆိုးလျှင် အပေါက်အကြီးကြီးတွေဖြစ်ပြီး မျက်နှာမှာ ကြည့်ရဆိုးပါတယ်။ ဆားဝက်ခြံ သက်သာစေတဲ့နည်းတွေကတော့ အများကြီးရှိပါတယ်။
ဒီတစ်ခါ ဖော်ပြပေးမယ့် နည်းလမ်းလေးကတော့ လွယ်ကူပြီး ရိုးရှင်းပါတယ်။ ဆားဝက်ခြံကို ပျောက်ကင်းစေရုံသာမက အသားအရေကို ဖြူဝင်းပြီး စိုပြေလာစေပါတယ်။
ပထမဦးဆုံး လုပ်ရမှာကတော့ သခွားသီးကို အကွင်းပုံစံ လှီးလိုက်ပါ။ တစ်ခုဆို လုံလောက်ပါပြီ။ ပြီးလျှင် အပေါ်မှ သကြားဖြူးလိုက်ပါ။ ဒါဆိုရင်တော့ နှာခေါင်းပေါ်က ဆားဝက်ခြံတွေကို ဖယ်ရှားဖို့အတွက် အဆင်သင့်ဖြစ်ပါပြီ ။
ပြုလုပ်နည်း – ပထမဦးစွာ လက်ကိုင်ပုဝါ (သို့)အဝတ်သန့်သန့်ကို ရေနွေးနွေးထဲမှာစိမ်ပြီး ဆားဝက်ခြံရှိတဲ့ နှာခေါင်းပေါ်မှာ ဖိကပ်ပေးပါ မိနစ်အနည်းငယ် ဖိကပ်ပေးပါ။
ဒီလိုလုပ်ခြင်းအားဖြင့် ချွေးပေါက်တွေကို ကျယ်စေပြီး ဆားဝက်ခြံ ဖယ်ရှားနိုင်ဖို့အတွက် ပိုပြီး အထောက်အကူဖြစ်ပါတယ်။ ထို့နောက် သကြားဖြူးထားသော သခွားသီးဖြင့် နှာခေါင်းကို ပွတ်ပေးပါ။
အနည်းဆုံး ၅မိနစ် နှင့်အထက် သကြားများ အရည်ပျော်သည်အထိ ပွတ်ပေးရပါမယ်။ ပွတ်ပြီးသွားလျှင်တော့ ရေအေးဖြင့် ဆေးကြောလိုက်ပါ။
ထို့နောက် ချွေးပေါက်ကျဉ်းသွားအောင် တိုနာ (သို့) နှင်းဆီရည်ဖြင့် နှာခေါင်းကို လိမ်းပေးပါ
နှင်းဆီရေ ပြုလုပ်ပုံ – ၁။ နှင်းဆီပွင့်ဖက်များကို သန့်ရှင်းသော ဇလုံတစ်လုံးထဲသို့ ခြွေထည့်ပါ။
၂။ ခြွေပြီးသား ပွင့်ဖက်များကို ရေသန့်သန့်နှင့် ဆေးပါ။၃။ ဆေးပြီးသား ပွင့်ဖက်များထဲသို့ ရေနွေးဆူဆူတစ်ခွက် လောင်းထည့်ပြီး ၅ မိနစ်ခန့်မွှေပါ။
၄။ ပြီးလျှင်အအေးခံပြီး ပွင့်ဖက်များမပါအောင် အငွေ့လုံသော ဘူးသန့်သေးသေး တစ်လုံးထဲသို့ လောင်းထည့်ပါ။၅။ ဤအရေများကို နှင်းဆီရေအဖြစ် အသုံးပြုနိုင်ပါပြီ။
တစ်ခါလုပ်ရုံဖြင့် သိသိသာသာကို ဆားဝက်ခြံတွေ မရှိတော့တာ မြင်တွေ့ရမှာပါ။ သင့်နှာခေါင်းမှာ ဆားဝက်ခြံတွေ ထူလပျစ်ဖြစ်နေတဲ့ နေ့မျိးဆိုရင် ဒီနည်းလမ်းလေးက ဖြေရှင်းပေးနိုင်မှာပါ။
နေ့စဉ်ပုံမှန် လုပ်ပေးမယ်ဆိုရင်တော့ အသားအရေကို ကြည်လင် သန့်စင်လာစေပြီး ချွေးပေါက်တွေကျဉ်းသွားကာ ဆားဝက်ခြံများ နောက်ထပ် မဖြစ်ပေါ်အောင် ကာကွယ်ပြီးသား ဖြစ်နေမှာပါ။
Credit – ယမင်းဖြူ
တန္ဖိုးအရွိဆုံးပို႔လို႔ ေျပာမယ္ဗ်ာ တစ္ႀကိမ္ပဲ လုပ္႐ုံနဲ႔ ဆားဝက္ၿခံေတြ ေပ်ာက္ၿပီ
တန္ဖိုးရွိလိုက္တာ… တစ္ႀကိမ္တည္းလုပ္႐ုံနဲ႔ ဆားဝက္ၿခံေတြကို ေပ်ာက္ကင္းသြားေစတဲ့ သခြားသီး နည္း
လွတဲ့သူတိုင္း ဆားဝက္ၿခံရွိတယ္လို႔ ၾကားဖူးတယ္။ ဒါေပမယ့္ ဆားဝက္ၿခံရွိေနတာေတာ့ ဘယ္သူမွ ႀကိဳက္ၾကမယ္မထင္ပါဘူး။ ဆားဝက္ၿခံေတြဟာ ႏွာေခါင္း၊
ေမးေစ့ႏွင့္ ပါးျပင္ေတြမွာ အမ်ားဆုံးျဖစ္ေလ့ရွိၿပီး ညႇစ္ရင္လည္း ပြါးတတ္တာေၾကာင့္ အေတာ္စိတ္အေႏွာင့္အယွက္ျဖစ္ရပါတယ္။
ဒီထက္ပိုးဆိုးလွ်င္ အေပါက္အႀကီးႀကီးေတြျဖစ္ၿပီး မ်က္ႏွာမွာ ၾကည့္ရဆိုးပါတယ္။ ဆားဝက္ၿခံ သက္သာေစတဲ့နည္းေတြကေတာ့ အမ်ားႀကီးရွိပါတယ္။
ဒီတစ္ခါ ေဖာ္ျပေပးမယ့္ နည္းလမ္းေလးကေတာ့ လြယ္ကူၿပီး ႐ိုးရွင္းပါတယ္။ ဆားဝက္ၿခံကို ေပ်ာက္ကင္းေစ႐ုံသာမက အသားအေရကို ျဖဴဝင္းၿပီး စိုေျပလာေစပါတယ္။
ပထမဦးဆုံး လုပ္ရမွာကေတာ့ သခြားသီးကို အကြင္းပုံစံ လွီးလိုက္ပါ။ တစ္ခုဆို လုံေလာက္ပါၿပီ။ ၿပီးလွ်င္ အေပၚမွ သၾကားျဖဴးလိုက္ပါ။ ဒါဆိုရင္ေတာ့ ႏွာေခါင္းေပၚက ဆားဝက္ၿခံေတြကို ဖယ္ရွားဖို႔အတြက္ အဆင္သင့္ျဖစ္ပါၿပီ ။
ျပဳလုပ္နည္း – ပထမဦးစြာ လက္ကိုင္ပုဝါ (သို႔)အဝတ္သန႔္သန႔္ကို ေရေႏြးေႏြးထဲမွာစိမ္ၿပီး ဆားဝက္ၿခံရွိတဲ့ ႏွာေခါင္းေပၚမွာ ဖိကပ္ေပးပါ မိနစ္အနည္းငယ္ ဖိကပ္ေပးပါ။
ဒီလိုလုပ္ျခင္းအားျဖင့္ ေခြၽးေပါက္ေတြကို က်ယ္ေစၿပီး ဆားဝက္ၿခံ ဖယ္ရွားႏိုင္ဖို႔အတြက္ ပိုၿပီး အေထာက္အကူျဖစ္ပါတယ္။ ထို႔ေနာက္ သၾကားျဖဴးထားေသာ သခြားသီးျဖင့္ ႏွာေခါင္းကို ပြတ္ေပးပါ။
အနည္းဆုံး ၅မိနစ္ ႏွင့္အထက္ သၾကားမ်ား အရည္ေပ်ာ္သည္အထိ ပြတ္ေပးရပါမယ္။ ပြတ္ၿပီးသြားလွ်င္ေတာ့ ေရေအးျဖင့္ ေဆးေၾကာလိုက္ပါ။
ထို႔ေနာက္ ေခြၽးေပါက္က်ဥ္းသြားေအာင္ တိုနာ (သို႔) ႏွင္းဆီရည္ျဖင့္ ႏွာေခါင္းကို လိမ္းေပးပါ
ႏွင္းဆီေရ ျပဳလုပ္ပုံ – ၁။ ႏွင္းဆီပြင့္ဖက္မ်ားကို သန႔္ရွင္းေသာ ဇလုံတစ္လုံးထဲသို႔ ေႁခြထည့္ပါ။
၂။ ေႁခြၿပီးသား ပြင့္ဖက္မ်ားကို ေရသန႔္သန႔္ႏွင့္ ေဆးပါ။၃။ ေဆးၿပီးသား ပြင့္ဖက္မ်ားထဲသို႔ ေရေႏြးဆူဆူတစ္ခြက္ ေလာင္းထည့္ၿပီး ၅ မိနစ္ခန႔္ေမႊပါ။
၄။ ၿပီးလွ်င္အေအးခံၿပီး ပြင့္ဖက္မ်ားမပါေအာင္ အေငြ႕လုံေသာ ဘူးသန႔္ေသးေသး တစ္လုံးထဲသို႔ ေလာင္းထည့္ပါ။၅။ ဤအေရမ်ားကို ႏွင္းဆီေရအျဖစ္ အသုံးျပဳႏိုင္ပါၿပီ။
တစ္ခါလုပ္႐ုံျဖင့္ သိသိသာသာကို ဆားဝက္ၿခံေတြ မရွိေတာ့တာ ျမင္ေတြ႕ရမွာပါ။ သင့္ႏွာေခါင္းမွာ ဆားဝက္ၿခံေတြ ထူလပ်စ္ျဖစ္ေနတဲ့ ေန႔မ်ိးဆိုရင္ ဒီနည္းလမ္းေလးက ေျဖရွင္းေပးႏိုင္မွာပါ။
ေန႔စဥ္ပုံမွန္ လုပ္ေပးမယ္ဆိုရင္ေတာ့ အသားအေရကို ၾကည္လင္ သန႔္စင္လာေစၿပီး ေခြၽးေပါက္ေတြက်ဥ္းသြားကာ ဆားဝက္ၿခံမ်ား ေနာက္ထပ္ မျဖစ္ေပၚေအာင္ ကာကြယ္ၿပီးသား ျဖစ္ေနမွာပါ။
Credit – ယမင္းျဖဴ