လက်မထပ်ခင် ကိုယ့်ချစ်သူနဲ့အတူ လုပ်ဖူးထားသင့်တဲ့ အရာ(၄)ခု…
ကိုယ့်ချစ်သူနဲ့အတူ အိမ်ထောင်တစ်ခု တည်ထောင်ဖို့ ဆုံးဖြတ်ချက် မချခင်မှာ အရင်ဆုံး သူနဲ့အတူ ပြုလုပ်ဖူးသင့်တဲ့ အရာတွေ ရှိနေပါတယ် …။
တစ်ယောက်အကြောင်း တစ်ယောက် ဘာမှ ဂဃနဏမသိပဲ တွဲတာ လပိုင်းလောက်နဲ့ မင်္ဂလာခန်းမထဲ ဝင်လိုက်မိတယ် ဆိုရင်တော့ ဒီအိမ်ထောင်ဟာ နားလည်မှုပိုင်း အားနည်းနိုင်သလို၊ အိမ်ထောင်ရေး ပြသနာတွေလည်း ရှုပ်ထွေးတတ်ပါတယ် …။
အခုလို ပြောလို့ အရင်က လူကြီးမိဘတွေ ပေးစားတဲ့အတိုင်း တွေ့ကြည့်ပြီး ယူလိုက်တာမျိုးတွေ ရှိနေတာပဲ၊ တစ်သက်လုံး အေးအေးချမ်းချမ်း နေသွားနိုင်ကြတာပဲလို့ ဆိုစရာ ရှိပါတယ်။ ဒါကို ပြန်မေးစရာရှိတာက ခုလို အိမ်က ဒီလူနဲ့ သင့်တော်တယ်ဆိုလို့ အိမ်ထောင်ပြုရာက အဆင်မပြေတာ၊ ဖောက်ပြန်တာ၊ နားမလည်တာတွေ ရှိကြရင်တောင် အရင်ခေတ်က လူတွေဟာ ကွဲဖို့၊ ကွာဖို့ လွန်စွာရှက်ရွံတတ်ကြတဲ့ လူမျိုးတွေပါ …။
ကွဲလိုက်မယ်ဟဲ့ ဆိုတဲ့စိတ်ကို မျိုသိပ်၊ နာကြည်းမှုတွေနဲ့သာ တစ်သက်လုံး နေသွားရတာမျိုးတွေ ရှိတာမို့ ဒါမျိုးတွေ မဖြစ်ရအောင် အိမ်ထောင်မပြုခင် လုပ်ဖူးထားသင့်တဲ့ အရာတွေကို အခုလို အကြံလေးတွေ ပေးချင်ပါတယ်နော် …။
၁။ တစ်ဦးနဲ့တစ်ဦး ရန်ဖြစ်ကို ဖြစ်ဖူးထားရပါမယ်…
ကိုယ်အိမ်ထောင်ပြုမယ့် သူနဲ့ တစ်ခါဆိုတစ်ခါမှ ရန်ဖြစ်တာမျိုး မရှိဘူးလား။ ဒါဆို တစ်ယောက်နဲ့ တစ်ယောက် သဘောမတူညီတဲ့ ကိစ္စရပ်တွေ၊ နှစ်သားကြားက ဖြစ်လာနိုင်တဲ့ ပြသနာတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းဖို့ စဉ်းစားထားပါ သလဲ …?
သဘာဝကျကျပဲ ဆိုရမယ်ဆိုရင် အတွဲတိုင်းဟာ အနည်းဆုံး ပြသနာတစ်ခါ၊ နှစ်ခါ၊ ဒီ့ထက်မက တက်ဖူးကြပါတယ်။ ဒီလိုအချိန်မှာ တစ်ဦးနဲ့တစ်ဦး နားလည်မှုပိုရှိသွားတာမျိုး ကြုံရမှာ ဖြစ်သလို သူမကြိုက်တာ၊ ကိုယ်မကြိုက်တာတွေလည်း ပိုပြီးသိသွားမှာပါ …။
ဒီလိုမျိုး ပြသနာတစ်ခါမှမတက်ဖူး၊ ရန်တစ်ခါမှမဖြစ်ဖူးတဲ့ သူနှစ်ဦး အိမ်ထောင်ကျတဲ့အခါ စိတ်သဘောထား မတိုက်ဆိုင်တာတွေ ကြုံလာရရင် သူတို့ ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာကို မသိနိုင်ပါဘူး …။
၂။ နှစ်ဦးစလုံးနဲ့ မရင်းနှီးတဲ့ နေရာဒေသတွေကို ခရီးအတူ ထွက်ဖူးထားရမယ်…
အိမ်ထောင်ပြုခြင်းဟာ စွန့်စားခန်းကြီးလို့တော့ မဆိုချင်ပါဘူး။ ဒါပေမယ့် ထူးဆန်းတာတွေကို မြင်တွေ့ ကြုံတွေ့ရမယ့် ခရီးရှည်ကြီး တစ်ခုလို့တော့ ပြောပါရစေ …။
ဒီတော့ ဒီခရီးကို အတူသွားမယ့် လူနှစ်ယောက်မှာ မကြုံတွေ့ဖူးတဲ့ အရာတွေနဲ့ ကြုံလာရတဲ့အခါ၊ သူစိမ်းတွေနဲ့ တွေ့ဆုံဆက်ဆံတဲ့အခါ ဘယ်လိုတုံပြန်မလဲ၊ ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာမျိုးဟာ သင်တို့နှစ်ယောက်အတူ ခရီးသွားဖူးတဲ့အခါ သိသွားမယ့် အရာပါပဲ။ သင်တို့နှစ်ဦးမှာ အစီအစဉ်ကျကျ စဉ်းစားထားတာမျိုးတွေ ကြုံဖူးသွားမယ် …။
ကိုယ်စီစဉ်ထားသလို ဖြစ်မလာတဲ့အခါ ဘယ်လိုပြန်စဉ်းစားဆုံးဖြတ်ကြမယ်ဆိုတဲ့ အတွေ့အကြုံတွေ၊ စိတ်လှုပ်ရှားစရာ အသစ်အသစ်သော အရာတွေ အားလုံးဟာ သင်တို့အတူ ခရီးသွားဖူးထားပါမှ ပိုအဆင်ပြေလိမ့်မယ်လို့ အကြံပေးချင်ပါတယ်နော် …။
၃။ နှစ်ဦးနှစ်ဖက်က မိသားစုဝင်တွေနဲ့ ရင်နှီးပြီးသား ဖြစ်ရပါမယ်…
အိမ်ထောင်ပြုတဲ့အချိန်ရောက်မှ ကိုယ့်ချစ်သူရဲ့ မိဘတွေ၊ မောင်နှမတွေကို မြင်တွေ့ဖူးတာမျိုး ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ ရည်းစားဘဝမှာကတည်း တစ်အိမ်ကို တစ်အိမ် ဝင်ထွက်နိုင်ရင်တော့ ပိုကောင်းပါတယ် …။
ဒီလိုဆိုရင် ကိုယ့်ချစ်သူရဲ့ မိသားစုဝင်တွေအကြောင်း၊ သူတို့ရဲ့ စိတ်နေစိတ်ထား၊ နေပုံထိုင်ပုံစတာတွေကို အကဲခတ်နိုင်မှာ ဖြစ်သလို ကိုယ့်ချစ်သူအကြောင်းလည်း ပိုပြီးနားလည်လာမှာပါ …။
၄။ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေ့လာသုံးသပ်ဖူးရပါမယ်…
ချစ်သူနှစ်ဦးမှာ တစ်ဦးက အလုပ်တွေ များလွန်းလို့ ကိုယ့်ကိုအချိန်မပေးနိုင်တာကြောင့် သိပ်မတွေ့ဖြစ်ကြဘူးဆိုတဲ့ စကားဟာ တကယ်တော့ စိတ်ကုန်ဖို့ ကောင်းလွန်းပါတယ် …။
ဘယ်သူမဆို ကိုယ်ချစ်ရတဲ့သူအတွက်တော့ မရရအောင် အချိန် ဖဲ့ပေးတတ်ကြပါတယ်။ ဒါမှလည်း တစ်ဦးရဲ့အကြိုက်၊ တစ်ဦးရဲ့သဘောထားတွေကို နားလည်နိုင်မှာဖြစ်ပြီး နားလည်မှု ဆိုတာလည်း ပိုရှိနိုင်မှာပါ …။
ဒီလိုအချိန်ကျမှ တစ်ဦးနဲ့တစ်ဦး သုံးသပ်ဆုံးဖြတ်ရင်း ငါသူနဲ့ ဘဝတစ်လျှောက်နဲ့ အတူနေဖို့ အဆင်ပြေမလားဆိုတာ တွေးရမှာပါနော် …။ ။
Credit – LoveShop
Unicode
လက္မထပ္ခင္ ကိုယ့္ခ်စ္သူနဲ႔အတူ လုပ္ဖူးထားသင့္တဲ့ အရာ(၄)ခု…
ကိုယ့္ခ်စ္သူနဲ႔အတူ အိမ္ေထာင္တစ္ခု တည္ေထာင္ဖို႔ ဆုံးျဖတ္ခ်က္ မခ်ခင္မွာ အရင္ဆုံး သူနဲ႔အတူ ျပဳလုပ္ဖူးသင့္တဲ့ အရာေတြ ရွိေနပါတယ္ …။
တစ္ေယာက္အေၾကာင္း တစ္ေယာက္ ဘာမွ ဂဃနဏမသိပဲ တြဲတာ လပိုင္းေလာက္နဲ႔ မဂၤလာခန္းမထဲ ဝင္လိုက္မိတယ္ ဆိုရင္ေတာ့ ဒီအိမ္ေထာင္ဟာ နားလည္မႈပိုင္း အားနည္းႏိုင္သလို၊ အိမ္ေထာင္ေရး ျပသနာေတြလည္း ရႈပ္ေထြးတတ္ပါတယ္ …။
အခုလို ေျပာလို႔ အရင္က လူႀကီးမိဘေတြ ေပးစားတဲ့အတိုင္း ေတြ႕ၾကည့္ၿပီး ယူလိုက္တာမ်ိဳးေတြ ရွိေနတာပဲ၊ တစ္သက္လုံး ေအးေအးခ်မ္းခ်မ္း ေနသြားႏိုင္ၾကတာပဲလို႔ ဆိုစရာ ရွိပါတယ္။ ဒါကို ျပန္ေမးစရာရွိတာက ခုလို အိမ္က ဒီလူနဲ႔ သင့္ေတာ္တယ္ဆိုလို႔ အိမ္ေထာင္ျပဳရာက အဆင္မေျပတာ၊ ေဖာက္ျပန္တာ၊ နားမလည္တာေတြ ရွိၾကရင္ေတာင္ အရင္ေခတ္က လူေတြဟာ ကြဲဖို႔၊ ကြာဖို႔ လြန္စြာရွက္႐ြံတတ္ၾကတဲ့ လူမ်ိဳးေတြပါ …။
ကြဲလိုက္မယ္ဟဲ့ ဆိုတဲ့စိတ္ကို မ်ိဳသိပ္၊ နာၾကည္းမႈေတြနဲ႔သာ တစ္သက္လုံး ေနသြားရတာမ်ိဳးေတြ ရွိတာမို႔ ဒါမ်ိဳးေတြ မျဖစ္ရေအာင္ အိမ္ေထာင္မျပဳခင္ လုပ္ဖူးထားသင့္တဲ့ အရာေတြကို အခုလို အႀကံေလးေတြ ေပးခ်င္ပါတယ္ေနာ္ …။
၁။ တစ္ဦးနဲ႔တစ္ဦး ရန္ျဖစ္ကို ျဖစ္ဖူးထားရပါမယ္…
ကိုယ္အိမ္ေထာင္ျပဳမယ့္ သူနဲ႔ တစ္ခါဆိုတစ္ခါမွ ရန္ျဖစ္တာမ်ိဳး မရွိဘူးလား။ ဒါဆို တစ္ေယာက္နဲ႔ တစ္ေယာက္ သေဘာမတူညီတဲ့ ကိစၥရပ္ေတြ၊ ႏွစ္သားၾကားက ျဖစ္လာႏိုင္တဲ့ ျပသနာေတြကို ဘယ္လို ကိုင္တြယ္ေျဖရွင္းဖို႔ စဥ္းစားထားပါ သလဲ …?
သဘာဝက်က်ပဲ ဆိုရမယ္ဆိုရင္ အတြဲတိုင္းဟာ အနည္းဆုံး ျပသနာတစ္ခါ၊ ႏွစ္ခါ၊ ဒီ့ထက္မက တက္ဖူးၾကပါတယ္။ ဒီလိုအခ်ိန္မွာ တစ္ဦးနဲ႔တစ္ဦး နားလည္မႈပိုရွိသြားတာမ်ိဳး ႀကဳံရမွာ ျဖစ္သလို သူမႀကိဳက္တာ၊ ကိုယ္မႀကိဳက္တာေတြလည္း ပိုျပီးသိသြားမွာပါ …။
ဒီလိုမ်ိဳး ျပသနာတစ္ခါမွမတက္ဖူး၊ ရန္တစ္ခါမွမျဖစ္ဖူးတဲ့ သူႏွစ္ဦး အိမ္ေထာင္က်တဲ့အခါ စိတ္သေဘာထား မတိုက္ဆိုင္တာေတြ ႀကဳံလာရရင္ သူတို႔ ဘယ္လိုကိုင္တြယ္ေျဖရွင္းရမယ္ဆိုတာကို မသိႏိုင္ပါဘူး …။
၂။ ႏွစ္ဦးစလုံးနဲ႔ မရင္းႏွီးတဲ့ ေနရာေဒသေတြကို ခရီးအတူ ထြက္ဖူးထားရမယ္…
အိမ္ေထာင္ျပဳျခင္းဟာ စြန႔္စားခန္းႀကီးလို႔ေတာ့ မဆိုခ်င္ပါဘူး။ ဒါေပမယ့္ ထူးဆန္းတာေတြကို ျမင္ေတြ႕ ႀကဳံေတြ႕ရမယ့္ ခရီးရွည္ႀကီး တစ္ခုလို႔ေတာ့ ေျပာပါရေစ …။
ဒီေတာ့ ဒီခရီးကို အတူသြားမယ့္ လူႏွစ္ေယာက္မွာ မႀကဳံေတြ႕ဖူးတဲ့ အရာေတြနဲ႔ ႀကဳံလာရတဲ့အခါ၊ သူစိမ္းေတြနဲ႔ ေတြ႕ဆုံဆက္ဆံတဲ့အခါ ဘယ္လိုတုံျပန္မလဲ၊ ဘယ္လိုေရွ႕ဆက္ၾကမလဲဆိုတာမ်ိဳးဟာ သင္တို႔ႏွစ္ေယာက္အတူ ခရီးသြားဖူးတဲ့အခါ သိသြားမယ့္ အရာပါပဲ။ သင္တို႔ႏွစ္ဦးမွာ အစီအစဥ္က်က် စဥ္းစားထားတာမ်ိဳးေတြ ႀကဳံဖူးသြားမယ္ …။
ကိုယ္စီစဥ္ထားသလို ျဖစ္မလာတဲ့အခါ ဘယ္လိုျပန္စဥ္းစားဆုံးျဖတ္ၾကမယ္ဆိုတဲ့ အေတြ႕အႀကဳံေတြ၊ စိတ္လႈပ္ရွားစရာ အသစ္အသစ္ေသာ အရာေတြ အားလုံးဟာ သင္တို႔အတူ ခရီးသြားဖူးထားပါမွ ပိုအဆင္ေျပလိမ့္မယ္လို႔ အႀကံေပးခ်င္ပါတယ္ေနာ္ …။
၃။ ႏွစ္ဦးႏွစ္ဖက္က မိသားစုဝင္ေတြနဲ႔ ရင္ႏွီးၿပီးသား ျဖစ္ရပါမယ္…
အိမ္ေထာင္ျပဳတဲ့အခ်ိန္ေရာက္မွ ကိုယ့္ခ်စ္သူရဲ႕ မိဘေတြ၊ ေမာင္ႏွမေတြကို ျမင္ေတြ႕ဖူးတာမ်ိဳး ဘယ္လိုမွ မျဖစ္သင့္ပါဘူး။ ရည္းစားဘဝမွာကတည္း တစ္အိမ္ကို တစ္အိမ္ ဝင္ထြက္ႏိုင္ရင္ေတာ့ ပိုေကာင္းပါတယ္ …။
ဒီလိုဆိုရင္ ကိုယ့္ခ်စ္သူရဲ႕ မိသားစုဝင္ေတြအေၾကာင္း၊ သူတို႔ရဲ႕ စိတ္ေနစိတ္ထား၊ ေနပုံထိုင္ပုံစတာေတြကို အကဲခတ္ႏိုင္မွာ ျဖစ္သလို ကိုယ့္ခ်စ္သူအေၾကာင္းလည္း ပိုျပီးနားလည္လာမွာပါ …။
၄။ တစ္ဦးနဲ႔တစ္ဦး အျပန္အလွန္ ေလ့လာသုံးသပ္ဖူးရပါမယ္…
ခ်စ္သူႏွစ္ဦးမွာ တစ္ဦးက အလုပ္ေတြ မ်ားလြန္းလို႔ ကိုယ့္ကိုအခ်ိန္မေပးႏိုင္တာေၾကာင့္ သိပ္မေတြ႕ျဖစ္ၾကဘူးဆိုတဲ့ စကားဟာ တကယ္ေတာ့ စိတ္ကုန္ဖို႔ ေကာင္းလြန္းပါတယ္ …။
ဘယ္သူမဆို ကိုယ္ခ်စ္ရတဲ့သူအတြက္ေတာ့ မရရေအာင္ အခ်ိန္ ဖဲ့ေပးတတ္ၾကပါတယ္။ ဒါမွလည္း တစ္ဦးရဲ႕အႀကိဳက္၊ တစ္ဦးရဲ႕သေဘာထားေတြကို နားလည္ႏိုင္မွာျဖစ္ၿပီး နားလည္မႈ ဆိုတာလည္း ပိုရွိႏိုင္မွာပါ …။
ဒီလိုအခ်ိန္က်မွ တစ္ဦးနဲ႔တစ္ဦး သုံးသပ္ဆုံးျဖတ္ရင္း ငါသူနဲ႔ ဘဝတစ္ေလွ်ာက္နဲ႔ အတူေနဖို႔ အဆင္ေျပမလားဆိုတာ ေတြးရမွာပါေနာ္ …။ ။
Credit – LoveShop