ပါးစောင်နဲ့ နဖူးတစ်ဝိုက် အဆီဖုထွက်ခြင်းကို သက်သာစေမယ့် အသားအရေထိန်းသိမ်းနည်း (၆)မျို:

အဆီဖုက ဝက်ခြံလို အဖုကြီးပြီး နာကျင်တတ်တာမျိုးမဟုတ်ပေမယ့် အပြုံလိုက်ထွက်လာတတ်တာကြောင့် မိတ်ကပ်လိမ်းတဲ့အချိန်တွေမှာ စိတ်ညစ်ဖို့ကောင်းတာတော့အမှန်ပါပဲ။

 

အဆီဖုဖြူဖြူတွေက တစ်ခါတစ်ရံမှာ အဆီပြန်တတ်တဲ့နေရာတွေအပြင် မျက်နှာဘေးက ပါးစောင်နေရာတွေမှာပါ ထွက်တတ်တာကြောင့် ဒါတွေကို ပြန်လည်ဖယ်ရှားနိုင်ဖို့ ပြုလုပ်ပေးရမယ့် အသားအရေထိန်းသိမ်းနည်းတွေကိုပြောပြပေးချင်ပါတယ်။

 

 

 

 

၁။ မျက်နှာကိုသေချာသန့်စင်ပေးပါ မျက်နှာယားယံတာတွေမဖြစ်စေဖို့ မျက်နှာသစ်ဆေးအပျော့နဲ့ ဖြေးဖြေးချင်းပွတ်ပြီး သန့်စင်ပေးပါ။အဆီဖုထွက်တဲ့နေရာတစ်ဝိုက်ကို သေချာသန့်စင်ပေးဖို့ အရေးကြီးပါတယ်။

 

 

 

 

မျက်နှာသစ်တဲ့အခါ ချွေးပေါက်ပွင့်စေဖို့ ရေနွေးနွေးကိုအသုံးပြုပေးပါ။Scrub လုပ်တဲ့အခါမှာလည်း မျက်နှာကို ကြမ်းကြမ်းတမ်းတမ်းမပွတ်မိအောင်သတိထားဖို့လိုပါတယ်။

 

 

 

၂။ Vitamin A ပါဝင်တဲ့ Cream တွေလိမ်းပေးပါ Vitamin A က အသားအရေနီမြန်းခြင်းနဲ့ ရောင်ရမ်းခြင်းတွေကိုသက်သာစေတဲ့အာဟာရဓာတ်တစ်မျိုးဖြစ်ပြီး အရေပြားကျန်းမာရေးကိုအကျိုးပြုစေမယ့်

 

 

 

 

ဆဲလ်အသစ်ဖြစ်ပေါ်ခြင်းကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ ဒါကြောင့် Vitamin A ကရရှိတဲ့ Retinoids Cream တွေလိမ်းပြီး အသားအရေကိုပြန်လည်ထိန်းသိမ်းပေးပါ။

 

 

၃။ Sunscreen အမြဲလိမ်းပါ အဆီဖုရှိတဲ့သူတွေအနေနဲ့ ကိုယ်လုပ်နေကျ Skincare အဆင့်တွေထဲမှာ Sunscreen လိမ်းတဲ့အဆင့်ကိုလည်း မဖြစ်မနေထည့်သွင်းပြုလုပ်ပေးဖို့လိုပါတယ်။ SPF ပါဝင်မှုများပြီး ကိုယ့်အသားအရေနဲ့အဆင်ပြေတဲ့ Sunscreen တစ်မျိုးကို ပုံမှန်အသုံးပြုပေးပါ။

 

 

 

 

၄။ မျက်နှာကိုတစ်ပတ်တစ်ခါပုံမှန်ချေးချွတ်ပါ မျက်နှာကိုပုံမှန်ချေးချွတ်ပေးတာက ချွေးပေါက်ပိတ်စေတဲ့ ဆဲလ်သေတွေဖယ်ရှားနိုင်တဲ့အပြင် အသားအရေကိုပါချောမွေ့လာစေပါတယ်။

 

 

ဒါပေမယ့် ခဏခဏချေးချွတ်ခြင်းက အသားပါးနိုင်တာကြောင့် တစ်ပတ်မှာနှစ်ကြိမ်ထက်ပိုပြီး မပြုလုပ်ဖို့အကြုံပြုချင်ပါတယ်။

 

 

 

၅။ ခေါင်းပုံမှန်လျှော်ပေးပါ ဆံပင်ကထွက်တဲ့အဆီနဲ့ဖုန်တွေက သင့်မျက်နှာရဲ့ချွေးပေါက်တွေကိုပိတ်စေတာကြောင့် ဆံပင်နဲ့ထိတွေ့ရတဲ့ နဖူးနဲ့ ပါးတွေမှာ အဆီဖုတွေထွက်လာနိုင်ပါတယ်။ ဒါကြောင့် သင့်ဆံသားကို မျက်နှာနဲ့မထိအောင်ထားပြီး ခေါင်းပုံမှန်လျှော်ပေးပါ။

 

 

 

၆။ အသုံးအဆောင်တွေကိုသန့်ရှင်းအောင်ထားပါ ပါးပေါ်ကအဆီဖုတွေကိုဖယ်ရှားနိုင်ဖို့အတွက် သင်သုံးနေကျပစ္စည်းတွေကို သန့်သန့်ရှင်းရှင်းထားဖို့လည်း အရေးကြီးပါတယ်။

 

 

 

 

ဥပမာ ဖုန်း၊ ခေါင်းအုံးစွပ်၊ မိတ်ကပ် Brush တွေနဲ့ မျက်မှန်စတာတွေက မျက်နှာနဲ့တိုက်ရိုက်ထိတွေ့ရတဲ့ အသုံးအဆောင်တွေဖြစ်တာကြောင့် ဒါတွေကိုပုံမှန်သန့်စင်ပေးဖို့လိုပါတယ်။

Credit – မူရင်းရေးသူ

Leave a Comment