တစ်ခါက ဆင်တစ်ကောင်နဲ့ ခွေးတစ်ကောင်တို့ဟာတစ်ချိန်တည်း ကိုယ်ဝန်ဆောင်ကြပါတယ် ။ သုံးလကြာတဲ့အခါ ခွေးမဟာ ခွေးလေး ၆ကောင်မွေးပါတယ်..
နောက် ၆လမြောက်မှာ ခွေးမက ကိုယ်ဝန်ထပ်ဆောင်ပြန်ပါတယ်။ ကိုးလရောက်တော့ ခွေး ၁ဒါဇင် ထပ်မွေးပြန်ပါတယ် အဲဒီအတိုင်းပဲ လည်ပတ်ရင်း ၁၈လ ကြာတဲ့အခါ..
ခွေးမဟာ ၃ကြိမ် ကိုယ်ဝန်ဆောင်ပြီး ၃ ခါမွေးပြီးသွားပါပြီ။ ဆင်မကတော့ ကိုယ် ဝန်ဆောင်နေတုန်းပါပဲ။ ဒီတော့ ခွေးမက ဆင်မ ကိုမေးပါတယ်..
“ဟဲ့ ဆင်မ နင့်ဟာက ကိုယ်ဝန်ရော ဟုတ်ရဲ့လားဟယ် ၊ငါဆိုရင် ကလေး ၃ ခါမွေးပြီး တချို့တွေဆို ခွေးကြီးတွေတောင်ဖြစ်နေကြပြီ ၊ နင်က ခုထိကိုယ်ဝန်ဆောင်နေတုန်းပဲလား”ပေါ့..။
ဒီတော့ ဆင်မက ပြန်ဖြေပါတယ်..” ဒီမှာ မခွေးမ ရှင်ပြောတာကို ကျွန်မနားလည်ပါတယ် ၊ဒါပေမယ့် ကျွန်မလွယ်ထားတာ ဆင်ပါ ခွေးမဟုတ်ပါဘူး ၊ကျွန်မဟာ တစ်ခါမွေးဖို့ ၂ နှစ် ကိုယ်ဝန်ဆောင်ရပါတယ်၊
ကျွန်မကလေးမွေးလာတဲ့အခါ မြေကြီးက သိတယ် ၊ ဒီဆင်ကလေး လမ်းလျှောက်တဲ့အခါလူတွေ တအံတသြနဲ့ ရပ်ကြည့်ကြလိမ့်မယ် ၊
ဒီလို ခွန်အားကြီးမားပြီး လူတွေစိတ်ဝင်စားရတဲ့သန္ဓေသားကိုယ်ဝန်ကို လွယ်ထားရတာကြောင့်အချိန်ဒီလောက်ကြာနေတာပါလို့ ပြောလိုက်သတဲ့”..။ သင်ခန်း – အရင်းအနှီးမတူသလို ရလာဒ်ချင်းလည်းမတူနိုင်ပါ..။
လေးစားစွာဖြင့် Credit – Sai Sain Pha
Zawgyi ဖြင့်ဖတ်ပါ