ဒီအခ်ိန္ လက္ထဲမွာရွိတဲ့ေငြကို တန္ဘိုးထားပါ…အေရးၾကီးပါတယ္

ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးထိခိုက္မႈပမာဏက ၂၀၂၂ခုႏွစ္ ၆ လပိုင္းကေနစၿပီး ၁၂ လပိုင္းအတြင္းမွာ တေျဖးေျဖးနဲ႔ အလြန္သိသာလာပါလိမ့္မယ္ ခင္ဗ်ာ။

လုပ္ငန္းလည္ပတ္ဖို႔ေငြကို အသဲအသန္ လိုလာၾကပါလိမ့္မယ္။ ဘဏ္ေခ်းေငြ မလြယ္ကူတဲ့ ဒီႏိုင္ငံအတြက္ေတာ့ ဒီျပသနာကို ‌‌ေျဖရွင္းဖို႔ လုပ္ရမယ့္နည္းလမ္း ၂ ခုပဲ ရွိပါတယ္။ လုပ္ငန္းေတြကို ပိတ္သိမ္းမလား၊

ရွိတဲ့ပစၥည္းေတြ ထုခြဲေရာင္းခ်ၿပီး လုပ္ငန္းကို ဆက္လက္လည္ပတ္မလား… လုပ္ငန္းေတြ လည္ပတ္ဖို႔ ႀကိဳးစားမယ္ဆိုရင္ေတာ့… ရွိထားတဲ့ ေ႐ႊ၊ ကား၊ အိမ္ စတဲ့ ၃ မ်ိဳးကို ထုခြဲေရာင္းခ်ရပါမယ္။

ေ႐ႊ… အလြယ္ကူဆုံးနဲ႔ အျမန္ဆုံး နာရီပိုင္းအတြင္း ေငြျဖစ္တဲ့ ပိုင္ဆိုင္မႈပါ။ သို႔ေသာ္ သာမာန္လုပ္ငန္းရွင္ အမ်ားစုမွာ လက္ဝတ္ရတနာကလြဲၿပီး ေ႐ႊပမာဏ အမ်ားႀကီးမရွိၾကပါဘူး။

ကား… လုပ္ငန္းရွင္တိုင္းမွာရွိပါတယ္။ ဒုတိယအျမန္ဆုံး ေငြေဖာ္လို႔ရတဲ့ ပိုင္ဆိုင္မႈပါ။ လုပ္ငန္းရပ္တန႔္သြားတဲ့ တြရဲ႕ ၈၀% ခန႔္ သူတို႔ကားေတြ ျပန္ေရာင္းၾကပါလိမ့္မယ္။

ဘာလို႔လဲဆိုေတာ့… အရင္တုန္းက ကြၽန္ေတာ္ေျပာခဲ့ဖူးသလိုပါပဲ။ ျမန္မာျပည္ကလူေတြဟာ ‌ေငြသားပိုင္ဆိုင္မႈ ပမာဏရဲ႕ ၅၀% ေက်ာ္ကို ကားဝယ္ဖို႔ လြဲမွားစြာ အသုံးျပဳထားၾကတဲ့ အတြက္ပါ။

ဥပမာ… ေငြသား သိန္း ၅၀၀ ခ်မ္းသာသူက သိန္း ၃၀၀ တန္ကားေလာက္ ဝယ္စီးထားၾကပါတယ္။ ေနာက္တစ္ခ်က္… ႏွစ္ရွည္ အရစ္က်စနစ္နဲ ႔ဝယ္ထားတဲ့ကားေတြ လစဥ္ ပုံမွန္ေငြဆက္သြင္းဖို႔ ခက္လာၾကပါလိမ့္မယ္။

တခ်ိဳ႕… သိန္းေထာင္ ဂဏန္းကားေတြဆို ၅ ႏွစ္ အရစ္က်ဝယ္ရင္… တစ္လကို ၁၈ သိန္းနဲ႔ သိန္း ၂၀ ခန႔္ ဘဏ္ကို လစဥ္သြင္းၾကရပါတယ္။ ဒီကားေတြ ေငြဆက္မသြင္းႏိုင္ေတာ့ရင္ ေရာင္းခ်ၿပီး ေငြေဖာ္ၾကပါလိမ့္မယ္။

အိမ္… လက္ရွိအခ်ိန္မွာ ေငြေဖာ္ရ အခက္ဆုံးပိုင္ဆိုင္မႈပါ။ ေနရာေကာင္းေလးေတြသာ ဗိုက္နာေဈး နဲ႔ ေငြေဖာ္လို႔ရမွာျဖစ္ၿပီး… က်န္တဲ့ေနရာေတြကေတာ့ ေရာင္းမစြံႏိုင္ပါဘူး။

ဒီအခ်ိန္ ဝယ္မည့္အစား ငွားေနတာပိုကိုက္ပါတယ္။ အဲ့ဒီေတာ့… အိမ္ၿခံေျမေဈးက်ႏိုင္ပါတယ္။ ဘဏ္ရာျဖတ္ေတြရဲ႕ ကာလေပါက္ေဈးထက္… တန္ဘိုးပိုျဖတ္ကာ ဘဏ္မွာေပါင္ထားၾကတဲ့ အိမ္ၿခံေျမေတြ
ဘယ္လို ဆက္လုပ္ၾကမလဲဆိုတာလဲ စဥ္းစားစရာပါ…။

ေငြသားကိုင္ထားတဲ့သူကေတာ့ အေကာင္းဆုံးပါ။ မိမိႀကိဳက္ရာ ေနရာမွာ ခ်က္ျခင္း ရင္းႏွီးျမဳပ္ႏွံလို႔ရပါတယ္။ liquitidy ျဖစ္တယ္လို႔ေခၚပါတယ္။ ေရဟာ ေလးေဒါင့္ခြက္ထဲထည့္ရင္ ေလးေဒါင့္ျဖစ္ၿပီး အဝိုင္းခြက္ထဲထည့္ရင္ အဝိုင္းျဖစ္တဲ့သေဘာကို ဥပမာျပတာပါ။

ဒီအခ်ိန္ အထူးသတိထားသင့္တာက… မကြၽမ္းက်င္တဲ့လႈိင္းကို စီးဖို႔ မႀကိဳးစားပါနဲ႔။ ‌မည္သူ႔ကိုမွ ေငြမေခ်းပါနဲ႔။ ေခ်းမိရင္ ေသခ်ာေပါက္ ဆုံးမယ့္ကာလပါ။

အစားအစာမွလြဲၿပီး… က်န္တဲ့ ပစၥည္းေတြဝယ္မယ္ဆို လိုအပ္လားဆိုတာ ၃ ခါေလာက္ ျပန္စဥ္းစားပါ။ လုပ္ငန္းေတြ အသက္ဆက္ဖို႔ မလိုအပ္ပဲ ခန႔္ထားတဲ့ဝန္ထမ္းေတြကို ေလွ်ာ့ခ်ရပါမယ္။

မလိုအပ္ပဲ ငွားထားတဲ့ ေနရာငွားခေတြကို ေလွ်ာ့ခ်ရပါမယ္။ ေအာင္ျမင္မႈရာခိုင္ႏႈန္း အနဲဆုံးျဖစ္ေနတဲ့ ထုတ္ကုန္ကို ‌ရပ္ဆိုင္းရပါမယ္။ ဝန္ထမ္းေရာ အလုပ္ရွင္ပါ ပိတ္ရက္မရွိ အတူတကြ ႐ုန္းကန္ၾကရပါမယ္။။

စိတ္ကို ေပ်ာ္ေအာင္ႀကိဳးစားၿပီးေနပါ။ ကြၽန္ေတာ္ဆို ဝင္ေငြရွိတာ မရွိတာထက္ အလုပ္မလုပ္ပဲ ေနရရင္ လုံးဝစိတ္မေပ်ာ္ပါဘူး။ ေတာ္ေတာ္ အားတင္းၿပီးေနရပါတယ္။ မိတ္ေဆြမ်ား က်န္းမာ ခ်မ္းသာၾကပါေစ။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။

Unicode

ဒီအချိန် လက်ထဲမှာရှိတဲ့ငွေကို တန်ဘိုးထားပါ…အရေးကြီးပါတယ်
မြန်မာနိုင်ငံရဲ့ စီးပွားရေးထိခိုက်မှုပမာဏက ၂၀၂၂ခုနှစ် ၆ လပိုင်းကနေစပြီး ၁၂ လပိုင်းအတွင်းမှာ တဖြေးဖြေးနဲ့ အလွန်သိသာလာပါလိမ့်မယ် ခင်ဗျာ။

လုပ်ငန်းလည်ပတ်ဖို့ငွေကို အသဲအသန် လိုလာကြပါလိမ့်မယ်။ ဘဏ်ချေးငွေ မလွယ်ကူတဲ့ ဒီနိုင်ငံအတွက်တော့ ဒီပြသနာကို ‌‌ဖြေရှင်းဖို့ လုပ်ရမယ့်နည်းလမ်း ၂ ခုပဲ ရှိပါတယ်။ လုပ်ငန်းတွေကို ပိတ်သိမ်းမလား၊

ရှိတဲ့ပစ္စည်းတွေ ထုခွဲရောင်းချပြီး လုပ်ငန်းကို ဆက်လက်လည်ပတ်မလား… လုပ်ငန်းတွေ လည်ပတ်ဖို့ ကြိုးစားမယ်ဆိုရင်တော့… ရှိထားတဲ့ ရွှေ၊ ကား၊ အိမ် စတဲ့ ၃ မျိုးကို ထုခွဲရောင်းချရပါမယ်။

ရွှေ… အလွယ်ကူဆုံးနဲ့ အမြန်ဆုံး နာရီပိုင်းအတွင်း ငွေဖြစ်တဲ့ ပိုင်ဆိုင်မှုပါ။ သို့သော် သာမာန်လုပ်ငန်းရှင် အများစုမှာ လက်ဝတ်ရတနာကလွဲပြီး ရွှေပမာဏ အများကြီးမရှိကြပါဘူး။

ကား… လုပ်ငန်းရှင်တိုင်းမှာရှိပါတယ်။ ဒုတိယအမြန်ဆုံး ငွေဖော်လို့ရတဲ့ ပိုင်ဆိုင်မှုပါ။ လုပ်ငန်းရပ်တန့်သွားတဲ့ တွရဲ့ ၈၀% ခန့် သူတို့ကားတွေ ပြန်ရောင်းကြပါလိမ့်မယ်။

ဘာလို့လဲဆိုတော့… အရင်တုန်းက ကျွန်တော်ပြောခဲ့ဖူးသလိုပါပဲ။ မြန်မာပြည်ကလူတွေဟာ ‌ငွေသားပိုင်ဆိုင်မှု ပမာဏရဲ့ ၅၀% ကျော်ကို ကားဝယ်ဖို့ လွဲမှားစွာ အသုံးပြုထားကြတဲ့ အတွက်ပါ။

ဥပမာ… ငွေသား သိန်း ၅၀၀ ချမ်းသာသူက သိန်း ၃၀၀ တန်ကားလောက် ဝယ်စီးထားကြပါတယ်။ နောက်တစ်ချက်… နှစ်ရှည် အရစ်ကျစနစ်နဲ့ဝယ်ထားတဲ့ကားတွေ လစဉ် ပုံမှန်ငွေဆက်သွင်းဖို့ ခက်လာကြပါလိမ့်မယ်။

တချို့… သိန်းထောင် ဂဏန်းကားတွေဆို ၅ နှစ် အရစ်ကျဝယ်ရင်… တစ်လကို ၁၈ သိန်းနဲ့ သိန်း ၂၀ ခန့် ဘဏ်ကို လစဉ်သွင်းကြရပါတယ်။ ဒီကားတွေ ငွေဆက်မသွင်းနိုင်တော့ရင် ရောင်းချပြီး ငွေဖော်ကြပါလိမ့်မယ်။

အိမ်… လက်ရှိအချိန်မှာ ငွေဖော်ရ အခက်ဆုံးပိုင်ဆိုင်မှုပါ။ နေရာကောင်းလေးတွေသာ ဗိုက်နာဈေး နဲ့ ငွေဖော်လို့ရမှာဖြစ်ပြီး… ကျန်တဲ့နေရာတွေကတော့ ရောင်းမစွံနိုင်ပါဘူး။

ဒီအချိန် ဝယ်မည့်အစား ငှားနေတာပိုကိုက်ပါတယ်။ အဲ့ဒီတော့… အိမ်ခြံမြေဈေးကျနိုင်ပါတယ်။ ဘဏ်ရာဖြတ်တွေရဲ့ ကာလပေါက်ဈေးထက်… တန်ဘိုးပိုဖြတ်ကာ ဘဏ်မှာပေါင်ထားကြတဲ့ အိမ်ခြံမြေတွေ
ဘယ်လို ဆက်လုပ်ကြမလဲဆိုတာလဲ စဉ်းစားစရာပါ…။

ငွေသားကိုင်ထားတဲ့သူကတော့ အကောင်းဆုံးပါ။ မိမိကြိုက်ရာ နေရာမှာ ချက်ခြင်း ရင်းနှီးမြုပ်နှံလို့ရပါတယ်။ liquitidy ဖြစ်တယ်လို့ခေါ်ပါတယ်။ ရေဟာ လေးဒေါင့်ခွက်ထဲထည့်ရင် လေးဒေါင့်ဖြစ်ပြီး အဝိုင်းခွက်ထဲထည့်ရင် အဝိုင်းဖြစ်တဲ့သဘောကို ဥပမာပြတာပါ။

ဒီအချိန် အထူးသတိထားသင့်တာက… မကျွမ်းကျင်တဲ့လှိုင်းကို စီးဖို့ မကြိုးစားပါနဲ့။ ‌မည်သူ့ကိုမှ ငွေမချေးပါနဲ့။ ချေးမိရင် သေချာပေါက် ဆုံးမယ့်ကာလပါ။

အစားအစာမှလွဲပြီး… ကျန်တဲ့ ပစ္စည်းတွေဝယ်မယ်ဆို လိုအပ်လားဆိုတာ ၃ ခါလောက် ပြန်စဉ်းစားပါ။ လုပ်ငန်းတွေ အသက်ဆက်ဖို့ မလိုအပ်ပဲ ခန့်ထားတဲ့ဝန်ထမ်းတွေကို လျှော့ချရပါမယ်။

မလိုအပ်ပဲ ငှားထားတဲ့ နေရာငှားခတွေကို လျှော့ချရပါမယ်။ အောင်မြင်မှုရာခိုင်နှုန်း အနဲဆုံးဖြစ်နေတဲ့ ထုတ်ကုန်ကို ‌ရပ်ဆိုင်းရပါမယ်။ ဝန်ထမ်းရော အလုပ်ရှင်ပါ ပိတ်ရက်မရှိ အတူတကွ ရုန်းကန်ကြရပါမယ်။။

စိတ်ကို ပျော်အောင်ကြိုးစားပြီးနေပါ။ ကျွန်တော်ဆို ဝင်ငွေရှိတာ မရှိတာထက် အလုပ်မလုပ်ပဲ နေရရင် လုံးဝစိတ်မပျော်ပါဘူး။ တော်တော် အားတင်းပြီးနေရပါတယ်။ မိတ်ဆွေများ ကျန်းမာ ချမ်းသာကြပါစေ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။

Leave a Comment