ယနေ့တစ်ရက်ထဲကိုနာရီပိုင်းအတွင်း တစ်ကျပ်သားကို ၁သိန်းကျော်ထိပြန်ကျလာခဲ့တဲ့ ပြည်တွင်းရွှေစျေး
ပြင်ပငွေကြေးဈေးကွက်အတွင်း စက်တင်ဘာ၂၈ ရက် ညနေ ၄နာရီဈေးကွက်ပိတ်ခါနီးမှာတော့ရွှေဈေး တစ်ကျပ်သားကို ကျပ် ၂၆ သိန်းအောက်နှင့် တစ်ဒေါ်လာ ၃၀၀၀ ကျပ်အထိဈေးပြန်ကျခဲ့တယ်လို့ ရန်ကုန်မြို့ကရွှေဆိုင်တွေနဲ့ နိုင်ငံခြားငွေကြေးလဲလှယ်သူတွေဆီကသိရပါတယ်။
ဒီနေ့ဈေးကွက်စဖွင့်ချိန်မှာ ၁၆ ပဲရည်တစ်ကျပ်သားကို ကျပ် ၂၇ သိန်းဝန်းကျင်နဲ့ဈေးစဖွင့်ခဲ့ပြီးနာရီပိုင်းအတွင်းကျပ်တစ်သိန်းဈေးကျခဲ့ကာညနေ ၄နာရီ ပေါက်ဈေးအရ ကျပ် ၂၆ သိန်းအောက်မှာရှိခဲ့တယ်လို့ ရန်ကုန်မြို့ကရွှေဆိုင်တစ်ဆိုင်ကသိရပါတယ်။
ယနေ့တစ်ရက်လုံး ရွှေစျေးနှုန်းကတော့ တက်လိုက်ကျလိုက်နဲ့ မိနစ်(၃၀)တစ်ခါ စျေးများပြောင်းလဲလျက်ရှိနေခဲ့တာပါ။စျေးကွက်တွင်းမှာရှိတဲ့ ရွှေဆိုင်အချို့မှာနံနက် ၁၀နာရီမှာအခေါက်ရွှေ တစ်ကျပ်သားကို ရောင်းစျေး ၂၇သိန်း၊ဝယ်စျေး ၂၆သိန်း၆သောင်း၊
၁၅ပဲရည်ရွှေစျေး ၂၅သိန်း၄သောင်းကျော်ဖြင့် စျေးဖွင့်ခဲ့တယ်လို့သိရပါတယ်။နေ့လည် ၁၂နာရီကစပြီး အခေါက်ရွှေ ရောင်းစျေး ၂၆သိန်း ၇သောင်း ကျပ်၊ ဝယ်စျေး ၂၆သိန်း၄သောင်းကျပ်၊ ၁၅ပဲရည်ရွှေစျေးမျာ ၂၅သိန်း၁သောင်း၃ထောင်ဝန်းကျင်ဖြင့် စျေးနှုန်းစတင်ကျလာခဲ့တာပဲဖြစ်ပါတယ်။
အဲဒီနောက်ပိုင်း မိနစ် ၃၀ကို တစ်ခါ ကျပ် တစ်သောင်းဝန်းကျင်ထိ စျေးနှုန်းများ တအိအိပြန်ကျလာပြီး နောက်ဆုံး ညနေ၄နာရီမှာတော့ အခေါက်ရွှေ ရောင်းစျေး ၂၅သိန်း၉သောင်း၊ဝယ်စျေး ၂၅သိန်း၆သောင်း၊၁၅ပဲရည်ရွှေ ၂၄သိန်း၄သောင်းဝန်းကျင်ဖြင့် စျေးပိတ်ခဲ့တယ်လို့သိရပါတယ်။
ပြင်ပဒေါ်လာဈေးအနေနဲ့ ဈေးကွက်စဖွင့်ချိန်မှာ အရင်နေ့တွေကလို ကျပ် ၃၂၀၀ ဝန်းကျင်နဲ့ ဈေးစဖွင့်ခဲ့ပေမယ့် ညနေပိုင်းမှာတော့ တစ်ဒေါ်လာ ၃၀၀၀ ကျပ်နဲ့အရောင်းအဝယ်ဖြစ်ပေါ်နေကာဈေးနှုန်းတည်ငြိမ်မှုမရှိသေးဘူးလို့ ပြင်ပနိုင်ငံခြားငွေကြေးလဲလှယ်သူတွေဆီကသိရပါတယ်။
ကမ္ဘာ့ရွှေဈေးနှုန်းကျတဲ့အပြင်ဒေါ်လာဈေးပါကျလို့ ပြည်တွင်းရွှေဈေးနှုန်းဆက်တိုက်ကျနေတာဖြစ်ပြီး လာမယ့်လတွေမှာတွင်းတွေကရွှေထွက်များလာနိုင်လို့ရွှေဈေးအကျဘက်မှာပဲရှိမှာလို့ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောပါတယ်။
ဒီနေ့အတွက် YGEA အသင်းရဲ့ရွှေအပိတ်ဈေးဟာ အခေါက်ရွှေတစ်ကျပ်သားကို ၁၉၁၄၀၀၀ ကျပ်ဖြစ်ပြီး ဗဟိုဘဏ်ရဲ့ တစ်ဒေါ်လာ သတ်မှတ်ရည်ညွှန်းဈေးကတော့ ၂၁၀၀ ကျပ်ဖြင့် မပြောင်းလဲဘဲရှိနေတုန်းဖြစ်ပါတယ်။
credit