မဲပေါက်တယ်ဆိုပြီး အကောင့်ထဲ ရှိတဲ့ပိုက်ဆံလေးတွေ အလိမ်ခံခဲ့ရတဲ့အကြောင်းကို အများပြည်သူ သတိထားနိုင်စေရန်
ဝေမျှပြောပြလာတဲ့ ပရိသတ်အချစ်တော် အဆိုတော်မလေး ချမ်းမြေ့မောင်ချိုရဲ့မိခင် နိုင်ငံကျော် ဝါရင့်အဆိုတော်ကြီး ဒေါ်အိအိ
ယခုခေတ်လူငယ်များ အသည်းစွဲအဆိုတော်မလေး ဖြစ်သော ချမ်းမြေ့မောင်ချို့ရဲ့မိခင် အဆိုတော်အိအိကတော့ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်
ဂီတလောကမှာ နာမည်ကျော်ကြား လူသိများခဲ့တဲ့ ဝါရင့်အဆိုတော် တစ်ယောက်ပဲ ဖြစ်ပါတယ်။ အဆိုတော်အိအိဟာ အိမ်ထောင်ကျပြီးနောက်မှာတော့
မိသားစုအရေးကို အချိန်ပေးပေးကာ လုပ်ကိုင်ခဲ့ရတာမို့ ဂီတလောကနဲ့ ကင်းကွာခဲ့ကာ အနုပညာအလုပ်တွေ လုပ်ကိုင်တာ နည်းပါးသွားခဲ့ပေမယ့် သားဖြစ်သူကို သရုပ်ဆောင်၊
သမီးလေးကို အဆိုတော်ဖြစ်အောင် မြေတောင်မြှောက် ပေးနိုင်ခဲ့တဲ့ မိခင်ကောင်း တစ်ယောက် ဖြစ်ပါတယ်နော်။ ဒီကနေ့မှာတော့ အဆိုတော်အိအိက
ငွေငါးသိန်း မဲပေါက်တယ် ဆိုပြီး ဖုန်းဆက်ကာ ပိုက်ဆံတွေ အလိမ်ခံခဲ့ရတဲ့ သူမရဲ့ အဖြစ်ကို ပရိသတ်များထံစို့ အခုလိုပဲ ဝေမျှပြောပြလို့ လာခဲ့ပါတယ်။
နိုင်ငံကျော် အမျိုးသမီးတေးသံရှင် အိအိက MPT ၁၀နှစ်ပြည့် Anniversary မှာ ဒုတိယဆုအဖြစ် ငွေကျပ် (၅) သိန်း မဲပေါက်တယ်ဆိုပြီး
သူမကို ဖုန်းဆက်ကာ ငွေလိမ်သွားတဲ့ အကြောင်းကို “လူလိမ်ဟေး ငါ့ပိုက်ဆံ ပိုက်ဆံတွေ ထုတ်သွားပြီ။ Thay chin soe Ma thar,
Password ၆ လုံးကျပါ သလားခင်များ ဆိုပြီး တောင်းတယ်။ ဖုန်းနံပါတ်လဲ မေးတယ်။ အိုကေပေါ့ပြောလိုက်မိတာ။ နောက်မှ ဂဏန်း၆ လုံး ဘယ်သူ့မှ မပြောရဆိုတာပါတော့
ငါ့စိတ်ထဲ တမျိုးဖြစ်သွားပြီး မဟုတ်သေးပါဘူးဆိုပြီး ပိုက်ဆံစစ်ကြည့်တာ ငါ့ချွေးနည်းစာလေး ကုန်ပါပြီဟယ်။ လုပ်ရက်လိုက်ကြတာ အေး စားကြ စားကြ။
Congratulations တွေ မလုပ်ကြပါနဲ့တော့ လိမ်သွားပြီ ပိုက်ဆံထုတ်သွားပြီ တော်သေးတယ် ၁၆၀၀၀၀ ကျော်ဘဲရှိလို့ ၇၀ တော့ ချန်သွားသား အားလုံး သတိထားကြပါ🙏🏻🙏🏻🙏🏻” ဆိုပြီး
မိဘပြည်သူများ အားလုံး သတိထားနိုင်စေရန် အတွက် လိမ်လည်ခံလိုက်ရတဲ့ သူမရဲ့အဖြစ်ကို လူမှုကွန်ယက် အွန်လိုင်းထက်မှာ ရေးသားကာ ပြောပြလာခဲ့တာဖြစ်ပါတယ် နော်။
ပရိသတ်ကြီးရေ ယခုလို ခေတ်ကာလ အခြေအနေ မကောင်းချိန်မှာ လိမ်လည်မှုများ လုယက်မှုများ မကြာခဏ ကြားရမြင်ရမို့ သတိပြုကာ ဂရုစိုက်ကြဖို့ မှာကြားပါရစေနော်။
ဖတ်ရှု့အားပေးနေကြသော ပရိသတ်ပြည်သူများအားလုံး ဘေးဘယာဝေးကွာပြီး လိုလားတောင့်တနေသော နေ့သစ်များ၊ အေးချမ်းသာယာသော နေ့ရက်
အမြန်ဆုံး ပိုင်ဆိုင်နိုင်ကြပါစေသောဝ်။
Crd
Crd