အောင်မြင်သောလုပ်ငန်းရှင်များတွင် ဘဝ၏အစက စတင်အသုံးပြုခဲ့သော ပစ္စည်းလေးတွေကို အောင်မြင်စေသော အရာတစ်ခုအနေဖြင့် သိမ်းဆည်းထားတတ်ကြပါတယ်။မကြာသေးမီက တရုတ်နိုင်ငံ Henanပြည်နယ်မှ အမျိုးသားတစ်ဦးသည် ညအချိန် တက္ကစီမောင်းပြီး အိမ်ပြန်အလုပ်တော့မည့်အချိန်တွင် သူ၏ကားလေးကို ရှိခိုးကန်တော့နေခဲ့တာဖြစ်ပါတယ်။
ထို့ကြောင့် စုံစမ်းကြည့်ရာမှာတော့ အမျိုးသားဟာ သူ၏ကားလေးနှင့် တက္ကစီဆွဲလာခဲ့သည်မှာ ၈နှစ်ကြာခဲ့ပြီဖြစ်ပါတယ်။ထို့နောက် အိုဟောင်းလာသည့်ကားတွေကို တက္ကစီဆွဲခွင့်ရပ်နားလိုက်သောကြောင့် နောက်ရက်တွင် ကားကိုရောင်းချရတော့မှာဖြစ်ပါတယ်။
ကားကိုနောက်ဆုံးရက်အနေဖြင့် တက္ကစီဆွဲပြီးချိန်မှာ ရှိခိုးကန်တော့ကာ နှုတ်ဆက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။
Shoon (Cele Daily)
Zawgyi
၈နှစ်ကြာအောင် တက္ကစီဆွဲလာခဲ့သော ကားလေးက ဟောင်းလာပြီဖြစ်သောကြောင့် ရောင်းချရတော့မည်ဖြစ်ရာ ကျေးဇူးသိတတ်သည့်အနေဖြင့် ရှိခိုးကန်တော့ကာ နှုတ်ဆက်ခဲ့သည့် ကားပိုင်ရှင်
Shoon (Cele Daily)