
 



 




 

World Info Post

သီချင်းလေးနားထောင်လိုက်ရင်သူမရဲ့ငယ်ဘဝကို အမှတ်ရစေတဲ့ အဆိုတော်မလေးတစ်ဦးရဲ့အကြောင်းကို ပြောပြလာတဲ့ အိုင်းရင်းဇင်မာမြင့်ရဲ့ဗီဒီယိုလေး

ပရိသတ်ကြီးရေ အိုင်းရင်းဇင်မာမြင့်ကတော့ အမိုက်စားသီချင်းတွေကို သီိဆိုရင်းဂီတလောကမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ အဆိုတော်တစ်ဦးပဲဖြစ်ပါတယ်နော်။သူမအရမ်းချစ်ရတဲ့မိခင်ကြီး ကွယ်လွန်သွားပြီးတဲ့နောက်ပိုင်းမှာ အနုပညာအလုပ်တွေကြဲလာပြီး သီချင်းလေးတစ်ပုဒ်သာ ထွက်ရှိလာပါတယ်နော်။

 

ဒီကနေ့မှာတော့ အိုင်းရင်းဇင်မာမြင့်ဟာ သီချင်းလေးနားထောင်လိုက်ရင် ငယ်ဘဝကိုအမှတ်ရစေတဲ့ အဆိုတော်မလေးတစ်ဦးအကြောင်းကို ပြောပြလာပါတယ်။ ရေဒီယိုမှာလာတဲ့ ကြိုးကြာရဲ့ “အိပ်မက်ထဲကချစ်သူ” သီချင်းလေး ကို သီဆိုပြရင်း “Ireneအရမ်းချစ်တဲ့အဆိုတော် အများကြီးထဲကတစ်ယောက်က အဆိုတော် မကြိုးကြာပေါ့။ သူသီချင်းကြားရင် စိတ်ထဲကပျော်တယ် ငယ်ဘဝလေးသတိရစေတဲ့ 🎹🎼အိပ်မက်ထဲကချစ်သူ ” ဆိုပြီးပြောပြလာပါတယ်။

အသံချိုချိုအေးအေးလေးနဲ့ ပရိသတ်တွေရင်ထဲကိုထိအောင်သီဆိုနိုင်တဲ့ကြိုးကြာကို ပရိသတ်တွေတင်သာမက အဆိုတော်ချင်းတူတဲ့ အိုင်းရင်းဇင်မာမြင့်တောင် ကြိုက်နှစ်သက်ခဲ့ရတာပါနော်။ပရိသတ်ကြီးရော အိုင်းရင်းဇင်မာမြင့်နဲ့အကြိုက်ချင်းတစ်ထပ်တည်းကျရဲ့လားဆိုတာပြောခဲ့ပါအုံးနော်။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

 

Source: Irene Zin Mar Myint’s fb
World Info Post

Leave a Comment