ပြည်တွင်းက ရုပ်သံလိုင်းများဇာတ်လမ်းတွဲများပြသရာတွင် ဆင်ဆာခွင့်ပြုချက်ယူရမည်ဟုပြော
ပြည်တွင်းရုပ်သံတွေမှာ ပြတဲ့ဇာတ်ကားတွေနဲ့ဇာတ်လမ်းတွဲ အကုန်ဆင်ဆာတင်ပြီးမှ ပြရမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနဒုဝန်ကြီး ဦးရဲတင့်ကပြောပါတယ်။
ယင်းက “ဇာတ်လမ်းတွဲများ၏ ဇာတ်လမ်းနှင့် ပါဝင်သောစကားပြောများနှင့် ဇာတ်လမ်းတွဲများမှာလက်ရှိအခြေအနေအရမပြသင့်သည်များပါနေသည်ကို တွေ့လာရတာကြောင့်ယခုမှစတင်ပြီးဇာတ်လမ်းတွဲများကိုပါဆင်ဆာခွင့်ပြုချက်ရယူပြီးမှ ပြသရမယ်” လို့
ရန်ကုန်မြို့ဗဟန်းမြို့နယ်ကုက္ကိုင်းရိပ်သာလမ်းရှိ ရုပ်ရှင်မြှင့်တင်ရေး ဌာနခွဲမှာ ကျင်းပသည့် ဗီဒီယိုဆင်ဆာ စိစစ်ခွင့်ပြုချက်ရယူပြီးမှ ပြသရေးညှိနှိုင်းအစည်းအဝေးမှာပြောတာပါ။ ပြည်တွင်းပြည်ပ ဇာတ်လမ်းတွဲများနှင့်
နိုင်ငံခြားဇာတ်လမ်းတွဲများကို မြန်မာ စာတန်းထိုး၊ မြန်မာစကားပြော အသံထပ်၍ ပြသခြင်းတို့ကိုမူ ဆင်ဆာစိစစ်ရေးအဖွဲ့သို့ မတင်ဘဲ မိမိတို့ကိုယ်တိုင် စိစစ်တာဝန်ယူမှုဖြင့် ပြသလျက်ရှိတယ်လို့ ယင်းက ထပ်မံ ပြောပါတယ်။ယင်းကြောင့်လက်ရှိ ပြသဆဲ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများ၊
ဇာတ်လမ်း တိုများကိုလည်းမပြသမီသေချာစိစစ်ပြီးနိုင်ငံရေး၊ဘာသာရေး၊ယဉ်ကျေးမှုနှင့်အမျိုးသားစည်းလုံးညီညွတ်မှုကိုထိခိုက်စေသည့်အပြောအဆို၊စာသားများ၊ကာမရာဂကိုနှိုးဆွသည့် အကြောင်းအရာများမပါရှိစေရေးအလေးထားကြပ်မတ်ဆောင်ရွက်ရမယ်လို့ လည်းထပ်မံ ပြောပါတယ်။