လာမယ့်အောက်တိုဘာ ၁ရက်နေ့မှစပြီး ယာဥ်စီးခများပြောင်းလဲကောက်ခံမည် YBS ယာဥ်လိုင်းနှင့် ခရီးစဥ်များ


လာမယ့်အောက်တိုဘာ ၁ရက်နေ့မှစပြီး ယာဥ်စီးခများပြောင်းလဲကောက်ခံမည် YBS ယာဥ်လိုင်းနှင့် ခရီးစဥ်များ

ဗန္ဓုလကုမ္ပဏီယာဉ်လိုင်းရှိ YBSယာဉ်တွေမှာယာဉ်စီးခကိုအောက်တိုဘာ ၁ရက်နေ့ကစတင်ပြီးခရီးစဉ်ပိုင်းဖြတ်အလိုက်ကောက်ခံသွားမှာဖြစ်တယ်လို့ခရီးသွားပြည်သူတွေကိုကြိုတင်အသိပေးထားပါတယ်။

ဗန္ဓုလကုမ္ပဏီယာဉ်လိုင်းရှိ YBS 12/ 13/ 14/ 30/ 25/ 38 / 55/ 117/ 128 ယာဉ်လိုင်းတွေမှာခရီးစဉ်အပိုင်းအဖြတ်အလိုက် ငွေကျပ် ၂၀၀ ကနေ ၃၀၀ ကောက်ခံသွားမှာဖြစ်တယ်လို့သိရပါတယ်။ပြောင်းလဲကောက်ခံမယ့်နှုန်းထားတွေကတော့(YBS 128 )ယာဉ်လိုင်းမှာဆိုရင်

 

 

ခရီးစဉ်စဆုံး ၃၀၀ ကျပ်၊ဒဂုံတက္ကသိုလ်ကနေတောင်ဥက္ကလာပဘုရားထိနဲ့သခင်မြပန်းခြံကနေတောင်ဥက္ကလာပဘုရားထိကို ၂၀၀ ကျပ်စီသတ်မှတ်ထားပါတယ်။(YBS 117 )ယာဉ်လိုင်း ခရီးစဉ်စဆုံး ၃၀၀ ကျပ်၊ ဒဂုံတက္ကသိုလ်မှကမ္ဘာအေးစာတိုက်ထိ နဲ့သခင်မြပန်းခြံမှကမ္ဘာအေးစာတိုက်ထိ ၂၀၀ ကျပ်စီ၊

 

 

(YBS 38 )ယာဉ်လိုင်း ခရီးစဉ်စဆုံး ၃၀၀ ကျပ်၊ပါရမီမှရန်ကင်း ၁၂လုံးတန်းထိနဲ့သီရိမင်္ဂလာဈေးသစ်မှ ရန်ကင်း ၁၂လုံးတန်းထိ ၂၀၀ ကျပ်စီဖြစ်ပါတယ်။(YBS 30) ယာဉ်လိုင်းခရီးစဉ်စဆုံး ၃၀၀ ကျပ်၊ ဒဂုံတက္ကသိုလ်မှကမ္ဘာအေးစာတိုက်ထိနဲ့သခင်မြပန်းခြံမှကမ္ဘာအေးစာတိုက်ထိ ၂၀၀ ကျပ်သတ်မှတ်ထားပြီး

 

 

(YBS 25 ) ယာဉ်လိုင်းခရီးစဉ်စဆုံး ၃၀၀ ကျပ်၊ဒဂုံတက္ကသိုလ်မှကားကြီးဂိတ်ထိနဲ့ဘိုကလေးဈေးမှကားကြီးဂိတ်ထိ ၂၀၀ ကျပ်၊ (YBS 14 ) ယာဉ်လိုင်းခရီးစဉ်စဆုံး ၃၀၀ ကျပ်ပါရမီမှရန်ကင်းကြားမှတ်တိုင်ထိနဲ့ သခင်မြပန်းခြံမှရန်ကင်းကြားမှတ်တိုင်ထိ ၂၀၀ ကျပ်စီ၊

 

 

(YBS 12) ယာဉ်လိုင်းခရီးစဉ်စဆုံး ၃၀၀ ကျပ်၊ မ/ဒဂုံ ၅၀ကွေ့မှ တ/ဥက္ကလာစာတိုက်ထိနဲ့ ဆူးလေမှ တ/ဥက္ကလာစာတိုက်ထိ ၂၀၀ ကျပ်သတ်မှတ်ထားပါတယ်။

 

 

YBS 55 နဲ့ YBS 13 ယာဉ်လိုင်းတွေကတော့ ပုံသေ ၂၀၀ကျပ်ဖြစ်ပြီး YPS ကတ်နဲ့ပေးချေမယ့်သူတွေအတွက်လည်း အသေးစိတ်ထုတ်ပြန်ထားပါသေးတယ်။

YBS (12)

YBS (13)


YBS (55)

Leave a Comment