မျက်နှာချွေးပေါက်ကျယ်တာကို သက်သာသွားစေမယ့် အလွယ်ကူဆုံး နည်းလမ်းလေးများ

အမျိုးသမီးသမီးတွေက လှပဖို့အတွက် မိတ်ကပ်ပစ္စည်းတွေ အများကြီး သုံးကြပါတယ် ။ ညနေရောက်တဲ့အခါ မိတ်ကပ်ကို ဖျက်ကြပါတယ်။အဲဒီလို မိတ်ကပ်လိမ်းလိုက်၊ ဖျက်လိုက်၊ scrub လုပ်လိုက်၊ mask အုပ်လိုက် လုပ်တဲ့အခါ ချွေးပေါက်တွေက ကျယ်လာပါတယ်။

 

မျက်နှာပေါ်က ချွေးပေါက်ကျယ်တွေကို ကျဉ်းသွားအောင် လွယ်လွယ်ကူကူ ပြုလုပ်နိုင်မယ့်နည်းလမ်းတွေ ရှိပါတယ်။ချွေးပေါက်တွေက အဆီဂလင်းတွေကို ထုတ်ပေးပါတယ်။အဆီဂလင်းတွေက အသားအရေကို ရေဓာတ်ဖြည့်ဖို့၊ oxygen ပို့ပေးဖို့အတွက် လိုအပ်ပါတယ်။

 

 

ပြီးတော့ အဆီတွေက မိတ်ကပ်ပစ္စည်းတွေရဲ့ အကျိုးအာနိသင်တွေ ကိုလည်း စုပ်ယူပါတယ် ။ ချွေးပေါက် တွေမှာ ဖုန်တွေ၊ အညစ်အကြေးတွေ ပြည့်လာရင် ဝက်ခြံတွေ ဖြစ်လာတတ်ပါတယ်။

 

 

ချွေးပေါက်တွေက ဘာ့ကြောင့် ကျယ်ရသလဲ

1.အဆီထုတ်လုပ်မှု များလို့ပါ။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေ၊ စိတ်ဖိစီးမှုတွေ၊ နေရောင်ခြည်တွေ၊ အရည်အသွေး မကောင်းတဲ့ skincare ပစ္စည်းတွေကြောင့် ချွေးပေါက်ကျယ် ပါတယ်။

 

 

 

 

2.အသက်ကြီးလာတဲ့ အခါ ကော်လဂျင် ထုတ်လုပ်မှုက နှေးလာပြီး အရေပြားက ကျုံ့နိုင်ဆန့်နိုင်အား နည်းလာပါတယ်။ အဲဒီအခါ ချွေးပေါက်ကျယ် လာပါတယ်။ နေရောင်နဲ့ များများ ထိတွေ့တဲ့အခါ ကော်လဂျင်တွေ ပျက်စီး ပါတယ်။

 

 

3.လေ့လာချက်တွေအရ အာရှတိုက်က အမျိုးသမီးတွေရဲ့ ချွေးပေါက်ကအများကြီးပြောင်းလဲမှု မရှိပါဘူး။ အိန္ဒိယနိုင်ငံက အမျိုးသမီးတွေရဲ့ ချွေးပေါက်ကပိုကျယ်ပါတယ်။ အဲဒါကြောင့် ချွေးပေါက်ကျယ်တာ မျိုးရိုးဗီဇ နဲ့လည်းသက်ဆိုင်ပါတယ်။

 

ချွေးပေါက်ကျဉ်းဖို့

အစားအသောက်နဲ့ အသားအရေကို ထိန်းသိမ်းပြီး အလှအပ ပစ္စည်းတွေကို သေချာ ရွေးချယ် သုံးစွဲသင့်ပါတယ်။ ကော်လဂျင်တွေ မပျက်စီးအောင် လို့ နေ့တိုင်း sunscreen ကို သုံးပေးသင့် ပါတယ်။

 

 

မျက်နှာကို ပုံမှန်သစ်တာ၊ ရေဓာတ်ဖြည့်တာတွေ ပြုလုပ်ပေးသင့် ပါတယ်။ မနက်ခင်း မိတ်ကပ်လိမ်းပြီးတစ်နာရီ အကြာမှာအဆီပြန်လာတယ် ဆိုရင် အသားအရေမှာ အဆီဂလင်းတွေ များနေလို့ပါ။

 

 

 

အချိုဓာတ်များတဲ့ အစားအစာတွေကို လျှော့စားသင့် ပါတယ်။ သဘာဝအသီးအနှံတွေနဲ့ ပူပူစပ်စပ် တွေကို ပိုစားပေးပါ။ သစ်ကြံပိုးခေါက်၊ လေးညှင်းပွင့်၊ ဂျင်း၊ ကြက်သွန်ဖြူတွေက အသားအရေ တွန့်တာကို ကာကွယ်ပေးပါတယ်။

 

 

လက်ဖက်စိမ်းရည် သောက်ပါ။ လက်ဖက်စိမ်းရည်က အဆီဂလင်း ထုတ်လုပ်မှုကို လျော့စေပြီး ဝက်ခြံမပေါက်စေတော့ ပါဘူး။ ငါးနဲ့ အသီးအရွက်တွေကို ပိုစားပါ။ အဲဒီအခါ ဝက်ခြံပေါက်ဖို့ အခွင့်အရေး နည်းသွားပါတယ်။

 

 

 

 

မျက်နှာသန့်စင်ဖို့နဲ့ ရေဓာတ်ဖြည့်ဖို့

ချွေးပေါက်ကျယ်တဲ့ သူတွေက ရေဓာတ်ဖြည့်ပေး သင့်ပြီး တစ်နေ့ကိုနှစ်ခါ မျက်နှာသစ်ပေးသင့်ပါတယ်။ မိတ်ကပ်အကျန်တွေ၊ ဆဲလ်သေတွေ၊ ဖုန်တွေက ချွေးပေါက်တွေကို ပိတ်စေပါတယ်။ မျက်နှာ သစ်ပြီးတဲ့ အခါ မျက်နှာကို ရေဓာတ်ဖြည့် cream လိမ်းပေးသင့်ပါတယ်။

 

 

မျက်နှာကို အလှဆီ လိမ်းပေးပါ။ အဲဒီအခါ ဆဲလ်တွေ အားပြည့်လာပြီး ချွေးပေါက်တွေ လည်း သန့်သွားမှာပါ။Scrubs သုံးတာက အသားအရေကို ပျက်စီးစေပြီး ချွေးပေါက်တွေကို ပိုကျယ်လာစေ ပါတယ်။

 

 

မျက်နှာ ကြည်လင်ဖို့အတွက် ဂျယ် လ်သုံးသင့်ပါတယ်။ အဆီပြန်တတ်တဲ့ အသားအရေအတွက် lotion ထက် gel က ပိုသင့်တော် ပါတယ်။ ပုံမှန်သုံးနေတဲ့ ဆပ်ပြာနဲ့မျက်နှာ မသစ်သင့်ပါဘူး။ ဆပ်ပြာမှာ pH 8 ကနေ 10 အထိ ပါဝင်ပါတယ်။

 

အဲဒါကြောင့် အပေါ်ယံ အသားအရေကိုပျက်စီးစေပြီး အဆီဂလင်းထုတ်လုပ်မှုကို ပိုများစေမှာပါ။ pH level 5.5 ထက် မများတဲ့ဆပ်ပြာကို သုံးလို့ ရပါတယ်။

 

 

မျက်နှာကို နေ့လယ် 12 နာရီနဲ့ ညနေ 4 နာရီကြားမှာတစ်ခါသစ်ပေးပါ။ နေ့လယ်အချိန်မှာ အဆီထုတ်လုပ်မှု ပိုများပါတယ်။ အဲဒါကြောင့် နေ့လယ်မှာ အဆီပိုပြန်တတ် တာပါ။

 

 

Sunscreen က နေရောင်ခြည်ကို ကာကွယ်ပေးလို့ သုံးသင့်ပါတယ်။ Suncscreen သုံးတဲ့အခါ ကော် လဂျင် မပျက်စီးတော့လို့ အရေးအကြောင်းပေါ်တာ သက်သာသွားမှာပါ။

 

 

 

 

ရေဓာတ်ပါဝင်တဲ့ creamတွေ၊ ဂျယ်လ်တွေကိုလည်း သုံးသင့်ပါတယ်။အဲဒီအခါ ချွေးပေါက်မပိတ်တော့ပါဘူး။စိတ်ချရတဲ့မိတ်ကပ်ပစ္စည်းတွေကိုပဲ သုံးပါ။ မိတ် ကပ်မှာပါဝင်တဲ့ ဖယောင်း၊ အဆီ၊ တွေကလည်း ချွေး ပေါက် ပိတ်စေပါတယ်။

 

 

1.ပေါင်ဒါမှုန့်တွေက ချွေးပေါက်ကို ပိတ်စေပါတယ်။ Mineral powder ကို အသုံးပြုသင့် ပါတယ်။

2.Alcoholက အသားအရေကို ခြောက်သွေ့စေပြီး ဆဲလ်သေတွေကို ဖယ်ရှားရမှာ နှောင့်ယှက်ပါတယ်။

 

 

3.Mineral oil ပါဝင်တဲ့ အလှအပပစ္စည်းတွေ ပိုလည်း များများ မသုံးသင့်ပါဘူ

လေးစားစွာဖြင့် Credit – မူရင်းရေးသူ

Leave a Comment