



World Info Post

သူကိုယ်တိုင်သီဆိုထားတဲ့ “နေကွယ်ရင် လထွက်မယ်”သီချင်းလေးကို ကာရာအိုကေဖြင့် ပြန်လည်သီဆိုထားတဲ့ အဆိုတော်ကြီး ဦးစိုးပိုင်ရဲ့ဗီဒီယိုလေး

ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါက နာမည်ကြီးလူကြိုက်များခဲ့တဲ့ ဦးစိုးပိုင်ရဲ့သီချင်းတွေဆိုရင် လူကြီးရောလူငယ်တွေပါ နားမထောင်ဖူးတဲ့သူမရှိသလောက်ပါပဲနော်။အသံချိုချိုလေးနဲ့ဂီတလောကမှာအောင်မြင်မှုတွေကို တစ်ခဲနက်ပိုင်ဆိုင်ထားတဲ့ ဦးစိုးပိုင်ဟာအခုဆိုရင် အသက်အရွယ်ကြီးနေပြီဖြစ်ပါတယ်။

မကြာသေးခင်က သူ့ရဲ့နာမည်ကြီးသီချင်းဖြစ်ပြီး လူငယ်တော်တော်များများရဲ့ ပါးစပ်ဖျားမှာရေပန်းစားခဲ့တဲ့ နွေအလွမ်းတေးစီးရီးထဲက “နေကွယ်ရင် လထွက်မယ်”သီချင်းလေးကို ကာရာအိုကေဖြင့် ပြန်လည်သီဆိုထားတာကိုတွေ့ရပါတယ်။

ဒီအသက်အရွယ်ရောက်ရှိနေတာတောင် ငယ်ငယ်ကအသံအတိုင်း တစ်ထပ်တည်းကျတဲ့ ဦးစိုးပိုင်ရဲ့အသံလေးကိုနားထောင်ကြည့်လို့ရအောင်တင်ပြပေးလိုက်ပါတယ်နော်။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

World Info Post

unicode

Leave a Comment