ဘုန်းကြီးကျောင်းထိ လာပြီး ဘုန်းကြီး ပိုက်ဆံကိုတောင် လုခံနေရပြီ…တော်တော်ဆိုးရွားနေတဲ့ အခြေအနေ
ဘုန်းကြီးကျောင်းထိ လာပြီး ဘုန်းကြီး ပိုက်ဆံကိုတောင် လုခံနေရပြီ…….တော်တော်ဆိုးရွားနေတဲ့ နိုင်ငံကျွန်မအဖေ က ဘုန်းကြီး ဝတ်နေတာ ၂ နှစ်နီးပါး ရှိနေပါပြီ….ပြင်ဦးလွင်အနီးစခန်းက ဓမ္မသုတေသီ ကျောင်းမှာပါ….အဖေက အစိုးရ ဝန်ထမ်း ပင်စင်စား ဖြစ်တဲ့ အတွက်..ပင်စင်လစာ လေး ရပါတယ်…..
အာ့လစာ လေးရယ်….ဟိုကလှူ ဒီက လှူတဲ့ ပိုက်ဆံနည်းနည်းပါးပါး ပေါင်းလိုက်ရင်…၅သိန်း လောက် ဦးဇင်းရဲ့ သေတ္တာထဲမှာ ရှိပါတယ်…ဒီနေ့ ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်ချင်လို့ ဆိုပြီး..လူတစ်ယောက်လာလျှောက်ပါတယ်….ရွှေတွေ သီးနေအောင် ဝတ်ထားပြီး…ရွှေဆိုင်ပိုင်ရှင်ဆိုပြီး ဆွမ်းကပ်ချင်တဲ့ အကြောင်း လာလျှောက်တာပါ…
ကျောင်းတိုင်ဘုန်းကြီးကို လိုက်လျှောက်မယ်လို့ ပြောတာ မလျှောက်ချင်သေးဘူးခဏနေတော့ ဆွမ်းစားချိန်ရောက်တော့…ဦးဇင်းက ဆွမ်းစားကြွမှာမလို့ လို့ပြောတော့…ဒီမှာ ခဏနေခဲ့မယ်ဆိုပြီး…..ဆွမ်းစားပြီး ပြန်လာတော့…သေတ္တာထဲမှာ သိမ်းထားတဲ့ ပိုက်ဆံ ၅သိန်း ကို သော့ဖျက်ပြီး ယူသွားတာပါ……
၅ သိန်း ဆိုပေမဲ့ အဖေ့ အတွက်တော့ တကယ် အဖိုးတန်ပါတယ်အာ့ ပိုက်ဆံကလဲ အဖေက ဟိုအရင်လ က အူသိမ်မှာ အနာဖြစ်တာကြောင့်…ဆေးရုံးတက်ပြီး…ခု ဆေး ၆ လသောက်နေရတာမို့…အာ့ပိုက်ဆံလေး ဘဲ ရှိတာကို…..ဘုန်းကြီး ပိုက်ဆံမှ မရှောင် တကယ် လုပ်ရက်ပါတယ်စိတ်မကောင်း ဖြစ်ရတာမို့…..
ဘာမှ မပြောချင်တော့လောက်အောင်ပါပဲဘုန်းကြီး ကို လှူထားတဲ့ ပိုက်ဆံတွေနဲ့….စားနိုင်သောက်နိုင်ကြပါစေအားလုံး သတိထားမိအောင် တင်ပေးတာပါ…လူအချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်းကြပါစေ