ဝမ်းဗိုက်လေး ချပ်ရပ်နေဖို့အတွက် အကောင်းဆုံးစားသောက်နည်း


ဝမ်းဗိုက် ချပ်ရပ်လှပနေစေဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကို စားပေးဖို့ အရေးကြီးပါတယ်။ဗိုက်ပူလာပြီဆိုရင် တစ်နေ့မှာ အိပ်ထမတင် အကြိမ် ငါးဆယ်လောက် လုပ်ဖို့ လိုအပ်လာပေမယ့်

 

 

အစားအသောက်ကို ထိန်းချုပ်ပြီး မစားသောက်ရင် ဝမ်းဗိုက်ကြွက်သားတွေ သန်မာဖို့ မလွယ်ပါဘူး။ ဝမ်းဗိုက်မှာ အဆီတွေ ရှိနေနိုင်ပါတယ်။

 

 

 

 

ဝမ်းဗိုက်အဆီတွေ ကျပြီး ကြွက်သားထုထည် အားကောင်းနေစေဖို့ ပရိုတင်း၊ အမျှင်ဓာတ်နဲ့ ကောင်းတဲ့ အဆီတွေကိုပဲ ရွေးချယ် စားပေးသင့်တာ ဖြစ်ပါတယ်။

 

 

 

အရေးကြီးဆုံးအချက်က ဆားနဲ့ သကြားကဲတဲ့ သရေစာတွေကို ရှောင်ဖို့ လိုပါတယ်။ ဆာလောင်မှုကို ထိန်းချုပ်နိုင်ဖို့ အရေးကြီးဆုံး အချက်က နံနက်စာ၊ နေ့လယ်စာနဲ့ ညစာတွေကို

 

 

 

နည်းနည်းနဲ့ အကြိမ်ခြောက်ကြိမ်လောက် ခွဲပြီး စားပေးသင့်ပါတယ်။ ဒီလို နည်းနည်းနဲ့ မကြာခဏ စားပေးတာက ခန္ဓာကိုယ်ရဲ့ ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းမွန်စေပြီး ဆာလောင်မှုကိုလည်း ကောင်းကောင်း ထိန်းချုပ်နိုင်ပါလိမ့်မယ်။

 

 

 

 

အစားအသောက်ကို အချိန် သုံးနာရီကြာတိုင်း တစ်ကြိမ် စားပေးသင့်ပါတယ်။ အဆီနည်း ပရိုတင်းတွေကို ပါဝင်အောင် စားပေးပါ။ အဆီနည်း ပရိုတင်းတွေက ထမင်းများများ စားချင်စိတ်ကို ဟန့်တားပေးနိုင်ပါတယ်။

 

 

အဆီနည်း ပရိုတင်းဓာတ်ကို ရရှိစေဖို့ ကြက်သား၊ ငါး၊ အဆီနည်း အမဲသား စတာတွေအပြင် ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး၊ တိုဟူး၊ အဆီနည်း ဒိန်ခဲ စတာတွေကိုလည်း စားပေးနိုင်ပါတယ်။

 

 

 

 

ပရိုတင်းဓာတ်ဟာ အဆီတွေကို လောင်ကျွမ်းစေပြီး ဗိုက်ချပ်လိုသူတွေအတွက် အကောင်းဆုံး မိတ်ဆွေပါ။ အကြောင်းကတော့ စွမ်းအင်လောင်ကျွမ်း ကုန်ဆုံးမှု နည်းပါးပြီး ဗိုက်ပြည့်ကာ စိတ်ကျေနပ်မှုကို ရရှိစေလို့ပဲ ဖြစ်ပါတယ်။

 

 

 

ပရိုတင်းနဲ့အတူ ဟင်းသီးဟင်းရွက်တွေကို များများစားပေးပါ။ ဟင်းသီးဟင်းရွက်တွေမှာ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။

 

 

 

 

ထမင်း၊ ပေါင်မုန့်၊ ခေါက်ဆွဲစတဲ့ ကာဗိုဟိုက်ဒရိတ်တွေကို လျှော့စားပေးပါ။

 

 

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေဖြစ်တဲ့ သံလွင်ဆီ၊ ငါးအဆီ၊ အခွံမာသီးနဲ့ အစေ့အဆန်တွေကရတဲ့ အဆီတွေကို စားပေးနိုင်ပါတယ်။

Source: ကြယ်စင် (YTP)
Credit

Leave a Comment