တစ်ခါက ကလေးလေးတစ်ယောက်ဟာ အဖေလုပ်သူကို မေးခွန်းလေးတစ်ခု မေးတယ်။“လောကမှာ လူဘယ်နှစ်မျိုး ရှိသလဲ” တဲ့။အမြဲ တမ်း ကြံကြံဖန်ဖန် မေးတတ်တဲ့ ကလေးလေးကို ကြည့်ရင်း အဖေ လုပ်သူက ပြုံးပြတယ်။
မေးခွန်းတွေဟာ ကလေးလေးရဲ့ ဉာဏ်ရည် ဉာဏ်သွေးနဲ့ လက်ရှိ စိတ်အခြေအနေကိုထင်ဟပ်စေတယ်ဆိုတာ နားလည်တဲ့ အဖေလုပ်သူက ရှင်းပြဖို့ ကလေးလေးကို ခေါ်လိုက်တယ်။
အဖေလုပ်သူဟာ ကလေးလေးနားလည်လွယ်တဲ့ စကားလုံး အဖြေတွေ စုပုံထားတဲ့ အဘိဓာန်စာအုပ်ကြီးလို့ ကလေးလေးကလည်း ယုံ ကြည်တယ်လေ။ထုံးစံအတိုင်း အဖေလုပ်သူက ကလေးလေးကို သူ့ရဲ့ ဧည့်ခန်းထဲကို ခေါ်လာခဲ့တယ်။
ပြီးတော့ တစ်နေရာကို လက်ညှိုးထိုးပြီး ဘာမြင်ရသလဲတဲ့။ မြင်ရတဲ့ ပုံရိပ်က ကလေးလေးကိုယ်တိုင် ဖြစ်နေတယ်။ဒါဟာ မှန်တစ်ချပ်ပေါ့။ မှန်ထဲက ကလေးလေးပုံရိပ်ကို ကလေးလေးဟာ ပြန်မြင်နေရတယ်။
သူ့ကိုယ်သူ ပြန်မြင်ရတယ်လို့ အဖြေပြန်ပေးလိုက်တယ်။ ကလေးလေးရဲ့ အဖြေကို သဘောကျသွားတဲ့ အဖေလုပ်သူကနောက်ထပ် တစ်နေရာကို လက်ညိုးညွှန်ပြပြန်တယ်။
ဒီတစ်ခါကော ဘာထပ်တွေ့ရသ လဲတဲ့။ ဖခင်အပေါ် ယုံကြည်မှုအပြည့်ရှိတဲ့ကလေးလေးဟာ ဒီတစ်ခါလည်း မေးခွန်းတွေ မမေးတော့ဘဲ သူ ညွှန်ပြရာကို ကြည့်လိုက်တယ်။
ဒါ ပန်းချီကားတစ်ချပ်…ပန်းချီကားထဲက လူကြီးက သူ့ကို ပြုံးပြီး ကြည့်နေတယ်။ ဒါနဲ့ အဖေက ကလေးလေးကို ရှင်းပြတယ်။
“သား… လောကမှာ လူနှစ်မျိုးပဲ ရှိတယ်။ မှန်လိုလူနဲ့ ပန်းချီကားလိုလူ၊ တစ်ချို့က အပြန်ကလူ ပြုံးပြရင် ပြန်ပြုံးပြမယ်၊မဲ့ပြရင် ပြန်မဲ့ပြမယ်၊ ဒေါသထွက်ရင် ပြန်ထွက်ပြမယ်ဆိုတဲ့ မှန်လိုလူတွေ
သူတို့ လက်ကိုင်ထားတဲ့ ဆောင်ပုဒ်က သင်ကောင်းလျှင်ကျွန်ုပ် မဆိုးပါတဲ့။ သူတို့စိတ်ဟာ ပုံမှန်မရှိဘူး။တစ်နည်းပြောရရင် သူတို့ရဲ့ စိတ်ခံစားမှုဟာ အပြင်က လူရဲ့အပေါ်မှာ များစွာ မူတည်နေတယ်။
အပြင်ကလူ ပြုလုပ်တဲ့အ တိုင်းသာ သူတို့ ပြုမူကြတယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ တိကျပြတ်သားတဲ့ စိတ်ဓာတ်မရှိကြတဲ့သူတွေပေါ့။
နောက်တစ်မျိုးကတော့ ပန်းချီကားလိုလူ ပန်းချီကားထဲကလူဟာ အပြင်ကလူ ဘာပဲလုပ်ပြပြ၊ သူ့နဂိုရ်ပုံစံအတိုင်းပဲ။သူ့မှာ တိကျသေချာတဲ့ ပုံသဏ္ဍာန်ရှိတယ်။ အပြင်က လူ ပြုံးပြလည်း သူ ပြန်မပြုံးပြဘူး။အပြင်ကလူ ဒေါသထွက်နေလည်း သူ ပြန်မထွက်ပြဘူး။
ဒီ ပန်းချီကားလိုလူမျိုးဟာ သူတို့စိတ်နဲ့ သူတို့ အသက်ရှင်ကြတယ်။ သူတို့မှာ ဘဝအတွက် တိကျတဲ့ စည်းကမ်းချက်တွေ ရှိသလို၊ အဲဒီစည်းကမ်းတွေနဲ့အတူ လိုက်လျောညီထွေဖြစ်အောင် နေထိုင်နိုင်တယ်။
တစ်နည်းပြောရရင် အပြင်ကလူကြောင့် သူတို့ဟာ ပြောင်းလဲမသွားကြဘူး” “ပြောရရင်တော့… လူနှစ်မျိုးပဲ ရှိတယ်။ကိုယ့်စိတ်နဲ့ အသက်ရှင်တဲ့လူနဲ့ သူများစိတ်နဲ့ အသက်ရှင်တဲ့လူ” တဲ့။
လေးစားစွာဖြင့် Credit- မူရင်းရေးသားသူ