ကျောက်ဆိုရင်ကြောက်ကိုမကြောက်တော့တာသူရှိနေလို့ခါးနာခါးအောင့်ဖြစ်နေတာအခုတော့သူထွက်ကျလာခဲ့ပါပြီအချိန်ကယနေ့ည၁၁နာရီ၁၀မိနစ်ခန့်ကဖြစ်သည်ဘယ်ဘက်ကခါးတစ်ခြမ်းကိုက်နေတာ နှစ်လသုံးလလောက်ရှိနေပါပြီ
ဆီကျောက်တည်ရောဂါနဲ့ရင်ပါးနေပြီဖြစ်သောကြောင့်မကြောက်ရွန့်တော့ပေဒီကျောက်ကြီးရှိနေမှန်းသိနေတာတော့သုံးလေးလခန့်ရှိနေပါပြီဒီတစ်ခါကျောက်ကအသက်ရှုရင်တောင်အောင့်အောင့်လာတယ်ခါးအောင့်အောင့်နေလို့
ဘယ်ဘက်ကိုစောင်းအိပ်လို့မရဖြစ်နေပါတယ်သူရှိနေရင်ခါးကတင်ပြီးနာနေတယ်။ဘယ်ဘက်ခြမ်းဆီးခုံကို လက်နဲ့အဖိမခံနိုင်ဘူးတော်တော်နာပါတယ်ဆေးရုံသွားဓာတ်မှန်ရိုက်ကြည့်တော့ သေချာပေါက်သူ့ကို တွေ့သည် ဆရာဝန်က
ချေဖို့သို့မဟုတ်ခွဲထုတ်ဖို့ပြောပါသည်ကြီးလွန်းလို့သူ့ဘာလိုမထွက်ကျနိုင်ကြောင်းပြောပြပါသည်နေလို့ရရင်နေနေလိုက်သည်နေလို့မရအောင်နာလာရင်တော့လက်သုံးဆေးကိုအသုံးပြုရတော့သည်ထိုဆေးကလွယ်လွယ်လေးပါကျောက်ဖရုံသီးကို
သခွါးခြစ်နဲ့ခြစ်ပြီးရှာလကာရည်အနည်းငယ်ထည့်၍အလယ်တည်ပန်းကန်နဲ့တစ်ဝက်လောက်ကိုတစ်ရက်နှစ်ရက်နဲ့အကုန်စားပေးလိုက်ရုံပါပဲ။အဲဒီလိုသုံးခါလောက်လုပ်စားလိုက်တာနဲ့အခုမြင်တွေ့ရတဲ့ကြောက်ကြီးလည်းမနေနိုင်တော့ပဲဆီးလမ်း
ကြောင်းကနေဒလိမ့်ခေါက်ခွေးထွက်ကျခဲ့ရတော့တာပါပဲရံဖန်ရံခါအုန်းရေလဲအဝသောက်ပေးဖို့လိုပါသည်ကျောက်တည်တတ်တဲ့ဝေဒနာရှင်များအတွက်သတင်း ကောင်းပေးလိုက်ပါတယ်ပြီးခဲ့တဲ့ဧပြီလတုန်းကလည်း ကျောက်ထွက်ကျလလို့
ပုံနှင့်တကွ ရေးတင်ခဲ့ဘူးတာရှိပါတယ်ကျောက်ဖရုံသီးနဲ့ရှာလကာရေနဲ့ ရောစပ်ထားတာပါဟင်းစားဇွန်းနဲ့မောက်မောက်ခပ်၍တစ်နေ့သုံးကြိမ်လောက်စားပေးပါစားလို့ကောင်းပါတယ်မေ့တ္တာဖြင့်ဖော်ပြလိုက်ပါတယ်
Zawgyi