သိကြတဲ့အတိုင်း ဂျပန်လူမျိုးတွေဟာ အလုပ်တော်တော်လုပ်ကြပါတယ်။ နေ့နေ့ညည အလုပ်ကြိုးစားလွန်းလို့ ရထားပေါ်မှာ ဘက်စ်ကားပေါ်မှာ အိပ်မောကျနေတဲ့ ဂျပန်တွေကို တွေ့ရမှာပါ။
အချို့အလုပ်တွေမှာဆို နေ့လည်ဘက် ခနပေးနားတာမျိုးတွေတောင်ရှိပါတယ်။ ဒီလို အလုပ်ကြိုးစားကြတာ အိမ်ထောင်သည်အမျိုးသမီးတွေ၊ ကလေးအမေတွေ အပါအဝင်ပဲ ဖြစ်ပါတယ်။
ဂျပန်မှာရှိတဲ့ အိမ်တွေတော်တော်များများဟာ ကျဉ်းပေမယ့်လည်း အိမ်ထောင်သည် တော်တော်များများ အိပ်ယာခွဲအိပ်လေ့ရှိပါတယ်။
အိပ်ယာခွဲအိပ်ရတဲ့ အကြောင်းအရင်းက ရန်ဖြစ်လို့လည်းမဟုတ်၊ တခြားပြဿနာတွေ ရှိလို့လည်းမဟုတ်ပါဘူး။ အိပ်ယာခွဲအိပ်ခြင်းဖြင့်ရရှိတဲ့ အကျိုးကျေးဇူးတွေကြောင့် ခွဲအိပ်ရခြင်းပဲ ဖြစ်ပါတယ်။
အိပ်ယာခွဲအိပ်ရတဲ့ အကြောင်းအရင်း …
အပေါ်မှာပြောခဲ့သလိုပဲ အချိန်ပိုင်းလုပ်ရတဲ့ အလုပ်တွေ များတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် အိပ်ချိန်မတူတာမျိုးကြောင့် အိပ်ယာခွဲအိပ်ရခြင်းဖြစ်ပါတယ်။ အတူတူအိပ်ရင် တစ်ယောက်နိုးတဲ့အခါ တစ်ယောက်အိပ်ရတာ အနှောက်အယှက်ဖြစ်တယ်လေ။ အဲ့ဒါကြောင့် အခန်းခွဲအိပ်ကြတာ ပိုအဆင်ပြေတာပေါ့။
ကလေးရှိတဲ့ အိမ်ထောင်သည်တွေကျ ဘယ်လိုအိပ်လဲ???
ကလေးကို အမေက တူတူခေါ်သိပ်ရတယ်။ ကလေးရှိလာတဲ့အခါ အဖေကပါ တစ်ကုတင်တည်းအိပ်မလား အခန်းခွဲအိပ်မလား ဆိုတာ ဆုံးဖြတ်ရပါတယ်။ ဒီလို ဆုံးဖြတ်ရတာ သူတို့ အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ဘာလို့အရေးကြီးလဲ ဆိုရင် ဖခင်ဖြစ်သူက ဝင်ငွေပိုရအောင် အလုပ်ပိုလုပ်ရတဲ့အတွက် အိပ်ရေးဝဝ အိပ်ရမှာကြောင့်ပါ။
အိပ်ယာခွဲအိပ်ပြီဆိုတာနဲ့ လင်မယားတွေ ကွဲဖို့ ပိုအခွင့်အလမ်းများပေမယ့် ဂျပန်မှာတော့ ပြောင်းပြန်ပါ။ သူတို့ဟာ အိပ်ချိန်၊ အိပ်ရေးဝဝ အိပ်ရဖို့ အရေးကို အရာတိုင်းထက် ပိုတန်ဖိုးထားပါတယ်။ အိပ်ချိန်မှာ ဘယ်သူမှ မနှောက်ယှက်ရေး၊ ဒို့အရေးပါ။ အိမ်ဘယ်လောက် ကျဉ်းကျဉ်း အိပ်ချိန်မတူကြရင် အိပ်ယာ၊ အခန်းခွဲအိပ်ကြပါတယ်။
အိမ်ထောင်သည်တွေအနေနဲ့ အလုပ်အရမ်းများတဲ့အခါမှာ အခန်းခွဲမအိပ်ရင်တောင် အိပ်ယာခွဲအိပ်သင့်ပါတယ်။ ဒါမှ ဟောက်သံတွေ၊ လှုပ်လှုပ်ရွရွ လုပ်ခြင်းကြောင့်အိပ်ရေးမဝတာတွေ မဖြစ်တော့ပဲနေမှာပါ။
တစ်ယောက်ဟောက်သံကြောင့် တစ်ယောက်အိပ်မရတာတွေ၊ ဟောက်သံကြောင့် စိတ်တိုပြီး လင်မယားရန်ဖြစ်ရတာတွေ အထိပါဖြစ်တတ်တာကို တွေ့ရှိရပါတယ်။ မေမေတို့ရော ဂျပန်တွေရဲ့ အိပ်ယာခွဲအိပ်တဲ့ အယူအဆကို ဘယ်လိုသဘောရပါသလဲ?
crd,
Zawgyi
သိၾကတဲ့အတိုင္း ဂ်ပန္လူမ်ိဳးေတြဟာ အလုပ္ေတာ္ေတာ္လုပ္ၾကပါတယ္။ ေန႕ေန႕ညည အလုပ္ႀကိဳးစားလြန္းလို႔ ရထားေပၚမွာ ဘက္စ္ကားေပၚမွာ အိပ္ေမာက်ေနတဲ့ ဂ်ပန္ေတြကို ေတြ႕ရမွာပါ။
အခ်ိဳ႕အလုပ္ေတြမွာဆို ေန႕လည္ဘက္ ခနေပးနားတာမ်ိဳးေတြေတာင္ရွိပါတယ္။ ဒီလို အလုပ္ႀကိဳးစားၾကတာ အိမ္ေထာင္သည္အမ်ိဳးသမီးေတြ၊ ကေလးအေမေတြ အပါအဝင္ပဲ ျဖစ္ပါတယ္။
ဂ်ပန္မွာရွိတဲ့ အိမ္ေတြေတာ္ေတာ္မ်ားမ်ားဟာ က်ဥ္းေပမယ့္လည္း အိမ္ေထာင္သည္ ေတာ္ေတာ္မ်ားမ်ား အိပ္ယာခြဲအိပ္ေလ့ရွိပါတယ္။
အိပ္ယာခြဲအိပ္ရတဲ့ အေၾကာင္းအရင္းက ရန္ျဖစ္လို႔လည္းမဟုတ္၊ တျခားျပႆနာေတြ ရွိလို႔လည္းမဟုတ္ပါဘူး။ အိပ္ယာခြဲအိပ္ျခင္းျဖင့္ရရွိတဲ့ အက်ိဳးေက်းဇူးေတြေၾကာင့္ ခြဲအိပ္ရျခင္းပဲ ျဖစ္ပါတယ္။
အိပ္ယာခြဲအိပ္ရတဲ့ အေၾကာင္းအရင္း
အေပၚမွာေျပာခဲ့သလိုပဲ အခ်ိန္ပိုင္းလုပ္ရတဲ့ အလုပ္ေတြ မ်ားတဲ့အတြက္ တစ္ေယာက္နဲ႕တစ္ေယာက္ အိပ္ခ်ိန္မတူတာမ်ိဳးေၾကာင့္ အိပ္ယာခြဲအိပ္ရျခင္းျဖစ္ပါတယ္။ အတူတူအိပ္ရင္ တစ္ေယာက္နိုးတဲ့အခါ တစ္ေယာက္အိပ္ရတာ အႏွောက္အယွက္ျဖစ္တယ္ေလ။ အဲ့ဒါေၾကာင့္ အခန္းခြဲအိပ္ၾကတာ ပိုအဆင္ေျပတာေပါ့။
ကေလးရွိတဲ့ အိမ္ေထာင္သည္ေတြက် ဘယ္လိုအိပ္လဲ???
ကေလးကို အေမက တူတူေခၚသိပ္ရတယ္။ ကေလးရွိလာတဲ့အခါ အေဖကပါ တစ္ကုတင္တည္းအိပ္မလား အခန္းခြဲအိပ္မလား ဆိုတာ ဆုံးျဖတ္ရပါတယ္။ ဒီလို ဆုံးျဖတ္ရတာ သူတို႔ အတြက္ အေရးႀကီးတဲ့ ဆုံးျဖတ္ခ်က္ျဖစ္ပါတယ္။ ဘာလို႔အေရးႀကီးလဲ ဆိုရင္ ဖခင္ျဖစ္သူက ဝင္ေငြပိုရေအာင္ အလုပ္ပိုလုပ္ရတဲ့အတြက္ အိပ္ေရးဝဝ အိပ္ရမွာေၾကာင့္ပါ။
အိပ္ယာခြဲအိပ္ၿပီဆိုတာနဲ႕ လင္မယားေတြ ကြဲဖို႔ ပိုအခြင့္အလမ္းမ်ားေပမယ့္ ဂ်ပန္မွာေတာ့ ေျပာင္းျပန္ပါ။ သူတို႔ဟာ အိပ္ခ်ိန္၊ အိပ္ေရးဝဝ အိပ္ရဖို႔ အေရးကို အရာတိုင္းထက္ ပိုတန္ဖိုးထားပါတယ္။ အိပ္ခ်ိန္မွာ ဘယ္သူမွ မႏွောက္ယွက္ေရး၊ ဒို႔အေရးပါ။ အိမ္ဘယ္ေလာက္ က်ဥ္းက်ဥ္း အိပ္ခ်ိန္မတူၾကရင္ အိပ္ယာ၊ အခန္းခြဲအိပ္ၾကပါတယ္။
အိမ္ေထာင္သည္ေတြအေနနဲ႕ အလုပ္အရမ္းမ်ားတဲ့အခါမွာ အခန္းခြဲမအိပ္ရင္ေတာင္ အိပ္ယာခြဲအိပ္သင့္ပါတယ္။ ဒါမွ ေဟာက္သံေတြ၊ လႈပ္လႈပ္႐ြ႐ြ လုပ္ျခင္းေၾကာင့္အိပ္ေရးမဝတာေတြ မျဖစ္ေတာ့ပဲေနမွာပါ။
တစ္ေယာက္ေဟာက္သံေၾကာင့္ တစ္ေယာက္အိပ္မရတာေတြ၊ ေဟာက္သံေၾကာင့္ စိတ္တိုၿပီး လင္မယားရန္ျဖစ္ရတာေတြ အထိပါျဖစ္တတ္တာကို ေတြ႕ရွိရပါတယ္။ ေမေမတို႔ေရာ ဂ်ပန္ေတြရဲ႕ အိပ္ယာခြဲအိပ္တဲ့ အယူအဆကို ဘယ္လိုသေဘာရပါသလဲ?
crd,