၁။ စိတ်ဖိစီးမှုများ မရှိအောင် နေပါ
စိတ်ချမ်းသာစရာကိုပဲ တွေးပါ။ စိတ်ထဲကို စူးနင့်စေမယ့် အတွေးတွေ တွေးခြင်းမှ ရှောင်ကြဉ်ပါ။ ဝမ်းနည်းစေမယ့် အဖြစ်အပျက်တွေကို လိုက်ပြီး ခံစားတာမျိုး မလုပ်ပါနဲ့။ စိတ်ချမ်သားမှုကို ရှာတတ်ပါစေ။
ဟာသရုပ်ရှင်၊ ဝတ္ထု၊ ရုပ်ပြတွေကို နေ့စဉ်ကြည့်ရှုတတ်တဲ့ အလေ့အကျင့်ကို ပျိူးထောင်ပါ။
၂။ ဖြည့်စွက်ဆေးဝါး
ခေါင်းမကြာခဏ ကိုက်လေ့ရှိတဲ့သူတွေဟာ Magnesium, Vitamin B2, နဲ့ CoQ10 ဓာတ်တွေပါတဲ့ ဆေးဝါးများကို သောက်သုံးဖို့ သင့်တော်ပါတယ်။
ဒါပေမယ့် မိမိသဘောနဲ့ ခေါင်းကိုက်ပျောက်ဆေးကဲ့သို့သော ဆေးဝါးတွေ ဝယ်သောက်တာထက်စာရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ သောက်သုံးပါ။
၃။ သွေးတွင်း သကြားဓာတ်ပါဝင်မှုကို လျှော့ချပါ
သွေးတွင်းမှာ ကိုလက်စထရောနဲ့ သကြားဓာတ်ပါဝင်မှုဟာ ရှေရှည်ကျန်းမာရေးကို ဆိုးဝါးစေပါတယ်။ ခေါင်းကိုက်ခြင်းကဲ့သို့သော သာမန်ရောဂါတစ်ခုကိုသာ ဖြစ်စေတာမဟုတ်ပဲ
သွေးတွင်း သကြားဓာတ် သတ်မှတ်ပမာဏထက် ပိုများရင် နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ၊ သွေးကြောပိတ် ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။
၄။ ဆေးလိပ်အရက် ဖြတ်ပါ
ခေါင်းကိုက်ခြင်းနဲ့ အဓိက သက်ဆိုင်တဲ့ အရာတွေထဲမှာ ဆေးလိပ်အရက်ဟာ ထိပ်ဆုံးကနေ ပါဝင်ပါတယ်။ သွေးလည်ပတ်မှုကို နှေးစေပြီး၊ အာရုံကြောတွေကို ထုံထိုင်းစေပါတယ်။
၅။ ကဖိန်းဓာတ်စားသုံးမှုပမာဏကို လျှော့ချပါ
ကဖိန်းဓာတ်ဟာ သွေးလည်ပတ်မှုကို အနှောက်အယှက်ဖြစ်စေတဲ့ အရာလို့ ဆရာဝန်တွေက ဆိုပါတယ်။ ဒါပေမယ့် သတ်မှတ်ပမာဏထက် ကျော်လွန်သုံးစွဲမှသာ ဆိုးကျိုးတွေ သက်ရောက်စေနိုင်တာဖြစ်ပြီး
သတ်မှတ်ပမာဏထက် မကျော်လွန်အောင် ဂရုစိုက်ရပါမယ်။ နည်းနေရင် အကြောင်း မဟုတ်ပါ။ များနေရင်တော့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
Source: shwemom
Credit
Zawgyi ဖြင့်ဖတ်ပါ
၅။ ကဖိန်းဓာတ်စားသုံးမႈပမာဏကို ေၾလႇာ့ချပါ
Source: shwemom
Credit