ယေန႕ နားလည္မႈ လြဲမွားေနေသာ “ေရွးရိုးစြဲ အယူအဆမ်ား”

ယေန႕ နားလည္မႈ လြဲမွားေနေသာ “ေရွးရိုးစြဲ အယူအဆမ်ား”
ညဖက္လက္သည္းမညႇပ္ေကာင္း…

လ်ွပ္စစ္ မရွိေသးတုန္းက ညဖက္ညႇပ္ရင္ ဓားရွၿပီး ထိခိုက္မႈ တခုခုျဖစ္မွာစိုးလို မညႇပ္ခိုင္းတာျဖစ္ပါတယ္။

ထမင္းစားၿပီး မလွဲရဘူး…ေျမြျဖစ္တတ္တယ္…

အမွန္က အစာမေၾကျဖစ္မွာစိုးလို႔…။ အိပ္ေနတုန္း အစာမ်ားလို႔ ျပန္အန္ထြက္ရင္ အိပ္ေနတဲ့သူက အန္ဖတ္ ဆို႔ႏုိင္တယ္။

လမ္းဦးတိုက္ ေလွဦးတိုက္အရပ္ မေနရဘူး…ခိုက္မွာစိုးလို႔…

ေရွးေခတ္တုန္းက သူခိုး ဓားျပေတြဟာ ဝင္လမ္း ထြက္လမ္း စီးပြားေရးသာတဲ့ အဲသည္အိမ္ကို ခ်က္ခ်င္းတိုက္ ခ်က္ခ်င္း ျပန္ထြက္ႏုိင္လို႔ မေနအပ္ဘူး။

မိန္းခေလးေတ ဓမၼတာလာခ်ိန္ မီးဖို မဝင္ရ…ဘုရား မတက္ရ…

မိန္းခေလးေတြကို သက္ေတာင့္သက္သာ နားေစလိုတဲ့ အတြက္ေၾကာင့္ရယ္၊ ယေန႔ေခတ္လို လစဥ္သုံးေတြ မေပၚေသးတဲ့အတြက္ သန္ရွင္းေရး ကရိကထ မမ်ားေစဖို႔ အတြက္ရယ္ေၾကာင့္ျဖစ္ပါတယ္။

ညဖက္ ခရီးသြားတုန္း ေၾကာင္ေတြ႕ရင္ ေသတတ္တယ္…

ေၾကာင္မ်ဳိးေတြဟာ ညဖက္ မ်က္လုံးေတာက္ေလ့ရွိတယ္။ ေရွးက ညဖက္ ခရီးသြားရင္ ႏြားလွည္း ျမင္းလွည္းေတြနဲ႔ သြားေလ့ရွိပါတယ္။

ဒီလိုခရီးလမ္းမွာ ေတာေၾကာင္ေတြကို လွည္းမွာပါတဲ့ ျမင္းတို႔၊ ႏြား တို႔ကေတြ႕တဲ့အခါ မ်က္လုံးအေရာင္ေၾကာင့္ ေၾကာက္လန္႔ၿပီး ေဘးကိူ ဆြဲခ် တတ္ပါတယ္။

အဲအခါ ေခ်ာက္ေတြဘာေတြ ရွိေနခဲ့ရင္ ေသတတ္ပါတယ္။ ဒါကိုဆိုလိုေပမဲ့ ေခတ္ကာလၾကာလာတဲ့အခါမွာေတာ့ ညဖက္ ေၾကာင္ကိုေတြ႕ရင္ ေသတတ္တယ္ဆိုတဲ့ အခ်က္ဘဲ က်န္ပါေတာ့တယ္။

စေလာင္း ၂ခ်ပ္ တီးရင္ က်ားကိုက္တယ္…

ေျမနဲ႔ လုပ္ထားေတာ့ စေလာင္းကြဲမွာ စိုးလို႔ပါ။ ဒီဘက္ေခတ္ေရာက္ေတာ့ က်ားကိုက္တယ္ လို႔အယူမွားလာျခင္း ျဖစ္ပါတယ္။

ကပ္ေၾကးကို ညႇပ္စရာပစၥည္းမပါဘဲ မေဆာ့ရ… အိမ္ပူတယ္ (ရန္ျဖစ္တတ္တယ္)

ပစၥည္းမပါဘဲ ကပ္ေၾကးကို ခဏခဏေဆာ့ရင္ ေခ်ာင္ၿပီး ပစၥည္းကို ညႇပ္လို႔ မရေတာ့မွာ စိုးလို႔ျဖစ္ပါတယ္။

ၾကယ္ေတြကို မေရတြက္ရဘူး… ေသတတ္တယ္…

ၾကယ္ဆိုတာ ေရတြက္ေနတဲ့ အခ်ိန္မွာဘဲ ဟိုတစ္လုံး ဒီတစ္လုံးထြက္ တိမ္ကြယ္သြားတဲ့ အလုံးကကြယ္ ေရတြက္လို႔ မျဖစ္ႏိုက္ပါဘူး။

ေရလို႔လည္း အမွန္ကို မသိႏုိင္ပါဘူး။ အခ်ီးႏွီးပဲျဖစ္မွာပါ… ေနာက္ဆုံးၾကယ္ကို ေရတြက္ရင္ ေသတတ္တယ္ဆို တာေလးက်န္ခဲ့တယ္။

စဦးစေနာင္း မယူေကာင္း…

တကယ္က ဦးစားေပးခံရတဲ့ လူႏွစ္ေယာက္ မတည့္မွာစိုးလို႔ ျဖစ္ပါတယ္။

ေနက်တ္ခ်ိန္ ကိုယ္ဝန္ေဆာင္မ်ား အျပင္မထြက္ရ…

ေသြးသားႏုနယ္ခ်ိန္ ေနက်တ္တာကို ၾကည့္မိတဲ့အခါ မ်က္ၾကည္လႊာ ပ်က္စီးႏုိင္တဲ့ အတြက္ေၾကာင့္ ျဖစ္ပါတယ္။

ညဖက္ တံျမက္စည္းမလွဲေကာင္း…

မီးမရွိတဲ့အခ်ိန္မွာ လွဲမိတဲ့အခါ အိမ္တြင္းမွာ သိမ္းစည္းထားတဲ့ ေရႊတိုေရႊစမ်ား ၾကမ္းေပၚျပဳတ္က်ေနခဲ့ရင္ မေတြ႕မိႏုိင္တဲ့အတြက္ေၾကာင့္ ညဖက္မလွဲေစျခင္းျဖစ္ပါတယ္။

မသာပို႔ၿပီးလို႔ ျပန္လာရင္ ေရခ်ဳိးပါ…

လူေသေကာင္ဆီက ေရာဂါပိုးမႊားေတြ ပါလာႏုိင့္တဲ့အတြက္ ေရခ်ဳိးေစျခင္း ျဖစ္ပါတယ္။

စပါးသိမ္းခ်ိန္ ေရေႏြးကို ဆားထည့္ေသာက္ပါ…

စပါးသိမ္းခ်ိန္ဆို ပူတယ္။ စပါးကို ေနပူထဲရိတ္ရတဲ့အခါ ေခြၽးထြက္မ်ားလို႔ ေခြၽးအစား ဆားနဲ႔ျပန္ျဖည့္ေစလိုတာေၾကာင့္ ျဖစ္ပါတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။

Unicode

ယနေ့ နားလည်မှု လွဲမှားနေသော “ရှေးရိုးစွဲ အယူအဆများ”
ညဖက်လက်သည်းမညှပ်ကောင်း…

လျှပ်စစ် မရှိသေးတုန်းက ညဖက်ညှပ်ရင် ဓားရှပြီး ထိခိုက်မှု တခုခုဖြစ်မှာစိုးလို မညှပ်ခိုင်းတာဖြစ်ပါတယ်။

ထမင်းစားပြီး မလှဲရဘူး…မြွေဖြစ်တတ်တယ်…

အမှန်က အစာမကြေဖြစ်မှာစိုးလို့…။ အိပ်နေတုန်း အစာများလို့ ပြန်အန်ထွက်ရင် အိပ်နေတဲ့သူက အန်ဖတ် ဆို့နိုင်တယ်။

လမ်းဦးတိုက် လှေဦးတိုက်အရပ် မနေရဘူး…ခိုက်မှာစိုးလို့…

ရှေးခေတ်တုန်းက သူခိုး ဓားပြတွေဟာ ဝင်လမ်း ထွက်လမ်း စီးပွားရေးသာတဲ့ အဲသည်အိမ်ကို ချက်ချင်းတိုက် ချက်ချင်း ပြန်ထွက်နိုင်လို့ မနေအပ်ဘူး။

မိန်းခလေးတေ ဓမ္မတာလာချိန် မီးဖို မဝင်ရ…ဘုရား မတက်ရ…

မိန်းခလေးတွေကို သက်တောင့်သက်သာ နားစေလိုတဲ့ အတွက်ကြောင့်ရယ်၊ ယနေ့ခေတ်လို လစဉ်သုံးတွေ မပေါ်သေးတဲ့အတွက် သန်ရှင်းရေး ကရိကထ မများစေဖို့ အတွက်ရယ်ကြောင့်ဖြစ်ပါတယ်။

ညဖက် ခရီးသွားတုန်း ကြောင်တွေ့ရင် သေတတ်တယ်…

ကြောင်မျိုးတွေဟာ ညဖက် မျက်လုံးတောက်လေ့ရှိတယ်။ ရှေးက ညဖက် ခရီးသွားရင် နွားလှည်း မြင်းလှည်းတွေနဲ့ သွားလေ့ရှိပါတယ်။

ဒီလိုခရီးလမ်းမှာ တောကြောင်တွေကို လှည်းမှာပါတဲ့ မြင်းတို့၊ နွား တို့ကတွေ့တဲ့အခါ မျက်လုံးအရောင်ကြောင့် ကြောက်လန့်ပြီး ဘေးကိူ ဆွဲချ တတ်ပါတယ်။

အဲအခါ ချောက်တွေဘာတွေ ရှိနေခဲ့ရင် သေတတ်ပါတယ်။ ဒါကိုဆိုလိုပေမဲ့ ခေတ်ကာလကြာလာတဲ့အခါမှာတော့ ညဖက် ကြောင်ကိုတွေ့ရင် သေတတ်တယ်ဆိုတဲ့ အချက်ဘဲ ကျန်ပါတော့တယ်။

စလောင်း ၂ချပ် တီးရင် ကျားကိုက်တယ်…

မြေနဲ့ လုပ်ထားတော့ စလောင်းကွဲမှာ စိုးလို့ပါ။ ဒီဘက်ခေတ်ရောက်တော့ ကျားကိုက်တယ် လို့အယူမှားလာခြင်း ဖြစ်ပါတယ်။

ကပ်ကြေးကို ညှပ်စရာပစ္စည်းမပါဘဲ မဆော့ရ… အိမ်ပူတယ် (ရန်ဖြစ်တတ်တယ်)

ပစ္စည်းမပါဘဲ ကပ်ကြေးကို ခဏခဏဆော့ရင် ချောင်ပြီး ပစ္စည်းကို ညှပ်လို့ မရတော့မှာ စိုးလို့ဖြစ်ပါတယ်။

ကြယ်တွေကို မရေတွက်ရဘူး… သေတတ်တယ်…

ကြယ်ဆိုတာ ရေတွက်နေတဲ့ အချိန်မှာဘဲ ဟိုတစ်လုံး ဒီတစ်လုံးထွက် တိမ်ကွယ်သွားတဲ့ အလုံးကကွယ် ရေတွက်လို့ မဖြစ်နိုက်ပါဘူး။

ရေလို့လည်း အမှန်ကို မသိနိုင်ပါဘူး။ အချီးနှီးပဲဖြစ်မှာပါ… နောက်ဆုံးကြယ်ကို ရေတွက်ရင် သေတတ်တယ်ဆို တာလေးကျန်ခဲ့တယ်။

စဦးစနောင်း မယူကောင်း…

တကယ်က ဦးစားပေးခံရတဲ့ လူနှစ်ယောက် မတည့်မှာစိုးလို့ ဖြစ်ပါတယ်။

နေကျတ်ချိန် ကိုယ်ဝန်ဆောင်များ အပြင်မထွက်ရ…

သွေးသားနုနယ်ချိန် နေကျတ်တာကို ကြည့်မိတဲ့အခါ မျက်ကြည်လွှာ ပျက်စီးနိုင်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

ညဖက် တံမြက်စည်းမလှဲကောင်း…

မီးမရှိတဲ့အချိန်မှာ လှဲမိတဲ့အခါ အိမ်တွင်းမှာ သိမ်းစည်းထားတဲ့ ရွှေတိုရွှေစများ ကြမ်းပေါ်ပြုတ်ကျနေခဲ့ရင် မတွေ့မိနိုင်တဲ့အတွက်ကြောင့် ညဖက်မလှဲစေခြင်းဖြစ်ပါတယ်။

မသာပို့ပြီးလို့ ပြန်လာရင် ရေချိုးပါ…

လူသေကောင်ဆီက ရောဂါပိုးမွှားတွေ ပါလာနိုင့်တဲ့အတွက် ရေချိုးစေခြင်း ဖြစ်ပါတယ်။

စပါးသိမ်းချိန် ရေနွေးကို ဆားထည့်သောက်ပါ…

စပါးသိမ်းချိန်ဆို ပူတယ်။ စပါးကို နေပူထဲရိတ်ရတဲ့အခါ ချွေးထွက်များလို့ ချွေးအစား ဆားနဲ့ပြန်ဖြည့်စေလိုတာကြောင့် ဖြစ်ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။

Leave a Comment