ေစ်းေရာင္းသူမ်ား သိထားသင့္တဲ့… ” ျမတ္တာလား…. ရႈံးတာလား “

ေစ်းေရာင္းသူမ်ား သိထားသင့္တဲ့… ” ျမတ္တာလား…. ရႈံးတာလား “


မမင္းတုတ္ ေဆးဆိုင္ေလးဖြင့္ထားသည္။ သိန္း ၂၀၀ ဖိုး ရင္းထားသည္… အျမတ္ ၁၀% ယူၿပီး တစ္ရာေပးရေသာ ေဆးကို ၁၁၀ ႏွင့္ ေရာင္းသည္။ ေရာင္းေကာင္းလွသည္… တစ္ပတ္အၾကာ အကုန္ထပ္ဝယ္ရသည္။

ပထမ တစ္ပတ္မွာ သိန္း ၂၀ျမတ္သည္။ မမင္းတုတ္ တစ္ၿပဳံးၿပဳံး… ေဆးအသစ္ေတြလာပို႔ေတာ့ သိန္း ၂၅၀ က်သည္ေျပာသည္။ ေစ်းေတြတက္သြားလို႔ပါတဲ့။

အေဖ့ဆီက သိန္း ၃၀ ေခ်းၿပီး ဝယ္ကာ ေစ်းဆက္ေရာင္းသည္ ၁၀ % အျမတ္ယူေရာင္းမွာဘဲ ေအးေဆးဟု မမင္းတုတ္ေတြးသည္။ ေစ်းေရာင္းေကာင္းလို႔ေပ်ာ္သည္။ အရင္းမ်ားေတာ့ အျမတ္ပိုမ်ားလာသည္။

ဒီဒုတိယအပတ္ ၂၅ သိန္းျမတ္သည္။ မမင္းတုတ္ စိတ္ခ်မ္းသာသည္။ အျမတ္ႀကီးမစားေတာ့ ကုသိုလ္လည္းရ ဝမ္းလည္းဝ ဟုတြက္သည္။ ေဆးေတြျပန္မွာေတာ့ သိန္း ၃၀၀ ဖိုး ဝယ္ရသည္။ ေဒၚလာေစ်းတက္သြားလို႔ပါတဲ့။

မမင္းတုတ္ ေခါင္းကုတ္ရင္း အေဖ့ဆီ ပိုက္ဆံေခ်းရျပန္သည္။ အရင္းက သိန္း ၂၀၀ အျမတ္ ၂ ပတ္စာက ၄၅ သိန္း အေဖ့ဆီက ၂၅ သိန္း ထပ္ေခ်း။ မမင္းတုတ္ ေဆးဆိုင္မွာ ေဆးဝယ္ေတြ က်ိတ္က်ိတ္တိုး ေစ်းမွန္တယ္ေဟ့… ေဆးေတြကုန္ေတာ့ သိန္း ၃၀ ျမတ္သည္။

အျမတ္ေတြက တစ္ပတ္ၿပီး တစ္ပတ္တိုးလာသည္ မမင္းတုတ္ ဘဝင္ျမင့္ခ်င္ခ်င္…။ ေဆးေတြထပ္ဝယ္ေတာ့ အရင္တုန္းက အမယ္အတိုင္းကို သိန္း ၃၆၀ ပါတယ့္။ အယ္ ဒီေဒၚလာေစ်းကလဲ တက္တက္ႏိုင္လြန္း…။
ကဲေလ အေရာင္းအဝယ္ေကာင္းေနတာဘဲ အျမတ္နည္းနည္း ပိုယူတာေပါ့။ အေဖေရ ေခ်းပါအုံး သိန္း ၃၀… မူလ အရင္း သိန္း ၂၀၀ ၃ ပတ္ အျမတ္ ၇၅သိန္း အေဖ ေခ်းေငြ စုစုေပါင္း ၈၅ သိန္း

စုစုေပါင္း သိန္း ၃၆၀ ဖိုး ေဆးမ်ားကို သေဘာေကာင္းေသာ မမင္းတုတ္ တစ္ပတ္အတြင္း အျပတ္ေရာင္းကုန္ သိန္း ၄၀ ျမတ္ ငါကြ…။ ေဆးကုမၸဏီကို ေဆးေတြျပန္မွာေတာ့ စုစုေပါင္း သိန္း ၄၅၀ က်ပါမယ္တဲ့။

မမင္းတုတ္ ေခါင္းကုတ္ရင္း စာရင္းျပန္တြက္သည္… ေလးပတ္ေပါင္း အျမတ္ေငြ ၂၀+၂၅+၃၀+၄၀ သိန္း… ၁၁၅ သိန္း ျမတ္ခဲ့သည္။ ခုျပန္ဝယ္မလို႔ လက္ထဲၾကည့္ေတာ့ သိန္း ေလးရာ ေဆးေတြ မူလအတိုင္း ျပန္တင္ဖို႔ သိန္း ၅၀ လိုေနသည္။

အေဖ့ဆီ မ်က္ႏွာပူပူနဲ႔ ေခ်းရဦးမည္။ အေဖေရ သိန္း ၅၀ လွည့္ပါအုံး… အေဖက ေျပာသည္ နင္ယူတာ ဒါနဲ႔ဆို ၃၀+၂၅+၃၀+၅၀ ၁၃၅ သိန္း ရွိၿပီေနာ္တဲ့

မမင္းတုတ္ မ်က္စိလယ္ၿပီ… ၁၁၅သိန္း ျမတ္တာေတာင္ အေဖ့ေႂကြး ၁၃၅သိန္း တင္ေနၿပီ။ သိန္း ၂၀၀ ရင္းၿပီး တစ္လအတြင္း ၁၁၅သိန္းျမတ္တာ စီးပြားေရး လုပ္တတ္လို႔ေပါ့ ။

အေႂကြး ၁၃၅သိန္း က ဘယ္ကေရာက္လာပါလိမ့္…။ အေဖမ်ားအမွတ္မွားတာလား… အိမ္ကလူ ယူသုံးတာလား… ေဆးဆိုင္ကလည္း သိန္း၄၅၀ ဖိုးဝယ္မွ အရင္လိုဆက္လည္ပတ္မယ္။

ဟိုဖက္က မေရာင္းရတဲ့ ေဆးဆိုင္က သိန္း ၂၀၀ ဖိုး အရင္အတိုင္းဘဲတဲ့ ငါကမွ ေရာင္းေကာင္းလို႔
၁၃၅သိန္း အေႂကြးတင္တာ….” ျမတ္တာလား ….ရႈံးတာလား…????????????”

Credit#DrTZOo#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ဈေးရောင်းသူများ သိထားသင့်တဲ့… ” မြတ်တာလား…. ရှုံးတာလား “
မမင်းတုတ် ဆေးဆိုင်လေးဖွင့်ထားသည်။ သိန်း ၂၀၀ ဖိုး ရင်းထားသည်… အမြတ် ၁၀% ယူပြီး တစ်ရာပေးရသော ဆေးကို ၁၁၀ နှင့် ရောင်းသည်။ ရောင်းကောင်းလှသည်… တစ်ပတ်အကြာ အကုန်ထပ်ဝယ်ရသည်။

ပထမ တစ်ပတ်မှာ သိန်း ၂၀မြတ်သည်။ မမင်းတုတ် တစ်ပြုံးပြုံး… ဆေးအသစ်တွေလာပို့တော့ သိန်း ၂၅၀ ကျသည်ပြောသည်။ ဈေးတွေတက်သွားလို့ပါတဲ့။

အဖေ့ဆီက သိန်း ၃၀ ချေးပြီး ဝယ်ကာ ဈေးဆက်ရောင်းသည် ၁၀ % အမြတ်ယူရောင်းမှာဘဲ အေးဆေးဟု မမင်းတုတ်တွေးသည်။ ဈေးရောင်းကောင်းလို့ပျော်သည်။ အရင်းများတော့ အမြတ်ပိုများလာသည်။

ဒီဒုတိယအပတ် ၂၅ သိန်းမြတ်သည်။ မမင်းတုတ် စိတ်ချမ်းသာသည်။ အမြတ်ကြီးမစားတော့ ကုသိုလ်လည်းရ ဝမ်းလည်းဝ ဟုတွက်သည်။ ဆေးတွေပြန်မှာတော့ သိန်း ၃၀၀ ဖိုး ဝယ်ရသည်။ ဒေါ်လာဈေးတက်သွားလို့ပါတဲ့။

မမင်းတုတ် ခေါင်းကုတ်ရင်း အဖေ့ဆီ ပိုက်ဆံချေးရပြန်သည်။ အရင်းက သိန်း ၂၀၀ အမြတ် ၂ ပတ်စာက ၄၅ သိန်း အဖေ့ဆီက ၂၅ သိန်း ထပ်ချေး။ မမင်းတုတ် ဆေးဆိုင်မှာ ဆေးဝယ်တွေ ကျိတ်ကျိတ်တိုး ဈေးမှန်တယ်ဟေ့… ဆေးတွေကုန်တော့ သိန်း ၃၀ မြတ်သည်။

အမြတ်တွေက တစ်ပတ်ပြီး တစ်ပတ်တိုးလာသည် မမင်းတုတ် ဘဝင်မြင့်ချင်ချင်…။ ဆေးတွေထပ်ဝယ်တော့ အရင်တုန်းက အမယ်အတိုင်းကို သိန်း ၃၆၀ ပါတယ့်။ အယ် ဒီဒေါ်လာဈေးကလဲ တက်တက်နိုင်လွန်း…။
ကဲလေ အရောင်းအဝယ်ကောင်းနေတာဘဲ အမြတ်နည်းနည်း ပိုယူတာပေါ့။ အဖေရေ ချေးပါအုံး သိန်း ၃၀… မူလ အရင်း သိန်း ၂၀၀ ၃ ပတ် အမြတ် ၇၅သိန်း အဖေ ချေးငွေ စုစုပေါင်း ၈၅ သိန်း

စုစုပေါင်း သိန်း ၃၆၀ ဖိုး ဆေးများကို သဘောကောင်းသော မမင်းတုတ် တစ်ပတ်အတွင်း အပြတ်ရောင်းကုန် သိန်း ၄၀ မြတ် ငါကွ…။ ဆေးကုမ္ပဏီကို ဆေးတွေပြန်မှာတော့ စုစုပေါင်း သိန်း ၄၅၀ ကျပါမယ်တဲ့။

မမင်းတုတ် ခေါင်းကုတ်ရင်း စာရင်းပြန်တွက်သည်… လေးပတ်ပေါင်း အမြတ်ငွေ ၂၀+၂၅+၃၀+၄၀ သိန်း… ၁၁၅ သိန်း မြတ်ခဲ့သည်။ ခုပြန်ဝယ်မလို့ လက်ထဲကြည့်တော့ သိန်း လေးရာ ဆေးတွေ မူလအတိုင်း ပြန်တင်ဖို့ သိန်း ၅၀ လိုနေသည်။

အဖေ့ဆီ မျက်နှာပူပူနဲ့ ချေးရဦးမည်။ အဖေရေ သိန်း ၅၀ လှည့်ပါအုံး… အဖေက ပြောသည် နင်ယူတာ ဒါနဲ့ဆို ၃၀+၂၅+၃၀+၅၀ ၁၃၅ သိန်း ရှိပြီနော်တဲ့

မမင်းတုတ် မျက်စိလယ်ပြီ… ၁၁၅သိန်း မြတ်တာတောင် အဖေ့ကြွေး ၁၃၅သိန်း တင်နေပြီ။ သိန်း ၂၀၀ ရင်းပြီး တစ်လအတွင်း ၁၁၅သိန်းမြတ်တာ စီးပွားရေး လုပ်တတ်လို့ပေါ့ ။

အကြွေး ၁၃၅သိန်း က ဘယ်ကရောက်လာပါလိမ့်…။ အဖေများအမှတ်မှားတာလား… အိမ်ကလူ ယူသုံးတာလား… ဆေးဆိုင်ကလည်း သိန်း၄၅၀ ဖိုးဝယ်မှ အရင်လိုဆက်လည်ပတ်မယ်။

ဟိုဖက်က မရောင်းရတဲ့ ဆေးဆိုင်က သိန်း ၂၀၀ ဖိုး အရင်အတိုင်းဘဲတဲ့ ငါကမှ ရောင်းကောင်းလို့
၁၃၅သိန်း အကြွေးတင်တာ….” မြတ်တာလား ….ရှုံးတာလား…????????????”

Credit#DrTZOo#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Leave a Comment