Unicode
ဘဝအတွက် ဂရုစိုက်ရမယ့်… နာရီများ
ည သန်းခေါင် ည ( ၁၂ ) နာရီ ( ၁၀ ) မိနစ် အထိ မအိပ်သေးသူများတွင် ခန္ဓာကိုယ်၏ ဇီဝပြောင်းလဲ ဖြစ်စဉ်များဟာ ကိုယ်တွင်း အရည် လောင်ကျွမ်းမှု ကိုသာ အားကိုးရပြီး အရည်လောင်ကျွမ်းမှုဟာ အဆိပ်အတောက် ဖြစ်ပေါ်စေပါတယ်။
သုတေသနပြုချက် အရ… ညဆိုင်း အလုပ် လုပ်သူများဟာ ကျန်းမာရေး အဆိုး များပါတယ်။ အမျိုးသမီးများ ဆိုလျှင်… ရာသီ မမှန်ခြင်း၊
အရိုးပွရောဂါ ဖြစ်ခြင်း၊ ရင်သား ကင်ဆာဖြစ်ခြင်း၊ ကိုယ်ဝန် မရရှိနိုင်ခြင ေးရောဂါများ ပိုမို ဖြစ်တတ် ပါတယ်။
၁။ ည ၇ နာရီ မှ ည ၉ နာရီ ( နှလုံး နှင့် ဦးနှောက် အာရုံကြောစနစ် ၏ အလှုပ်ရှားဆုံး အချိန် ) စာကျက်လို့ အကောင်းဆုံး အချိန် ဖြစ်ပါတယ်။
၂။ ည ၉ နာရီ မှ ည ၁၁-နာရီ ( ရောဂါ ခုခံ ကာကွယ်စနစ် အချိန် ) ကလေးသူငယ်များ ရောဂါ ခုခံကာကွယ်စနစ် တည်ဆောက်မှု မပြည့်စုံသေး သဖြင့် ည ၉ နာရီတွင် အိပ်နိုင်ရင် ကောင်းပါတယ်။
၃။ ည ၁၁ နာရီ မှ နံနက် ၁ နာရီ ( ရိုးတွင်းချဉ်ဆီမှ သွေးနီဥ တည်ဆောက်ချိန် )
၄။ နံနက် ၁ နာရီ မှ နံနက် ၃ နာရီ ( အသည်းရဲ့ အချိန် )
၅။ နံနက် ၃ နာရီ မှ နံနက် ၅ နာရီ ( အသက်ရှု စနစ် အတွက် အချိန် )
၆။ နံနက် ၄ နာရီ ( ခန္ဓာကိုယ်၏ သွေးခုန်အား အပျော့ဆုံး၊ နှလုံး ခုန်နှုန်း အနှေးဆုံး အချိန် ) နံနက် ၄ နာရီဟာ ရင်ကြပ်၊ နှလုံး၊လေဖြတ်၊ ဦးနှောက်သွေးကြောရောဂါ၊ သွေးတိုး ရောဂါ စသည်တို့
ရောဂါ ဖောက်ပြန်တဲ့ အချိန် ဖြစ်ပါတယ်။ ဘိုးဘွားများ နံနက် ၅ နာရီ ကျော်မှ လမ်းလျှောက်ထွက်သင့်ပါတယ်။
၇။ နံနက် ၅ နာရီ မှ နံနက် ၉ နာရီ ( အူမကြီးနဲ့ အစာအိမ် အလှုပ်ရှားဆုံး အချိန် ) ထို့ကြောင့် နံနက် ၇ နာရီ မတိုင်ခင် နံနက်စာ စားသင့် ပါတယ်။
ခဏခဏ အိပ်ရေးပျက် ခံသူဟာ ဆေးလိပ်သောက်၊ အရက်သောက် သူများဖြစ်နိုင်တဲ့ ရောဂါမျိုးထက် ငါးဆ ပိုဖြစ်ပါတယ်။ ထို့ကြောင့် နေ့စဉ် အတတ်နိုင်ဆုံး ည ၁၁ နာရီ မတိုင်မီ အိပ်ရ မည်။
မဖြစ်မနေ ညအလုပ် လုပ်ရန် ရှိသည် ဆိုလျှင်လည်း (အသား မပါသော) ညလယ်စာ စားထားပေးရန် လိုအပ် ပါတယ်။
Credit#ပါမောက္ခ ဒေါ်ခင်ဖြူ#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။
Leave a Comment