သင့္ဘ၀မွာ စိတ္ခ်မ္းသာလာေစမယ့္… ဘဝေနထိုင္နည္း
(၁) သိသေလာက္ မေျပာပါနဲ႔
ကိုယ္သိတာနဲ႔ သူမ်ားက လက္ခံထားတာ မတူညီႏိူင္ပါဘူး။ လူတစ္ေယာက္ရဲ႕ လက္ခံ နားလည္မႉဆိုတာ အ႐ြယ္နဲ႔ ဆိုင္သလို သူႀကဳံေတြ႕ခဲ့ရေသာ ဘဝအေတြ႕အႀကဳံ ၊ အေတြးအေခၚနဲ႔ ဆိုင္ပါတယ္ …။
အသက္ ၁၈ ႏွစ္အ႐ြယ္ လူငယ္တစ္ေယာက္ကို မိန္းမ ယူတာ ၊ ရည္းစား ထားတာ မေကာင္းဘူး အပူမရွာနဲ႔ တရားရွာလို႔ သြားေျပာရင္ လက္ခံမွာ မဟုတ္ဘူးလို႔ ထင္ပါတယ္ …။
ပါးစပ္မွာ ခဲဖ်က္ မပါသလို… စကား ဆိုတာကလည္း တန္ဖိုး ထားတတ္သူနဲ႔သာ သင့္ စကားေတြက တန္ဖိုးထားျခင္း ခံရမွာပါ။
(၂) အျမင္ မေတာ္ရင္ မ်က္ႏွာလြဲေနပါ
အျမင္ မေတာ္တာေတြ႕တိုင္း ၊ မွားေနတာေတြ႕တိုင္း မေျပာပါနဲ႔။ အျမင္ မေတာ္တိုင္းသာ ေျပာေနမယ္ဆိုရင္ သင္ ႐ြာျပင္ အထုတ္ခံရ ပါလိမ့္မယ္။
ဘာလို႔လဲဆိုေတာ့… လူအမ်ားစုက ကိုယ္လုပ္တာ ကိုယ္မွန္တယ္ ထင္ေနၿပီး အမွန္တရားကို ေထာက္ျပရင္… သူတို႔ကို အရွက္ခြဲတယ္ ဆိုပီး သင့္ကို အျမင္ ေစာင္းၾကပါလိမ့္မယ္ …။
လူ အမ်ားအေရွ႕မွာ ဖက္နမ္းေနပီး အျမင္မေတာ္ေသာ အျပဳအမူမ်ား လုပ္ေဆာင္ေနေသာ ခ်စ္သူႏွစ္ဦးကို “မင္းတို႔ မရွက္ၾကဘူးလားကြာ” လို႔ သြားေျပာရင္ သင့္ကို အထင္လြဲသြားပါလိမ့္မယ္။
(၃) ၾကားတိုင္း မယုံပါနဲ႔။
နား ဆိုတာက အၾကားအာ႐ုံျဖစ္ေသာေၾကာင့္ သင့္ နားထဲကို ဟုတ္တာ၊ မဟုတ္တာ ၊ မွန္တာ ၊ မမွန္တာ အကုန္ ၾကားေန ရပါလိမ့္မယ္ …။
ၾကားေနတိုင္း လိုက္ခံစားေနရင္ သင့္မွာ ႏွလုံးသား အပို မပါသလို… ဦးေႏွာက္လည္း အပို မပါဘူးေလ။ လူတစ္ခ်ိဳ႕က သင့္ကို တစ္မ်ိဳးေျပာမယ္ ၊ ေနာက္ လူတစ္ခ်ိဳ႕က သင့္ကို တစ္မ်ိဳး လာေျပာၾကပါလိမ့္မယ္ …။
ဘယ္သူေတြက ဘာေတြပဲ ေျပာေျပာ ကိုယ့္ဦးေႏွာက္နဲ႔ ခ်င့္ခ်ိန္ၿပီး ႏွလုံးသားနဲ႔ ေတာ္သင့္႐ုံပဲ ခံစားပါ …။
ျမင္ရင္ ျမင္တယ္လို႔ မွတ္ ၊ ၾကားရင္ ၾကားတယ္လို႔ မွတ္ၿပီး…. ေလာကမွာ ျဖစ္ပ်က္ေနတဲ့ အရာေတာ္ေတာ္မ်ားမ်ားကို သင္လက္ခံလာႏိုင္ရင္…
သင့္ ပါးစပ္ကလည္း သင့္ေတာ္ေသာ ၊ အမုန္းမပြားေသာ ၊ အမ်ားလက္ခံႏိူင္ေသာ စကားကို ေျပာဆိုလာ ပါလိမ့္မယ္။ ႏႉတ္ကို ေစာင့္စည္းလာႏိူင္ျခင္းသည္ လူမုန္းနည္းလာမယ္။
အျမင္ က်ယ္က်ယ္ ၾကည့္လာႏိူင္ၿပီး အေကာင္းျမင္စိတ္မ်ားလာရင္… သူေရာ မိမိပါ ေအးခ်မ္းလာပါလိမ့္မယ္။
နားကၾကားခဲ့သမွ် ကို ဟိုဘက္နားက ဝင္ၿပီး ဒီဘက္နားက ထြက္ခဲ့ရင္… သင့္ ရင္ထဲမွာ ခံစားခ်က္နည္းလာသလို…
အျခားသူကို အျပစ္ျမင္မႉလည္း ေလ်ာ့နည္းလာၿပီး ကိစၥ ေတာ္ေတာ္မ်ားမ်ားမွာ သင္ၿငိမ္းခ်မ္း ေပ်ာ္႐ႊင္ လာပါလိမ့္မယ္ …။
သူငယ္ခ်င္း….ေနတတ္ရင္ ၊ လက္ခံတတ္ရင္ အရာအားလုံးက ေက်နပ္စရာေတြ ခ်ည္းပါပဲ …။ ။
ခရက္ဒစ္#ဇင္းနစ္ မေကြး#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။
Unicode
သင့်ဘဝမှာ စိတ်ချမ်းသာလာစေမယ့်… ဘဝနေထိုင်နည်း
(၁) သိသလောက် မပြောပါနဲ့
ကိုယ်သိတာနဲ့ သူများက လက်ခံထားတာ မတူညီနိူင်ပါဘူး။ လူတစ်ယောက်ရဲ့ လက်ခံ နားလည်မှူဆိုတာ အရွယ်နဲ့ ဆိုင်သလို သူကြုံတွေ့ခဲ့ရသော ဘဝအတွေ့အကြုံ ၊ အတွေးအခေါ်နဲ့ ဆိုင်ပါတယ် …။
အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ယောက်ကို မိန်းမ ယူတာ ၊ ရည်းစား ထားတာ မကောင်းဘူး အပူမရှာနဲ့ တရားရှာလို့ သွားပြောရင် လက်ခံမှာ မဟုတ်ဘူးလို့ ထင်ပါတယ် …။
ပါးစပ်မှာ ခဲဖျက် မပါသလို… စကား ဆိုတာကလည်း တန်ဖိုး ထားတတ်သူနဲ့သာ သင့် စကားတွေက တန်ဖိုးထားခြင်း ခံရမှာပါ။
(၂) အမြင် မတော်ရင် မျက်နှာလွဲနေပါ
အမြင် မတော်တာတွေ့တိုင်း ၊ မှားနေတာတွေ့တိုင်း မပြောပါနဲ့။ အမြင် မတော်တိုင်းသာ ပြောနေမယ်ဆိုရင် သင် ရွာပြင် အထုတ်ခံရ ပါလိမ့်မယ်။
ဘာလို့လဲဆိုတော့… လူအများစုက ကိုယ်လုပ်တာ ကိုယ်မှန်တယ် ထင်နေပြီး အမှန်တရားကို ထောက်ပြရင်… သူတို့ကို အရှက်ခွဲတယ် ဆိုပီး သင့်ကို အမြင် စောင်းကြပါလိမ့်မယ် …။
လူ အများအရှေ့မှာ ဖက်နမ်းနေပီး အမြင်မတော်သော အပြုအမူများ လုပ်ဆောင်နေသော ချစ်သူနှစ်ဦးကို “မင်းတို့ မရှက်ကြဘူးလားကွာ” လို့ သွားပြောရင် သင့်ကို အထင်လွဲသွားပါလိမ့်မယ်။
(၃) ကြားတိုင်း မယုံပါနဲ့။
နား ဆိုတာက အကြားအာရုံဖြစ်သောကြောင့် သင့် နားထဲကို ဟုတ်တာ၊ မဟုတ်တာ ၊ မှန်တာ ၊ မမှန်တာ အကုန် ကြားနေ ရပါလိမ့်မယ် …။
ကြားနေတိုင်း လိုက်ခံစားနေရင် သင့်မှာ နှလုံးသား အပို မပါသလို… ဦးနှောက်လည်း အပို မပါဘူးလေ။ လူတစ်ချို့က သင့်ကို တစ်မျိုးပြောမယ် ၊ နောက် လူတစ်ချို့က သင့်ကို တစ်မျိုး လာပြောကြပါလိမ့်မယ် …။
ဘယ်သူတွေက ဘာတွေပဲ ပြောပြော ကိုယ့်ဦးနှောက်နဲ့ ချင့်ချိန်ပြီး နှလုံးသားနဲ့ တော်သင့်ရုံပဲ ခံစားပါ …။
မြင်ရင် မြင်တယ်လို့ မှတ် ၊ ကြားရင် ကြားတယ်လို့ မှတ်ပြီး…. လောကမှာ ဖြစ်ပျက်နေတဲ့ အရာတော်တော်များများကို သင်လက်ခံလာနိုင်ရင်…
သင့် ပါးစပ်ကလည်း သင့်တော်သော ၊ အမုန်းမပွားသော ၊ အများလက်ခံနိူင်သော စကားကို ပြောဆိုလာ ပါလိမ့်မယ်။ နှူတ်ကို စောင့်စည်းလာနိူင်ခြင်းသည် လူမုန်းနည်းလာမယ်။
အမြင် ကျယ်ကျယ် ကြည့်လာနိူင်ပြီး အကောင်းမြင်စိတ်များလာရင်… သူရော မိမိပါ အေးချမ်းလာပါလိမ့်မယ်။
နားကကြားခဲ့သမျှ ကို ဟိုဘက်နားက ဝင်ပြီး ဒီဘက်နားက ထွက်ခဲ့ရင်… သင့် ရင်ထဲမှာ ခံစားချက်နည်းလာသလို…
အခြားသူကို အပြစ်မြင်မှူလည်း လျော့နည်းလာပြီး ကိစ္စ တော်တော်များများမှာ သင်ငြိမ်းချမ်း ပျော်ရွှင် လာပါလိမ့်မယ် …။
သူငယ်ချင်း….နေတတ်ရင် ၊ လက်ခံတတ်ရင် အရာအားလုံးက ကျေနပ်စရာတွေ ချည်းပါပဲ …။ ။
ခရက်ဒစ်#ဇင်းနစ် မကွေး#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။