အင်္ကျီတွေမှာ မိတ်ကပ်တွေ၊ နှုတ်ခမ်းနီတွေ၊ လက်သည်းနီတွေ ပေသွားတဲ့အခါ ချွတ်ရခက်ပါတယ်။ ဒါပေမယ့် စိတ်ပူစရာမလိုပါဘူး။ လွယ်ကူပြီး လျင်မြန်တဲ့နည်းလမ်းလေးတွေ ရှိပါတယ်။
နည်းလမ်း ၁
အောက်ခံမိတ်ကပ်က အဝတ်အစားတွေမှာ ပေသွားရင် မုတ်ဆိတ်ရိတ်ခရင်မ်ကို အသုံးပြုနိုင်ပါတယ်။ မုတ်ဆိတ်ရိတ်ခရင်မ်ကို ပေသွားတဲ့နေရာမှာ သုတ်လိုက်ပြီး
သွားတိုက်တံအဟောင်းနဲ့ ပွတ်တိုက်ပေးပါ။ အဲဒီနောက် တစ်ရှူးနဲ့ ထပ်သုတ်ပေးပါ။ ပြီးရင်တော့ ပုံမှန်အတိုင်း လျှော်လို့ရပါပြီ။
နည်းလမ်း ၂
အင်္ကျီပေါ်မှာ မိတ်ကပ်ပေစွန်းသွားခဲ့ရင် အရက်ပြန်ကို အသုံးပြုပါ။ အရက်ပြန်ကို ပေသွားတဲ့နေရာပေါ်ကို သုတ်လိုက်ပြီး ပိတ်စလေးတစ်ခုနဲ့ ပွတ်တိုက်ပေးပါ။
နည်းလမ်း ၃
လက်သည်းနီက အဝတ်အစားတွေပေါ်ကို ပေသွားတယ်ဆိုရင်တော့ ချက်ချင်းပြောင်အောင် လုပ်သင့်ပါတယ်။ ဆား သို့မဟုတ် သကြားကို လက်သည်းနီစွန်းသွားတဲ့အဝတ်ပေါ်မှာ အုံလိုက်ပါ။
အဲဒီနောက် ဆား သို့မဟုတ် သကြားနဲ့ အဝတ်အစားကို ပွတ်တိုက်ပေးပါ။ ပြီးရင်တော့ ပုံမှန်လျှော်နေကျအတိုင်း လျှော်လို့ရပါပြီ။
နည်းလမ်း ၄
နှုတ်ခမ်းနီက အင်္ကျီအဖြူပေါ်မှာ စွန်းသွားရင် hairspray ကို အသုံးပြုပါ။ Hairspray မှာ alcohol ပါတာကြောင့် အစွန်းတွေကို ပြောင်စေပါတယ်။ Hairspray ကို နှုတ်ခမ်းနီစွန်းသွားတဲ့နေရာမှာ ဖျန်းပြီး ၁၅မိနစ်ခန့် ထားပါ။ အဲဒီနောက် အစွန်းကို ရေစိုဝတ်နဲ့ ပွတ်တိုက်ပါ။
နည်းလမ်း ၅
လျှော်လို့မရတဲ့ အဝတ်အစားတွေပေါ်မှာ အစွန်းထင်သွားရင် ဒီနည်းကို သုံးနိုင်ပါတယ်။ အဝတ်အစားနဲ့ အရောင်တူတဲ့ ဆေးကို စွန်းသွားတဲ့နေရာမှာ ဖျန်းလို့ရပါတယ်။
နောက်ထပ်တစ်နည်းကတော့ ဇာတစ်ထည်ကို စွန်းသွားတဲ့အဝတ်အစားပေါ်မှာ အုပ်လိုက်ပါ။အဲဒီနောက် အရောင်တူတဲ့ဆေးနဲ့ ဖျန်းလိုက်ပါ။
အရောင်စွန်းတာလည်း ပျောက်သွားသလို အဝတ်အစားကလည်း နောက်တစ်ထည်လို အမြင်ဆန်းဆန်းလေး ဖြစ်သွားစေပါတယ်။
နှုတ်ခမ်းနီဆိုးတဲ့အခါ သွားကို မပေအောင်ပြုလုပ်နိုင်မယ့်နည်းလမ်း
နှုတ်ခမ်းနီဆိုးတဲ့အခါ သွားမှာ ပေသွားတတ်တာကို မိန်းကလေးတွေ ခဏခဏ ကြုံရလေ့ရှိပါတယ်။ အရင်ဆုံးနှုတ်ခမ်းနီဆိုးလိုက်ပါ။
လက်ချောင်းတစ်ချောင်းကို အပေါ်နှုတ်ခမ်းနဲ့ အောက်နှုတ်ခမ်းကြားမှာ ထားပြီး လက်ချောင်းကို လှည့်လိုက်ပါ။ အဲဒီအခါ နှုတ်ခမ်းနီတွေက သွားမှာ မပေတော့ပါဘူး။
လေးစားစွာဖြင့် Credit – Zombie (lovemedia)