ပေါင်နဲ့ ခြေတံလေးတွေ ပုံစံကျလှပစေမယ့် လမ်းလျှောက်လေ့ကျင့်ခန်း (၄)မျိုး

ခန္ဓာကိုယ်အချိုးအစား လှချင်ပေမယ့် လေ့ကျင့်ခန်းတွေ လုပ်ရမှာ ခက်လို့ဆိုပြီး ပျင်းနေတဲ့ ပျိုမေလေးတွေရှိလား။လေ့ကျင့်ခန်းတွေက မှတ်ဖို့ခက်ပြီး၊ လုပ်ရလည်းခက်လို့ စိတ်ဓာတ်ကျနေသူလေးတွေအတွက်

 

 

လမ်းလျှောက်ရုံနဲ့ တင်ပါးအလှ ပေါ်လွင်စေမယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြလိုက်ပါတယ်။လိုက်လျှောက်ကြည့်နော်

၁။ ရိုးရိုးပဲ လမ်းလျှောက်မယ်

 

 

 

 

တင်ပါးနဲ့ပေါင်တံလေးတွေ လှဖို့အတွက် ထွေထွေထူးထူးနည်းလမ်းတွေမလိုပါဘူး။ပုံ မှန်လမ်းလျှောက်တဲ့အခါ ခါးနဲ့ နောက်ကျောကို မတ်မတ်ထားပြီး ခြေထောက်တွေကို

 

 

 

 

ဆန့်နိုင်သလောက် ဆန့်ထုတ်ပြီး လျှောက်ပေးလိုက်ရုံပါပဲ။ အရမ်းမြန်မြန် လျှောက်ဖို့မလိုသလို၊ အရမ်းအားစိုက်ဖို့လည်းမလိုပါဘူး။ဒါပေမယ့် တစ်ရက်ကို၃ မိုင်လောက် လျှောက်ပေးသင့်ပါတယ်။

 

 

 

နေ့တိုင်းမဟုတ်ရင်တောင် တစ် ရက်ခြားလောက် အဲ့ဒီလိုလမ်းလျှောက်ပေးရင်တင်ပါးလေးတွေ၊ ပေါင်တံလေးတွေကျစ်လစ်လာပါလိမ့်မယ်။

 

၂။ အားစိုက်ပြီး လျှောက်မယ်

နောက်တစ်နည်းကတော့ သွေးပူလေ့ကျင့်ခန်းမိနစ်(၂၀)လောက်လုပ်ပေးပြီးခြေ ထောက်တွေကိုအားစိုက်ကာ ငါးမိနစ်လောက်ခပ်မြန်မြန်လေးလမ်းလျှောက်ပေးရမှာပါ။

 

 

 

 

ငါးမိနစ်လောက်အားစိုက်ကာမြန်မြန်လျှောက်ပြီးခဏလောက်အနားယူကာနောက်ထပ် ၅ မိနစ်လောက်ပြန်လျှောက်ပေးပါ တစ်ရက်ခြားလောက်ပြုလုပ်ပေးပါ။

၃။ တောင်အတက်အဆင်းလုပ်မယ်

 

 

အရမ်းမမတ်တဲ့ တောင်ကုန်းအတက်လို နေရာမျိုးကိုလုံးဝမရပ်မနားဘဲ ထိပ်ဆုံးနေရာထိ ဖြည်းဖြည်းမှန်မှန်တက်သွားပါ။ပြီးရင် ခဏလောက်နားပြီးပြန်ဆင်းလာပါ။ပြီးရင် အဲ့ဒီအတိုင်းပြန်တက်ပြီးပြန်ဆင်းလာပါ။

 

 

 

 

တောင်ကုန်းလိုနေရာမျိုးမရှိဘူးဆိုရင်၊လှေကားထစ်တွေကိုထိပ်ဆုံးထိမနားဘဲဖြည်း ဖြည်းမှန်မှန် တက်သွားပြီးခဏလောက်နားပြီးပြန်ဆင်းလာပါ။

 

 

 

 

ပြီးရင်နောက်တစ်ခေါက် ပြန်တက်ပြီးဆင်းပါ။ဒါကိုတစ်ရက်ခြား ပုံမှန်လုပ်ပေးသွားရင်တင်ပါးနဲ့ပေါင်တံလေးတွေ ပုံစံကျလှပလာပါလိမ့်မယ်နော်။

 

၄။ ခြေထောက်မြှောက်ပြီးလျှောက်မယ်

ခြေထောက်တစ်ဖက်ကို ခြေဖျားထောက်ပြီး နောက်တစ်ဖက်ကိုဒူးကွေးကာ ရင်ဘတ်နားထိမြှောက်လိုက်ပါ။ဘယ်၊ညာတလှည့်စီ အကြိမ်၃၀လုပ်ပေးလိုက်ရုံပါပဲ။

 

 

 

 

ဒီနည်းကို နေ့တိုင်းလုပ်ပေးသွားရင် တင်ပါးနဲ့ပေါင်တံလေးတွေ တော်တော်လေးလှလာလိမ့်မယ်။ အခုဖော်ပြခဲ့တဲ့ နည်းလေးတွေကိုအကုန်လုံးလုပ်စရာမလိုပါဘူးနော်။

 

 

ကိုယ်နဲ့ အဆင်ပြေတဲ့ တစ်မျိုးကိုပဲ လုပ်ပေးလိုက်ရုံနဲ့ ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်အချိုးအစားလှလှလေးကိုရမှာပဲ ဖြစ်ပါတယ်နော်။

Credit – မူရင်းရေးသူ

Leave a Comment