အစားအသောက် စားသောက်ပြီးတိုင်း ငိုက်မြည်းတတ်ကြပါတယ်။လူအများစုတွင် နေ့ခင်းစာ စားပြီးတိုင်း ခေတ္တခဏ အိပ်စက်ကြတာတွေ ရှိပြီး ခံတွင်းချဉ်လို့ ဆိုပြီး ဆေးလိပ်သောက်ကြ သူများနဲ့ အစာကြေစေတယ်လို့ ယူဆပြီး လက်ဖက်ရည်သောက်သုံးကြပါတယ်။
တကယ်တော့ ဒီလို အပြုအမူတွေက ကျန်းမာရေးကို ထိခိုက်စေတဲ့ အကြောင်း သိသူနည်းပါးမယ် ထင်ပါတယ်။
စားသောက်ပြီးတိုင်း ရှောင်ကြဉ်သင့်တဲ့ အပြုအမူ
၁။ ထမင်းစားပြီးတိုင်း မအိပ်ပါနဲ့၊ မငိုက်မြည်းပါနဲ့
အစာစားပြီးတိုင်း အိပ်တာမျိုး၊ ငိုက်မြည်းတာမျိုး မဖြစ်စေသင့်ပါဘူး။ အစာစားပြီး အိပ်စက်ခြင်းဟာ အစာမကြေ ဖြစ်စေတတ်ပါတယ်။
အစာအိမ်က အစာမချေနိုင်တာကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေလည်း မရ၊ အစာလည်း မကြေ ဖြစ်နေပြီး အီလည်လည် ခံစားရတတ်တာတော့ သေချာပါတယ်။
နောက်ပြီး အစာပြည့်ပြီး ငိုက်မြည်းတာဟာ ခန္ဓာကိုယ်ကို တကယ် အနားရ စေတာမျိုး မဖြစ်စေပါဘူး
၂။ အစာစားပြီးတိုင်း ဆေးလိပ်မသောက်ပါနဲ့
ထမင်းစားပြီး ဆေးလိပ် တစ်လိပ် သောက်သုံးတာဟာ စီးကရက် ၁၀ လိပ်သောက်တာနဲ့ ညီမျှတယ်လို့ ဆိုပါတယ်။
ဆေးလိပ်သောက်ခြင်းဟာ သင့်ခန္ဓာကိုယ် ကျန်းမာရေးကို အန္တရာယ် ဖြစ်စေပြီး အဆုတ်ကင်ဆာ အပါအဝင် သွေးလှည့်ပတ်မှုကို အန္တရာယ် ဖြစ်စေပါတယ်။ထို့ကြောင့် ဘယ်လိုပဲ ဖြစ်ဖြစ် ဆေးလိပ်ကို ရှောင်ကြဉ်ဖို့တိုက်တွန်းပါတယ်။
၃။ အစာစားပြီးတိုင်း ရေမချိုးပါနဲ့
ထမင်းအပါအဝင် အစားအသောက်တွေကို စားသောက်ပြီးတဲ့ အခါ ရေမချိုးပါနဲ့။
စားသောက်ပြီး ခန္ဓာကိုယ် အတွင်း အစာအိမ်ထဲ ရောက်ရှိနေတဲ့ အစားအစာကို ချေဖို့ ခန္ဓာကိုယ်ရဲ့ အပူချိန် လိုအပ်ပါတယ်။
ရေချိုးလိုက်ခြင်းအားဖြင့် ခန္ဓာကိုယ်ရဲ့ အပူချိန်ကျဆင်းသွားပြီး အစာချေဖို့ လုံလောက်တဲ့ အပူချိန် မရတော့ဘဲ ဖြစ်သွားနိုင်ပါတယ်။
အစာချေဖို့ အပူချိန် မလုံလောက်တဲ့အခါ စားထားတဲ့ အစားအစာတွေက အစာအိမ်ထဲမှာ မကြေတော့သလို ခံစားရနိုင်ပြီး၊ အသက်ရှူတာ မဝသလိုလို၊ မူးဝေသလိုလို ခံစားရစေနိုပါတယ်။
၄။ အစာစားပြီးတိုင်း အစာမကြေလွယ်တဲ့ အသီးအနှံတွေ မစားပါနဲ့
ထမင်းစားပြီးတဲ့ အခါ အချိုအချဉ်တည်းဖို့ ဆိုပြီး အသီးအနှံတွေ စားသောက်တတ်ကြပါတယ်။
မတူညီတဲ့ အစားအစာတွေက မတူညီတဲ့ အစာချေနှုန်းတွေ ရှိတာကြောင့် ထမင်းစားပြီးတဲ့ အခါ အချိုအချဉ် အဖြစ် အသီးအနှံတွေ မစားသောက်ပါနဲ့။ အထူးသဖြင့် အစာမကြေလွယ်တဲ့ အသီးအနှံတွေပေါ့။
အသီးအနှံတွေကို အစာမစားမီ ၁ နာရီလောက်နဲ့ အစာစားပြီးနောက် ၂ နာရီလောက်ကြာမှ စားသုံးသင့်ပါတယ်။
၅။ အစာစားပြီးတိုင်း လက်ဖက်ရည် မသောက်ပါနဲ့
လက်ဖက်ခြောက်ထဲမှာ အက်ဆစ်ဓာတ်အချို့ ပါဝင်ပြီး၊ အဲဒီ အက်ဆစ်က အစာချေတဲ့ လုပ်ငန်းစဉ်ကို ထိခိုက် စေပါတယ်။
တကယ်လို့ သင်စားထားတဲ့ အစားအစာထဲမှာ ပိုရိုတိန်းတွေ များပြားစွာ ပါဝင်နေမယ် ဆိုရင်တော့ လက်ဖက်ရည်မှာပါတဲ့ အက်ဆစ်ဓာတ်က ပရိုတိန်းဓာတ်ကို မာကျောစေနိုင်ပါတယ်။
မာကျောသွားတဲ့ ပရိုတိန်းကို ချေဖို့ ခက်ခဲစေသလို၊ အဟာရဓာတ် စုပ်ယူတာကိုလည်း ခက်ခဲစေပါတယ်။
ထို့ကြောင့် လက်ဖက်ရည်ကို အစားမစားမီနဲ့ စားပြီး ၁ နာရီလောက် ခြားဖို့ လိုပါတယ်။
၆။ သင့်တင့်မျှတစွာ စားသုံးပါ၊ ပြုမူပါ
ကျန်းမာရေးကို မထိခိုက်စေဖို့ အစားအစားကို ဗိုက်အပြည့် မစားဘဲ သင့်တင့်မျှရုံသာ စားပါ။ ဖြစ်နိုင်ရင် ဗိုက်ပြည့်အောင် မစားဘဲ နည်းနည်း လျှော့စားသင့်ပါတယ်။
ဗိုက်ပြည့်လွန်းရင် အစာအိမ်အတွက် အစာချေတဲ့ အလုပ် ပိုလုပ်ရတယ်၊ အစာအိမ်က အစာချေနေတဲ့ အချိန်မှာ ဖြည်းညင်းစွာ ထိုင်ထ ပြုလုပ်ခြင်း၊ လမ်းကို ဖြည်းဖြည်း လျှောက်ခြင်း၊ ခါးမတ်မတ် ထိုင်ခြင်းတွေ အစာစားပြီး
(၅) မိနစ်ကနေ ၁၀ မိနစ်ကြာ ပြုလုပ်ရပါ့မယ်။ ပြေးတာ လွှားတာ ခုန်တာ မျိုးတွေ၊ ခါးကော့ ဂျွမ်းထိုးတာတွေ မလုပ်သင့်ပါဘူး။
Source: Lwin Pyin
Credit – မူရင်း