နောက်ဆုံးအချိန် ရောက်နေပြီဖြစ်တဲ့ အဆိုတော် အိအိချွန်
အဆိုတော် အိအိချွန် ကတော့ မြန်မာသံစဉ်တွေကို ငယ်စဉ်ကတည်းက သီဆိုလာခဲ့သူ ဖြစ်ပြီးမြန်မာ့ဝတ်စုံ လေးတွေကို စွဲစွဲမြဲမြဲဝတ်ဆင်တတ်သူ ဖြစ်ပါတယ်
ဒါအပြင် ရှည်လျားနက်မှောင်တဲ့ ဆံပင်တွေကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ မြန်မာ့သံစဉ်ကို ချစ်မြတ်နိုးတဲ့ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက် ထားသူလေးပဲ ဖြစ်ပါတယ်
ချိုလွင်တဲ့ အသံလေးနဲ့ သီဆိုထားတဲ့ သူမရဲ့ မြန်မာ့သံစဉ် သီချင်းလေးတွေက ကြားရသူအဖို့ စိတ်နှလုံးချမ်းမြေ့စေပါတယ်
လက်ရှိမှာ အဆိုတော် အိအိချွန် ဟာ သာသနာ့ဘောင်ကို ရောက်ရှိနေပါတယ်
အဆိုတော် အိအိချွန် ရဲ့ သာသနာ့ဘောင်ထဲက ဘွဲ့နာမည်ကတော့ တနင်္ဂနွေ သမီးဖြစ်တာကြောင့် ဒေါ်အဂ္ဂညနီ ပဲ ဖြစ်ပါတယ်
ဘွဲ့နာမည်ရဲ့အဓိပ္ပာယ်ကတော့ ကြီးကြယ် မြင့်မြတ်ခြင်းပဲ ဖြစ်ပါတယ်
အဆိုတော် အိအိချွန် ကတော့ ဦးနှောက်အကြိတ်ရောဂါကို ခံစားနေရပြီး ဆေးကုသမှု့ ခံယူနေရတာပဲ ဖြစ်ပါတယ်
လက်ရှိမှာ ဆေးကုသမှု့ကို ပုံမှန်ကုသနေပြီး ရောဂါ ဆိုးဝါးလာရင်တော့ နောက်ဆုံးမှာ မျက်လုံးကွယ်သွားနိုင်တယ်လို့ ဆရာဝန်က ပြောထားပါတယ်လို့ သိရပါတယ်
ဒါကြောင့်လဲ နောက်ဆုံးဟအချိန်ရောက်ရှိလာရင် ကုသိုလ်ဟစိတ်လေးနဲ့ပဲ ဘဝကူး ကောင်းချင်တာကြောင့်
အသက် ရှင်သန်နေချိန်မှာ ကောင်းမှု့ကုသိုလ်တွေ များစွာ လုပ်နေတာကို တွေ့ရပါတယ်
ဦးနှောက် အကျိတ်တည် ဝေဒနာအတွက် ဆေးကုသမှုကို တရားရှုမှတ်ရင်း ရင်ဆိုင်ဖြတ်ကျော် နေတာပဲ ဖြစ်ပါတယ်
ပရိသတ်ကြီးရေ ရောဂါခံစား နေရတဲ့ အဆိုတော် အိအိချွန် ခေါ် ဆရာလေး ဒေါ်အဂ္ဂညနီ အတွက်
ရောဂါအမြန်ဆုံး သက်သာပါစေလို့ ကောမန့်မှ တစ်ဆင့် ရေးသား သွားပေးခဲ့ပါအုန်းနော်
zawgyi