Kpayထဲမှာ ပိုက်ဆံအများကြီး ထည့်ထားမိသူတွေ သတိထားလို့ရအောင် ပြောပြတာပါတဲ့

 

Kpayထဲမှာ ပိုက်ဆံအများကြီး ထည့်ထားမိသူတွေ သတိထားလို့ရအောင် ပြောပြတာပါတဲ့

KBZ pay ကို သုံးလာတာ2019 ခုနှစ်ကတည်းကသုံးနှစ်တိုင် ကြာရှည်ခဲ့ပြီ

လွန်ခဲ့တဲ့ သုံးရက် (28.8.2022)က Kpay applicationထဲ ဝင်လိုက်တော့ အလိုလို ပြန်ပြန်ထွက်သွားတယ်

Updateတောင်းတာပဲ ဖြစ်မယ်လို့ တွေးမိပြီး Play storeမှာ Updateလုပ်လိုက်တယ်

ပြန်လည်းဖွင့်ရော ကျနော် သုံးနှစ်တာကာလသုံးခဲ့တဲ့ နံပါတ်က ဖွင့်ထားခြင်းမရှိပါဆိုပြီး စာပေါ်လာတယ်

ယနေ့ 31.8.2022 မှာ KBZ bankကို သွားရောက်မေးမြန်းခဲ့တယ်

 

ဘဏ်ဝန်ထမ်းက Kpay centerကို ဆက်သွယ်ပေးတယ်

Kpay Centerက ကျနော့်အကောင့်ကို စစ်ကြည့်တဲ့အခါမှာ ကျနော်တစ်ခါမှ မသုံးခဲ့ဖူးတဲ့ နံပါတ်နဲ့ ကျနော်က ဖွင့်ထားသတဲ့

ကျနော် ဖွင့်ခဲ့တဲ့ kpay နံပါတ် 09*****2354ဟာတစ်ကြိမ်တစ်ခါမျှ ဖွင့်ခဲ့ဖူးခြင်းမရှိပါတဲ့

ကျနော် သူတို့ကို သေသေ‌ချာချာမေးခဲ့ပါတယ်

ဖုန်းနံပါတ်က ပြောင်းသွားခဲ့တာလား historyကို စစ်ပေးပါဦးဆိုတော့ ဖွင့်ကို မဖွင့်ဖူးတာပါတဲ့

အဲ့ဒီတော့ KBZ payက ဘာလဲ ဒီလောက် ပြည်သူတွေ ဒုက္ခရောက်နေရချိန်မှာ ဘာလို့ အဲ့လိုလုပ်တာလဲ

ဘဏ်ဝန်ထမ်းကလည်း ပြောပြတယ် သူ့အဒေါ်ကို သူကိုယ်တိုင် kpay ဖွင့်ပေးခဲ့တာ

သုံးလာတာလည်း တစ်နှစ်လောက်ရှိနေမှမှတ်ပုံတင်မှားလို့ဆိုပြီး ဝင်မရတော့ဘူးတဲ့

Kpayထဲမှာ ပိုက်ဆံအများကြီး ထည့်ထားမိသူတွေ သတိထားလို့ရအောင် ပြောပြတာပါ

ကျနော်ကတော့ လက်ရှိ kpayအကောင့်ကို ပြန်ရဖို့ လုပ်နေတယ်

ရလာတာနဲ့တစ်ပြိုင်နက် ရှိတဲ့ပိုက်ဆံ တစ်ထောင်မကျန်စေရဘူးအကုန်ပြန်ထုတ်မယ်

ဒီစာအတွက် ကျနော် အပြည့်အဝ တာဝန်ယူပါတယ်Kbz payဟာ ယုံကြည်စရာ တစ်ကွက်မျှမရှိပါ။

အားလုံးပဲ သတိရှိကြပါစေ

SNSSC


















SNSSC

Leave a Comment