Unicode
မိသားစု တစ်ခု အိမ်တစ်အိမ် ရဲ့ စီးပွားရေး ကို လုံး၀ ပျက်စီးသွားနိုင်တဲ့ ယိုပေါက်ကြီး (၆) ခု
မြတ်စွာဘုရား ဟောထားတာကတော့ လောကမှာ စီးပွားရေးပျက်ရာ ၊ပစ္စည်းဥစ္စာတွေရဲ့ ယိုပေါက်ကြီး ၆ခုဆိုတာပစ္စည်းဥစ္စာဟာ ဘယ်တော့မှ မတည်ဘူး တဲ့မြန်မာတွေကတော့ ပြောကြတယ်“လူမိုက်နဲ့ငွေ” အတူမနေဘူးတဲ့ ပစ္စည်းဥစ္စာဟာ
ပျောက်သွားတယ်။မြတ်စွာဘုရားက ဘာကိုဟောသလဲ ဆိုရင် နံပါတ်(၁)က အာလသျ – လူပျင်းနဲ့ဆိုရင် ငွေဟာ အတူမနေဘူးတဲ့။ပျင်းရိလို့ရှိရင် ပျင်းတယ်ဆိုတာ ပူလွန်းတယ်၊အေးလွန်းတယ်၊ မိုးချုပ်လွန်းတယ်၊ ဆာနေသေးတယ်၊ မစားရသေးဘူး၊
စားပြီးပြီ၊ ဗိုက်လေးတယ် ဆိုတဲ့အချက်တွေကို အကြောင်းပြပြီး အလုပ် မလုပ်ဘဲနဲ့နေတာကို ပျင်းတယ် လို့ပြောတာနော်။ အဲဒီလိုပျင်းရိမှုဟာလည်း ပစ္စည်း ဥစ္စာရဲ့ယိုကျဖို့ရာ အပေါက် တစ်ခုပဲတဲ့။နောက်
နံပါတ်(၂)ကတော့ ပမာဒတဲ့ – အပျော်အပါးတွေဘက်ပဲ စိတ်ဝင် စားတယ်။ကောင်းကျိုး ချမ်းသာဖြစ်ဖို့ စိတ်မဝင်စားဘူး။ လုပ်ငန်းကိုလည်း စိတ်မဝင်စားဘူး။ အပျော်အပါးတွေကို အမြဲတမ်း စိတ်ဝင် စားနေရင်လည်း ပျက်စီးနိုင်တယ်။
နံပါတ်(၃)က အနုဋ္ဌာန – လုပ်ငန်းတစ်ခုကို လုပ်တဲ့အခါမှာတက်တက်ကြွကြွ မရှိဘူး။ ဝတ်ကျေတမ်းကျေပဲလုပ်တယ်၊ ဖြေးဖြေးဆေးဆေးပဲ။ slow ပေ့ါ…။သွက်သွက်လက်လက် လုပ်ရမယ့်ဟာကို သွက်သွက် လက်လက် မလုပ်ဘူး။ ပျင်းပျင်း ရိရိလုပ်တယ်၊ အဲဒီလိုဟာမျိုး မဖြစ်ရ ဘူးတဲ့။ကြိုးကြိုး စားစားလုပ်ရမယ်။ အဲဒီတော့ ပျင်းရိခြင်းဟာလည်း ဥစ္စာရဲ့ ယိုပေါက်တစ်ခု။
နံပါတ်(၄)က ကာမဂုဏ်အာရုံတွေထဲမှာ စိတ်ကို လွှတ်ထားပြီးတော့ပျော်ပါးခြင်းဟာလည်း ပစ္စည်းဥစ္စာရဲ့ယိုကျတဲ့ အပေါက်တစ်ခုတဲ့။ နံပါတ်(၅)က မစောင့်စည်းခြင်း၊ ကိုယ့်စိတ်ကိုလည်း အစောင့်စည်းဘူး။ကာယကံဝစီကံကိုလည်း မထိန်းသိမ်းမစောင့်ရှောက်ဘူး။ကိုယ်ကျင့် တရားကိုလည်း မထိန်းသိမ်း မစောင့်ရှောက်ဘူး။ အဲဒါဟာ စီးပွားရေးယိုပေါက် တစ်ခုပဲ။ နံပါတ်(၆)က အအိပ်ကြူးခြင်း၊ ဘယ်တော့ဖြစ်ဖြစ် အိပ်တာပဲ။
အအိပ်များနေတယ်၊ အဲဒီဟာလည်းပဲ ပျက်စီးခြင်းအကြောင်း တစ်ခုပဲ။ ခုနကပြောခဲ့တဲ့ အာလသျနဲ့ တန္ဒီမှာ အာလသျပျင်းရိတယ်ဆိုတဲ့နေရာမှာဘာအလုပ်မှ မလုပ်ဘဲနေတာမျိုး၊တန္ဒီကျတော့ ဖြစ်ပေါ်လာတဲ့
အချိန်ကိုရွှေ့တာ အမြဲတမ်းအချိန် ကိုရွှေ့ချင်တယ် ။စောသေးတယ်၊ အချိန်ရွှေ့လိုက်တယ်။ ၈နာရီလောက် အလုပ်လုပ်ရမှာကို မလုပ်သေးပါဘူး။၉နာရီမှ လုပ်မယ်။ ၉နာရီကျတော့လည်း၁၀-နာရီကျမှာ သွားတော့မယ်။
ဒီလိုအချိန်တွေကို ရွှေ့ရွှေ့သွားတာမျိုးကို ဆိုလိုတယ်။အဲဒီအပေါက် ၆-ပေါက်ကို ပိတ်နိုင်မှတဲ့။ မပိတ်နိုင် လို့ရှိရင် ပစ္စည်း ဥစ္စာဟာ လူတွေနဲ့ အတူ မရှိနိုင်ဘူးလို့ဒီလို မြတ်စွာဘုရားက ဟောတယ်။ အဲဒီ လိုဟောတာတွေဟာ
ကိုယ့်အတွက် ပစ္စုပ္ပန်ဘ၀ မှာကောင်းကျိုးရနိုင်သ လိုသံသရာ အတွက်လည်း ကောင်းကျိုးရနိုင်တယ်။ မကောင်းတဲ့ အချက်အလက်တွေကို ရှောင်ပြီးတော့ကောင်းတဲ့ အချက် အလက်တွေကို ကိုယ့်သန္တာန်မှာ
ကျင့်ဆောင်ဖို့ အရေးကြီးတယ်။ယိုပေါက်ကြီးတွေ ပိတ်ပြီး စီးပွားလာဘ်လာဘ တိုးတက်ကြပါစေ။ ပါချုပ် ဆရာတော်ဘုရားကြီး)(အခွင့်ကောင်းကိုယူ ဓမ္မစာအုပ်မှ)ကိုသန့်ကြီးထံမှ ကူးယူ မျှဝေ ပါသည်။
Zawgyi
မိသားစု တစ္ခု အိမ္တစ္အိမ္ ရဲ႕ စီးပြားေရး ကို လုံး၀ ပ်က္စီးသြားႏိုင္တဲ့ ယိုေပါက္ႀကီး (၆) ခု
ျမတ္စြာဘုရား ေဟာထားတာကေတာ့ ေလာကမွာ စီးပြားေရးပ်က္ရာ ၊ပစၥည္းဥစၥာေတြရဲ႕ ယိုေပါက္ႀကီး ၆ခုဆိုတာပစၥည္းဥစၥာဟာ ဘယ္ေတာ့မွ မတည္ဘူး တဲ့ျမန္မာေတြကေတာ့ ေျပာၾကတယ္“လူမိုက္နဲ႔ေငြ” အတူမေနဘူးတဲ့ ပစၥည္းဥစၥာဟာ
ေပ်ာက္သြားတယ္။ျမတ္စြာဘုရားက ဘာကိုေဟာသလဲ ဆိုရင္ နံပါတ္(၁)က အာလသ် – လူပ်င္းနဲ႔ဆိုရင္ ေငြဟာ အတူမေနဘူးတဲ့။ပ်င္းရိလို႔ရွိရင္ ပ်င္းတယ္ဆိုတာ ပူလြန္းတယ္၊ေအးလြန္းတယ္၊ မိုးခ်ဳပ္လြန္းတယ္၊ ဆာေနေသးတယ္၊ မစားရေသးဘူး၊
စားၿပီးၿပီ၊ ဗိုက္ေလးတယ္ ဆိုတဲ့အခ်က္ေတြကို အေၾကာင္းျပၿပီး အလုပ္ မလုပ္ဘဲနဲ႔ေနတာကို ပ်င္းတယ္ လို႔ေျပာတာေနာ္။ အဲဒီလိုပ်င္းရိမႈဟာလည္း ပစၥည္း ဥစၥာရဲ႕ယိုက်ဖို႔ရာ အေပါက္ တစ္ခုပဲတဲ့။ေနာက္
နံပါတ္(၂)ကေတာ့ ပမာဒတဲ့ – အေပ်ာ္အပါးေတြဘက္ပဲ စိတ္ဝင္ စားတယ္။ေကာင္းက်ိဳး ခ်မ္းသာျဖစ္ဖို႔ စိတ္မဝင္စားဘူး။ လုပ္ငန္းကိုလည္း စိတ္မဝင္စားဘူး။ အေပ်ာ္အပါးေတြကို အၿမဲတမ္း စိတ္ဝင္ စားေနရင္လည္း ပ်က္စီးႏိုင္တယ္။
နံပါတ္(၃)က အႏု႒ာန – လုပ္ငန္းတစ္ခုကို လုပ္တဲ့အခါမွာတက္တက္ႂကြႂကြ မရွိဘူး။ ဝတ္ေက်တမ္းေက်ပဲလုပ္တယ္၊ ေျဖးေျဖးေဆးေဆးပဲ။ slow ေပ့ါ…။သြက္သြက္လက္လက္ လုပ္ရမယ့္ဟာကို သြက္သြက္ လက္လက္ မလုပ္ဘူး။ ပ်င္းပ်င္း ရိရိလုပ္တယ္၊ အဲဒီလိုဟာမ်ိဳး မျဖစ္ရ ဘူးတဲ့။ႀကိဳးႀကိဳး စားစားလုပ္ရမယ္။ အဲဒီေတာ့ ပ်င္းရိျခင္းဟာလည္း ဥစၥာရဲ႕ ယိုေပါက္တစ္ခု။
နံပါတ္(၄)က ကာမဂုဏ္အာ႐ုံေတြထဲမွာ စိတ္ကို လႊတ္ထားၿပီးေတာ့ေပ်ာ္ပါးျခင္းဟာလည္း ပစၥည္းဥစၥာရဲ႕ယိုက်တဲ့ အေပါက္တစ္ခုတဲ့။ နံပါတ္(၅)က မေစာင့္စည္းျခင္း၊ ကိုယ့္စိတ္ကိုလည္း အေစာင့္စည္းဘူး။ကာယကံဝစီကံကိုလည္း မထိန္းသိမ္းမေစာင့္ေရွာက္ဘူး။ကိုယ္က်င့္ တရားကိုလည္း မထိန္းသိမ္း မေစာင့္ေရွာက္ဘူး။ အဲဒါဟာ စီးပြားေရးယိုေပါက္ တစ္ခုပဲ။ နံပါတ္(၆)က အအိပ္ၾကဴးျခင္း၊ ဘယ္ေတာ့ျဖစ္ျဖစ္ အိပ္တာပဲ။
အအိပ္မ်ားေနတယ္၊ အဲဒီဟာလည္းပဲ ပ်က္စီးျခင္းအေၾကာင္း တစ္ခုပဲ။ ခုနကေျပာခဲ့တဲ့ အာလသ်နဲ႔ တႏၵီမွာ အာလသ်ပ်င္းရိတယ္ဆိုတဲ့ေနရာမွာဘာအလုပ္မွ မလုပ္ဘဲေနတာမ်ိဳး၊တႏၵီက်ေတာ့ ျဖစ္ေပၚလာတဲ့
အခ်ိန္ကိုေ႐ႊ႕တာ အၿမဲတမ္းအခ်ိန္ ကိုေ႐ႊ႕ခ်င္တယ္ ။ေစာေသးတယ္၊ အခ်ိန္ေ႐ႊ႕လိုက္တယ္။ ၈နာရီေလာက္ အလုပ္လုပ္ရမွာကို မလုပ္ေသးပါဘူး။၉နာရီမွ လုပ္မယ္။ ၉နာရီက်ေတာ့လည္း၁၀-နာရီက်မွာ သြားေတာ့မယ္။
ဒီလိုအခ်ိန္ေတြကို ေ႐ႊ႕ေ႐ႊ႕သြားတာမ်ိဳးကို ဆိုလိုတယ္။အဲဒီအေပါက္ ၆-ေပါက္ကို ပိတ္ႏိုင္မွတဲ့။ မပိတ္ႏိုင္ လို႔ရွိရင္ ပစၥည္း ဥစၥာဟာ လူေတြနဲ႔ အတူ မရွိႏိုင္ဘူးလို႔ဒီလို ျမတ္စြာဘုရားက ေဟာတယ္။ အဲဒီ လိုေဟာတာေတြဟာ
ကိုယ့္အတြက္ ပစၥဳပၸန္ဘ၀ မွာေကာင္းက်ိဳးရႏိုင္သ လိုသံသရာ အတြက္လည္း ေကာင္းက်ိဳးရႏိုင္တယ္။ မေကာင္းတဲ့ အခ်က္အလက္ေတြကို ေရွာင္ၿပီးေတာ့ေကာင္းတဲ့ အခ်က္ အလက္ေတြကို ကိုယ့္သႏၲာန္မွာ
က်င့္ေဆာင္ဖို႔ အေရးႀကီးတယ္။ယိုေပါက္ႀကီးေတြ ပိတ္ၿပီး စီးပြားလာဘ္လာဘ တိုးတက္ၾကပါေစ။ ပါခ်ဳပ္ ဆရာေတာ္ဘုရားႀကီး)(အခြင့္ေကာင္းကိုယူ ဓမၼစာအုပ္မွ)ကိုသန႔္ႀကီးထံမွ ကူးယူ မွ်ေဝ ပါသည္။