Credit
Unicode
တရုတ်နိုင်ငံက မိန်းကလေးငယ်တစ်ဦးဟာ တရုတ်လူမျိုးတွေ ရေပန်းစားနေတဲ့ Kuaishou platform ပေါ်မှာ သူမဟာ ရေဘဝဲကို စားရန်လုပ်နေတဲ့အချိန်မှာ ၎င်းသတ္တဝါက သူမရဲ့မျက်နှာမှာ ကပ်နေခဲ့တဲ့ ဗီဒီယိုကို မျှဝေခဲ့ပါတယ်။ သူမက “တကယ်နာတယ်။
ကျွန်မ မဖယ်ရှားနိုင်ဘူး” ဆိုပြီး အော်ဟစ်ကာ ရေဘဝဲကို ဖယ်ထုတ်ရန်ရုန်းကန်နေရတဲ့ အချိန်မှာ သူမရဲ့ဘယ်ဘက်ပါးမှာ ရေဘဝဲကိုက်ရာများကျန်ရှိနေခဲ့ပါတယ်။
ဒီတော့ သူမရဲ့မျက်နှာမှာ ရေဘဝဲ ကိုက်ရာကျန်ရှိနေခဲ့တာကြောင့် သတိပြုမိပြီး “ကျွန်မရဲ့ မျက်နှာ ပုံပျက်ပန်းပျက် ဖြစ်သွားပြီ” ဆိုပြီး ငြီးနေခဲ့ပါတယ်။
၎င်းမိန်းကလေးရဲ့ ဗီဒီယိုဟာ တရုတ်နိုင်ငံမှာ အလျင်အမြန်ပျံ့နှံ့သွားပြီး နောက်ပိုင်းမှာတော့ အနောက်တိုင်းလူမှုမီဒီယာများမှာလည်းပါ ၀ င်ခဲ့ပါတယ်။
အချို့သော မှတ်ချက်ပေးသူတွေက “ထိုက်တန်ပါတယ်။ သူမက ရေဘဝဲကို စားဖို့ကြိုးစားခဲ့တာကို ရေဘဝဲလည်း သူမကိုပြန်စားဖို့ကြိုးစားတာနေမာပါ” ဆိုပြီး မှတ်ချက်ပေးခဲ့ပါတယ်။
Credit