နှိုင်းရှင်ဆိုတာနဲ့အခုမှာအောင်မြင်နေတဲ့သူတစ်ယောက်ပါ။
သူမဟာLive saleလေးတွေကနေပရိသတ်အချစ်တွေနဲ့အောင်မြင်လာခဲ့တာဖြစ်ပါတယ်။
သူမရဲခက်ခဲကြမ်းတမ်းတဲ့အချိန်တွေကိုအကောင်းဆုံးကျော်ဖြတ်ရင်းအောင်မြင်လာခဲ့တာပါ။
အခုမှာဆိုသူမဟာLive Saleလေးတွေမှာအောင်မြင်ပြီး အလုပ်တွေများစွာပါကမ်းလှမ်းခံနေရတာပါ။
အခုလိုအောင်မြင်ပေမယ့်လည်းဘဝမေ့သူတစ်ယောက်မဟုတ်ပါဘူး။
လူမှုကွန်ရက်မှာလည်းစာလေးတွေတင်လေ့ရှိပြီးအခုမှာလည်းသူမကြုံတွေ့ခဲ့ရတဲ့လူတစ်ချို့အကြောင်းတွေပြောပြခဲ့တာပါ။
အခုခေတ်မှာလူတစ်ချို့တွေက
ငွေကို အလွယ်တကူ တောင်းလာကြတယ်….ချေးလာကြတယ်….
Cb ထဲ ဖွင့်ကြည့်လိုက်ရင် အဲ့လိုစာတွေချည်းပဲ…မနေ့ကဆို အမျိုးသမီးတစ်ယောက်က ကျွန်မနဲ့အင်ကြင်းကို အရင်းအနှီးထုတ်ပေးပါတဲ့ပြောရဲလိုက်တာ …အရမ်းအံ့ဩမိတယ်
ကိုယ်နဲ့လုံးဝသိကျွမ်းမှု့မရှိပဲ ပြောထွက်လိုက်တာလို့ကျွန်မတို့ ငွေက လွယ်လွယ်ရနေတာမဟုတ်ဘူးနော်
ကျွန်မတို့ ခလေးအမေအနေနဲ့ ခုလိုအချိန်မှာ သူများတွေထက် အဆပေါင်းများစွာ ကုန်းရုန်းကြိုးစားနေရတာ…အိပ်ချိန် တနေ့ 4/5နာရီ သားသမီးနဲ့တွေ့ချိန်တနေ့ 3/4နာရီ….အစားအသောက်ကို မတ်တပ်စား ပြေးရင်းလာရင်း ပြေးလွှားစားပီး ကြိုးစားနေရတာ
ကင်မရာရှေ့ ပြုံးရီပီး လှလှလေး ဝတ်စားထားတာကို အရမ်းသာယာနေတယ်မထင်ကြပါနဲ့….ကျွန်မတို့ တနေ့လူပေါင်းများစွာ စိတ်ပေါင်းများစွာနဲ့ အလုပ်တွေလုပ်နေရတာ ….
အိမ်ကနေ Fb လေးဖွင့် Cb လေးဖွင့်ပီး အေးအေးဆေးဆေး အကူအညီတောင်းနေ အလှုခံမနေကြပါနဲ့….လူတိုင်းကိုကူညီနိုငိမှ ကူညီမယ် လူတိုင်းကို လှုချငိမှ လှုပါမယ်….ကြိုပြောထားတာပါ….ချေးဌားထားတဲ့ သရုပ်ဆောင်တစ်ယောက်လည်း
အိမ်ပေါ်ကို ယောက်ျားကြီးတန်မဲ့ ငိုတော့မယ့်ရုပ်နဲ့ တက်လာပြီး ပိုက်ဆံရဖို့ အကိုအရင်းမကောင်းကြောင်းပါပြောပြီးချေးတယ်….ချေးတဲ့အမောင့်ထက်ပိုပေးလိုက်တယ်….အိမ်ကိုနောက်ကျောပေးတာနဲ့ စာမလာဖုန်းမဆက်မပေးနိုင်တာတောင်တချက် မတောင်းပန်နိုင်ဘူးးးsကြောတင်းချက်….ရပါတယ်….ဒီပိုက်ဆံနဲ့ နောက်ဘဝ ကျွန်ရတယ်လို့
သတ်မှတ်ထားလိုက်တယ်….
ဘယ်သူ့မှနော် ထပ်မချေးတော့ပါ….
အရမ်းပေါက်လာလို့ ထရေးတာ…တော်ရုံမရေးဘူးးသူများပိုက်ဆံ ဆပ်တတ်ရင်ကြေတယ်ကိုဗစ် ပထမ wave မှာသေမှာမကြောက်ပဲ အလုပ်လုပ်ရင်း သူများအကြွေး သိန်း 200 ကျွန်မ အကုန်ပြန်ဆပ်တာ ….ဆိုပြီးပြောပြခဲ့တာပါ။
သတ်မှတ်ထားလိုက်တယ်….