မနေ့ညက ဇာတ်ပွဲကားတိမ်းမှောက်မှုမှာ ကြွေလွင့်ခဲ့ရတဲ့ ဇာတ်မင်းသားလေး ချစ်ငယ်(ရုပ်သံ)

မေန႕ညက ဇာတ္ပြဲကားတိမ္းေမွာက္မႈမွာ ေၾကြလြင့္ခဲ့ရတဲ့ ဇာတ္မင္းသားေလး ခ်စ္ငယ္(ရုပ္သံ)

ရုပ္သံကို ေအာက္ဆံုးတြင္ ေဖာ္ျပထားပါသည္…။

Wai Sar ျမဝတီ – ေကာ့ကရိတ္ အာရွလမ္းမွာ ဇာတ္အဖြဲ႕ကား ေမွာက္လို႔ ၅ ေယာက္ေသဆုံး၊ ဒဏ္ရာရသူမ်ားျပား

ျမဝတီ-ေကာ့ကရိတ္ အာရွလမ္းမွာ ” ပြင့္ေနျခည္ ” ဇာတ္ပြဲကား တိမ္းေမွာက္ၿပီး ၅ေယာက္ေသဆုံးကာ ထိခိုက္ဒဏ္ရာရရွိသူလည္း ၁၀ ဦးထက္မနည္းရွိေနတယ္လို႔ သိရပါတယ္။

ဒီေန႔ ေအာက္တိုဘာလ ၅ရက္ေန႔ညေန ၄ နာရီေလာက္မွာ ဇာတ္အဖြဲ႕ကားက ဘရိတ္ေပါက္ၿပီး အရွိန္မထိန္းႏိုင္ပဲတိမ္းေမွာက္ခဲ့တာျဖစ္တယ္လို႔သိရပါတယ္။

” ေလာေလာဆယ္ ေသတာ ၅ ေယာက္ရွိတယ္၊ အေရးေပၚလူနာက ၁၀ ေယာက္ ၁၅ ေယာက္ေလာက္ရွိမယ္၊

ခုမွ လူနာေတြကို ေဆး႐ုံကို ေတာက္ေလွ်ာက္ပို႔ေနတုန္းပဲ ” လို႔ ကယ္ဆယ္ေရးလုပ္ေနတဲ့ ပရဟိတသမားတဦးက ေျပာပါတယ္။

ကားေပၚမွာ ေယာက်္ားေလး ၂၁ ေယာက္နဲ႔မိန္းကေလး ၇ေယာက်ပါလာတာဖြဈေကြာင်း၊ အဲ့ဒီ ထဲမွာ ေယာက်္ားေလး ၁၅ ေယာက္၊ မိန္းကေလး ၅ ေယာက္၊

အသက္ ၂ ႏွစ္အ႐ြယ္ ကေလးငယ္တို႔က ထိခိုက္ဒဏ္ရာရၿပီး ျပင္းထန္ကာစိုးရိမ္ရၿပီး ၅ေယာက္က ေသဆုံးခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

လက္ရွိမွာ ႐ုပ္အေလာင္းေတြနဲ႔ ထိခိုက္ဒဏ္ရာရရွိသူေတြကို လူမႈကူညီေရးအသင္း ေတြက ျမဝတီေဆး႐ုံကို ပို႔ေဆာင္ေနေၾကာင္း၊ ေသဆုံးသူေတြက အမ်ိဳးသား ေတြခ်ည္းျဖစ္တယ္လို႔သိရပါတယ္။

တိမ္းေမွာက္ခဲ့တဲ့” ပြင့္ေနျခည္ ” ဇာတ္အဖြဲ႕ကားဟာ ေမာ္လၿမိဳင္ၿမိဳ႕က ဇာတ္အဖြဲ႕ျဖစ္ၿပီး ျမဝတီကို ဇာတ္ကဖို႔သြားခ်ိန္ တိမ္းေမွာက္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ျမဝတီ-အာရွလမ္း မွာ အရင္ကလည္း ယာဥ္တိမ္းေမွာက္မႈေတြနဲ႔ ယာဥ္တိုက္မႈ မၾကာခဏဆိုသလို ျဖစ္ပြားေလ့ရွိၿပီး ေသဆုံးသူနဲ႔ဒဏ္ရာရသူေတြလည္းရွိခဲ့ပါတယ္။

unicode

မနေ့ညက ဇာတ်ပွဲကားတိမ်းမှောက်မှုမှာ ကြွေလွင့်ခဲ့ရတဲ့ ဇာတ်မင်းသားလေး ချစ်ငယ်(ရုပ်သံ)

ရုပ်သံကို အောက်ဆုံးတွင် ဖော်ပြထားပါသည်…။

Wai Sar မြဝတီ – ကော့ကရိတ် အာရှလမ်းမှာ ဇာတ်အဖွဲ့ကား မှောက်လို့ ၅ ယောက်သေဆုံး၊ ဒဏ်ရာရသူများပြား

မြဝတီ-ကော့ကရိတ် အာရှလမ်းမှာ ” ပွင့်နေခြည် ” ဇာတ်ပွဲကား တိမ်းမှောက်ပြီး ၅ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူလည်း ၁၀ ဦးထက်မနည်းရှိနေတယ်လို့ သိရပါတယ်။

ဒီနေ့ အောက်တိုဘာလ ၅ရက်နေ့ညနေ ၄ နာရီလောက်မှာ ဇာတ်အဖွဲ့ကားက ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ပဲတိမ်းမှောက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

” လောလောဆယ် သေတာ ၅ ယောက်ရှိတယ်၊ အရေးပေါ်လူနာက ၁၀ ယောက် ၁၅ ယောက်လောက်ရှိမယ်၊

ခုမှ လူနာတွေကို ဆေးရုံကို တောက်လျှောက်ပို့နေတုန်းပဲ ” လို့ ကယ်ဆယ်ရေးလုပ်နေတဲ့ ပရဟိတသမားတဦးက ပြောပါတယ်။

ကားပေါ်မှာ ယောကျ်ားလေး ၂၁ ယောက်နဲ့မိန်းကလေး ၇ယောကျပါလာတာဖွဈကွောငျး၊ အဲ့ဒီ ထဲမှာ ယောကျ်ားလေး ၁၅ ယောက်၊ မိန်းကလေး ၅ ယောက်၊

အသက် ၂ နှစ်အရွယ် ကလေးငယ်တို့က ထိခိုက်ဒဏ်ရာရပြီး ပြင်းထန်ကာစိုးရိမ်ရပြီး ၅ယောက်က သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ရုပ်အလောင်းတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို လူမှုကူညီရေးအသင်း တွေက မြဝတီဆေးရုံကို ပို့ဆောင်နေကြောင်း၊ သေဆုံးသူတွေက အမျိုးသား တွေချည်းဖြစ်တယ်လို့သိရပါတယ်။

တိမ်းမှောက်ခဲ့တဲ့” ပွင့်နေခြည် ” ဇာတ်အဖွဲ့ကားဟာ မော်လမြိုင်မြို့က ဇာတ်အဖွဲ့ဖြစ်ပြီး မြဝတီကို ဇာတ်ကဖို့သွားချိန် တိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မြဝတီ-အာရှလမ်း မှာ အရင်ကလည်း ယာဉ်တိမ်းမှောက်မှုတွေနဲ့ ယာဉ်တိုက်မှု မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပြီး သေဆုံးသူနဲ့ဒဏ်ရာရသူတွေလည်းရှိခဲ့ပါတယ်။

crd

Leave a Comment