Miss Universe Myanmar မှာ Voting အများဆုံးရပေမယ့်လည်း Winner ဆုနဲ့လွဲချော်ခဲ့တဲ့အတွက် ပရိသတ်ကိုတောင်းပန်လာတဲ့ မျိုးကိုကိုစန်:


 


 


 

 

Source: Myo Ko Ko San’s fb

Credit

မျိုးကိုကိုစန်းကတော့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး Transgender တွေ ထဲက တစ်ယောက်ပါ။ပရိသတ်တွေ အထူး သဖြင့် အမျိုးသား ပရိသတ်ေ တွ ကြားမှာ အရမ်းကို ရေပန်းစားသူလေးပါ။ချစ်စရာကောင်းပြီး အချွဲ ပိုသူ လေးမို့ ပုရိသ တွေရဲ့သဲသဲလှုပ်ဝန်းရံအားပေးမှုကို ရထားတာပါ။ Transgander တစ်ယောက် ဖြစ်တဲ့ မျိုးကိုကိုစန်း ကတော့ လက်ရှိမှာ သူအလိုချင်ဆုံးဘဝကို ရရှိသွားခဲ့သလို သူအဖြစ်ချင်ဆုံး လမ်းကြောင်းပေါ် လျှောက်လှမ်းနေသူ တစ်ယောက်ဆိုလည်း မမှားပါဘူး။

အဲ့ဒီအတွက်လည်း မျိုးကိုကိုစန်းဟာ ယခုနှစ်ကျင်းပတဲ့ Miss Universe Myanmar 2022 မှာ မိန်းကလေးအစစ်တွေနဲ့အတူတူ ပါဝင်ယှဉ်ပြိုင်ခဲ့တာပဲ ဖြစ်ပါတယ်။Miss Universe Myanmar 2022 မှာ Voting အများဆုံးရပေမယ့် Winner ဆုနဲ့တကွ အခြားသော ဆုတွေနဲ့လည်း လွဲချော်ခဲ့ရတဲ့ မျိုးကိုကိုစန်းဟာ အားလုံးရဲ့ ပံ့ပိုးမှုရပေမယ့် သူမအနေနဲ့ လိုအပ်ချက်ရှိခဲ့တယ်ဆိုပြီး “အကောင်းဆုံးမလုပ်နိုင်ခဲ့လို့တောင်းပန်ပါတယ် 😬❤️ ❤️” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ တောင်းပန်လာခဲ့ပါတယ်။

မျိုးကိုကိုစန်းကတော့ သူ့ရဲ့စိတ်ကူးအိပ်မက်ထဲက Miss ပြိုင်ပွဲကြီးကို ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့ပြီး ဆုတွေနဲ့ လွဲချော်ခဲ့ရတာကိုတော့ စိတ်မကောင်းပေမယ့် ဖြေသိမ့်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ မျိုးကိုကိုစန်းကိုချစ်တဲ့ ပရိသတ်တွေကတော့ ကိုကို့အတွက် အမြဲတမ်းဂုဏ်ယူနေဆဲပဲဖြစ်ပါတယ်။

Source: Myo Ko Ko San’s fb

Credit

Leave a Comment